boy

ချစ်သူ ရှိတဲ့ အမျိုးသားတွေကို စစ်တမ်းကောက်လိုက်တဲ့အခါမှာ ကောင်မလေးတွေ ပြုမူတတ်တဲ့ အသေးအဖွဲ့ကိစ္စရပ်
လေးတွေဟာ ပုရိသတွေကို အမှန်တကယ်စိတ်ပျက်စေကြောင်း ၀န်ခံခဲ့ကြပါတယ်။ စကားများခြင်း၊ ပွတ်တောက်ပွတ်
တောက် ပြောခြင်း၊ မရမကဈေးဆစ်ခြင်း စတဲ့အချက်တွေ ပါဝင်ပါတယ်။boy

ချစ်သူရှိတဲ့ အမျိုးသားတွေဟာ အောက်ပါအချက်တွေမှာလည်း စိတ်ပျက်ကြောင်း ၀န်ခံခဲ့ကြပါတယ်။

(၁) အစားအသောက် သောင်းကျန်းခြင်း

အမျိုးသမီးတွေရဲ့ အထာကတော့ ပထမ ချစ်သူဖြစ်ကာစအချိန်မှာ တို့ကနန်းဆိတ်ကနန်းပဲ စားတတ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ သူတို့စားသမျှ ရှင်းဖို့ ကြုံတဲ့အခါတိုင်း ယောက်ျားလေးတွေခမျာ ဘုရားဘုရားတ,ကြရပါတယ်။ ကိုယ်တွေ့ကြုံခဲ့ရတဲ့ အမျိုးသားက ” သူတို့က စားချိန်သောက်ချိန်နဲ့ ၀ယ်ချိန်ခြမ်းချိန်ဆို သိပ်ကြင်နာတတ်ကြတာ”လို့ ပြောပါ
တယ်။

(၂) အတိတ်က အားနည်းချက်ကို နိုင်ကွက်အဖြစ် အကြပ်ကိုင်ခြင်းcomple
တစ်ခါတလေ အမျိုးသားတွေကလည်း အမျိုးသားတွေပါဘဲလို့ ပြောရမှာပါ။ ချစ်သူသက်တမ်း နုချိန်လေးမှာ သူက ဘယ်
လောက်ချစ်ကြောင်း ပြချင်တော့ အတိတ်မှာ ဖြစ်ပျက်ခဲ့သမျှကို ငယ်ကျိုးငယ်နာပါ မချန် အကုန်ပြောပစ်တတ်ကြပါတယ်။ ဒါကလည်း ခဏပိုင်းတော့ ငါ့မှာ ဘာလျှို့ဝှက်ချက်မှ မရှိဘူးဆိုပြီး အတော်ဂုဏ်ယူစရာပါဘဲ။ နောက်ပိုင်းမှာတော့ ဒီငယ်
ကျိုးငယ်နာတွေက သူတို့ပါးစပ်ထဲမှာ ထေ့လုံး၊ ရွဲ့လုံးတွေ ဖြစ်သွားတော့တာပါဘဲ … ဒါကလည်း စိတ်ပျက်စရာ တစ်မျိုးပါ။

(၃) တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းသွားတဲ့အခါ

ယောက်ျားတွေက သူတို့ဘာသာ ဂျီးလက်တစ်သစ်လောက် ထူအောင် နေချင်နေမယ် .. ချစ်သူကိုတော့ သန့်ရှင်းစေချင်
ကြပါတယ် … ဒါပေမယ့် အမျိုးသမီးတွေကလည်း နှစ်ယောက်သား ချစ်သူဖြစ်လို့ ပွင့်ပွင့်လင်းလင်း ဖြစ်သွားပြီဆိုရင် သူတို့ ဘယ်လို အနေအထိုင် ပတ်စက်ကြောင်းကို မသိသိအောင် ပြတတ်ကြပါတယ်။ ဒီအချက်ကလည်း အမျိုးသားတွေ
စိတ်ပျက်မှုကို ဖြစ်စေပါတယ်။

(၄) ဘူးတစ်လုံးဆောင်ကာ ငြင်းခြင်း
တစ်ခါတလေ တစ်ယောက်နဲ့တစ်ယောက် အချင်းများတဲ့အခါတိုင်း “မင်း ဘာဖြစ်လို့ ဒီလို လုပ်ရတာလဲ” လို့ မေးရင် ”
ကျွန်မ မသိဘူး …” ” ဒါဖြင့် အခုကိစ္စက ဘယ်လိုလုပ် ဖြစ်လာတာလဲ ” … ” ကျွန်မ မသိပါဘူးဆို … ” … ” ဟုတ်ပြီ .. ဒါဆို မင်း အခုဖြစ်နေတဲ့ ပြဿနာကိုတော့ ရိပ်ဖမ်းသံဖမ်းတော့ သိပြီမလား ” … ” မသိဘူး … လုံးဝ မသိဘူး “ဆိုပြီး သိရဲ့သားနဲ့ မသိဘူး ဇွတ်ငြင်းတာမျိုးတွေကလည်း အမျိုးသားတိုင်း ဦးနှောက်ခြောက်စေတဲ့ အပြုအမူတွေပါ။
(၅) ချက်ချင်း ပြုံးနိုင်သလို၊ ချက်ချင်း စိတ်ကောက်နိုင်ခြင်း
တစ်ခါတလေ သူတို့ ကြည်ဖြူတဲ့ဟာမျိုး အမျိုးသားတွေက လုပ်လာခဲ့ရင် ပါးစပ်က တော်လိုက်တာ ဘာညာနဲ့ ချီးကျူး
တတ်ကြပါတယ် .. အဲဒီအခြေအနေမှာ သူမကြိုက်တာ တစ်ခုပါ အကျိုးဆက်အနေနဲ့ ပါလာတယ်ဆိုတာ သိလို့ကတော့ သုံးရက်လောက် စကားမပြောဘဲလည်း နေနိုင်ကြသလို၊ ငါးရက်လောက် ထမင်းမချက်ပဲနဲ့လည်း အရွဲ့တိုက်နိုင်ပါတယ်။

Credit:Shwemom

source : metro.co.uk