Bournemouth-coach-Eddie-Howe-Reuters

ချန်ပီယံစိတ်ဓာတ်ကြောင့် လီဗာပူး အသင်းကို နောက်ကနေ လိုက်ကစားပြီး အနိုင်ရတာ ဖြစ်တယ်လို့ ဘုန်းမောက်နည်းပြ အက်ဒီ ဟိုဝီက ပြောပါတယ်။

ဒီဇင်ဘာ ၄ ရက်နေ့က ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးအသင်းဟာ ဘုန်းမောက်အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ ဦးဆောင်နေပြီးမှ ၄ ဂိုး ၃ ဂိုးနဲ့ ရှုံးခဲ့တာပါ။

ဒီပွဲမှာ အသင်းက ချန်ပီယံစိတ်ဓာတ်ရှိတဲ့ အသင်းဆိုတာကို ပြသနိုင်ခဲ့တယ်လို့ နည်းပြက ပြောပါတယ်။

အခုလို အောင်ပွဲရတဲ့နေ့ကို မမေ့နိုင်သလို ကစားသမားတွေအတွက်လည်း ဂုဏ်ယူတယ်လို့ ဆိုပါတယ်။

ဘုန်းမောက်အသင်းဟာ လောလောဆယ် ၁၈ မှတ်နဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၁၀ မှာ ရပ်တည်နေပါတယ်။
Credit:DVB