လုပ်သားလခပြန်ပေး
BBM ကြက်​သားစက်​ရုံတွင်​ အလုပ်​လုပ်​ကိုင်​​နေကြ​သော မြန်​မာလုပ်​သားများ လုပ်​အားခ အပြည့်​အဝရရှိ​ရေး ​တောင်းဆို​နေကြစဉ်​ (ဓာတ်ပုံ – MWRN)
ထိုင်းနိုင်ငံရှိ စက်ရုံနှစ်ခုတွင် အလုပ်လုပ်ကိုင်နေသော မြန်မာ လုပ်သား ၇၀၀ ကျော်အပေါ် အ ကြောင်းပြချက်အမျိုးမျိုးဖြင့် ဖြတ် တောက်ထားသည့် လုပ်အားခများ ကို စက်ရုံပိုင်ရှင်များက ဒီဇင်ဘာ ၁၂ ရက်၌ ပြန်လည်ပေးအပ်ခဲ့ ကြောင်း သတင်းရရှိသည်။
ထိုင်းနိုင်ငံ ဖစ်ဘူရီနယ်မြေရှိ ကွန်ပျူတာ ပစ္စည်းများထုတ်လုပ် သည့် စက်ရုံတွင် အလုပ်လုပ်ကိုင် နေသော မြန်မာလုပ်သား ၇၀၀ နှင့် နခွန်စီထာမရာ့ခရိုင် ခိုလနယ် မြေရှိ BBM ကြက်သားစက်ရုံ၌ အလုပ်လုပ်ကိုင်နေသော မြန်မာ လုပ်သား ၄၀ ဦးအား အကြောင်းပြ ချက်အမျိုးမျိုးဖြင့် ဖြတ်တောက် ထားသည့် လုပ်အားခများကို ယင်း စက်ရုံပိုင်ရှင်များက ပြန်လည်ပေး အပ်ခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် ရွှေ့ပြောင်းအလုပ်သ မား အခွင့်အရေးကွန်ရက်(MWRN) ဥက္ကဋ္ဌ ဦးစိန်ဌေးက ပြောသည်။

ကွန်ပျူတာပစ္စည်းများထုတ် လုပ်သည့် စက်ရုံတွင် အလုပ်လုပ် ကိုင်နေသော မြန်မာလုပ်သား ၇၀၀ ဦးကို ယင်းစက်ရုံပိုင်ရှင်က ထိုင်းဘတ်ငွေ သုံးသန်းကျော် (ကျပ်ငွေ သိန်းတစ်ထောင်ကျော်) ပေးအပ်ပြီး BBM ကြက်သားစက် ရုံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာလုပ်သား ၄၀ ဦးအတွက် ယင်းစက်ရုံပိုင်ရှင်က ဘတ်ငွေ ၆၈,၀၀၀ ကျော် (ကျပ်ငွေ ၂၃ သိန်းကျော်) အသီးသီးပေးအပ်ခဲ့ ကြောင်း ဦးစိန်ဌေးက ပြောကြား သည်။

‘‘အလုပ်သမားတွေ ခေါင်းပုံ ဖြတ်ခံရတာကတော့ နေရာအနှံ့ မှာ ပုံစံမျိုးစုံနဲ့ရှိနေကြဆဲပါပဲ။ အ ထူးသဖြင့် တစ်ဆင့်ခံ ဆပ်ကန်ထ ရိုက်တွေနဲ့ အလုပ်ရုံတွေမှာ လုပ် ကြတဲ့အခါ စမတ်ခလို့ခေါ်တဲ့ အ လုပ်သွင်းခပေးရတယ်။ ပြီးရင် လ စာထဲက ရာခိုင်နှုန်းနဲ့ဖြတ်တယ်။ ဖျားနာခွင့်ကို ဥပဒေအရ လုပ်အား ခပေးရမှာ မပေးဘူး။ ပြန်တမ်းဝင် ပိတ်ရက်လုပ်အားခ နှစ်ပြည့်နား ရက် ဒါမျိုးတွေ မရဘူး’’ဟု ဦးစိန် ဌေးက ပြောသည်။

ယင်းစက်ရုံနှစ်ခုတွင် လုပ်ကိုင်နေသော မြန်မာလုပ်သားများ က ၎င်းတို့၏ ရပိုင်ခွင့်များ ဖြတ် တောက်ခံရမှုနှင့်ပတ်သက်၍ လာ ရောက်တိုင်ကြားမှုကြောင့် MWRN အဖွဲ့က သွားရောက်ဖြေရှင်းပေး ရာ နစ်နာကြေးများ ပြန်ရရှိခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

Credit:7Day