Dhamma Labha

ဗုဒ္ဓ မြတ်​စွာရဲ့ ထူးကဲတဲ့ ရှာ​ဖွေ​တွေ့ရှိမှု တစ်​ခုက​တော့ ကျွနု​ပ်​တို့ဟာ
ဝေဒနာ​တွေကို တုံ့ပြန်​ပြီး တဏှာကို ဖြစ်​​ပေါ်လာ​စေတယ်​ဆိုတာပါပဲ။
ဒီအချက်​ကို ဗုဒ္ဓမတိုင်​မီ ဗုဒ္ဓရှိဆဲနဲ့ ရှိပြီးကာလမှာ ရှိ​နေကြတဲ့
ဆရာကြီး​တွေက မသိရှိကြပါဘူး။ မြတ်ဗုဒ္ဓမပွင့်​မီနဲ့ မြတ်​ဗုဒ္ဓရဲ့
ခေတ်​ပြိုင်​ကာလမှာ ရှိကြတဲ့ ဆရာကြီး​တွေက အာရုံခံတံခါး​ပေါက်
တွေနဲ့ လာ​ရောက်​ထိ​တွေ့ကြတဲ့ အာရုံ​တွေကို မတုံု့ပြန်​ကြဖို့ အမြဲပဲ
တိုက်​တွန်း​လေ့ရှိပါတယ်​။ မျက်​စိနဲ့အဆင်း၊ နှာ​ခေါင်းနဲ့အနံ့၊ နားနဲ့
အသံ အစရှိသည်​တို့ ဖြစ်​ပါတယ်​။
သူတို့က “အာရုံ​တွေနဲ့ မိမိတို့ရဲ့စိတ်​ ထိ​တွေ့မိတဲ့အခါမှာ အ​ကောင်း
အဆိုး ​ဝေဖန်​ပြီး မတုံ့ပြန်​ကြဖို့ ​လောဘ သို့မဟုတ်​ ​ဒေါသနဲ့
မတုံ့ပြန်​ကြဖို့ ” သင်​ကြား​ပေးခဲ့ကြပါတယ်​။

ဒီသင်​ကြားပို့ချချက်​ဟာ ရှင်​​တော်​မြတ်​ ပွင့်​​တော်​မမူခင်​ကတည်းက
ရှိ​နေခဲ့တာပါ။ ဒါ​ပေမဲ့ ဗုဒ္ဓက တကယ်​​တော့ သင်​တို့ဟာ
ဒီအာရုံ​တွေကို တုံ့ပြန်​​နေတာ မဟုတ်​ဘူးလို့ မိန့်​​တော်​မူပါတယ်​။
ကြိုးနဲ့အတူ ချည်​​နှောင်​ထားတဲ့ နွားနက်​တစ်​ကောင်​နဲ့ နွားဖြူ
တစ်​​ကောင်​ကို ဥပမာ​ပေး​တော်​မူပါတယ်​။
(တစ်​​ကောင်​က အာရုံခံတံခါး​တွေကို ကိုယ်​စားပြုပြီး ​နောက်​တစ်​​ကောင်​က အာရုံ​တွေကို ကိုယ်​စားပြုပါတယ်​) နွားနက်​​ရော
နွားဖြူပါ အ​နှောင်​အဖွဲ့ မဟုတ်​ကြပါဘူး။ ကြိုးသာလျှင်​ အ​နှောင်​အဖွဲ့ပါ။ တဏှာဆိုတဲ့ကြိုးကသာ အ​နှောင်​အဖွဲ့ပါ။ ပြီး​တော့
ဒီတဏှာဆိုတဲ့ ​လောဘနဲ့ ​ဒေါသတို့က ​ဝေဒနာ​တွေကို တုံ့ပြန်​လို့သာ
ဖြစ်​​ပေါ်လာရတယ်​လို့ ဗုဒ္ဓမြတ်​စွာက မိန့်​​တော်​မူပါတယ်​။
ဝေဒနာ ပစ္စယာ တဏှာ ( Vedana paccaya tanha )။

Credit:Dhamma Labha