E-Cigarettes

ဆေးလိပ် ဖြတ်ရာတွင် အသုံးပြုသည့် E-Cigarettes အတွင်း ထည့်သွင်း သောက်သုံးသည့် အရသာအရည် အချို့သည်လည်း လူတို့ကို ဒုက္ခပေးနိုင်သည့် အဆိပ်အတောက်များ ဖြစ်ပေါ်တတ်ကြောင်း အမေရိကန် သုတေသီများက ထုတ်ပြန်ကြေညာခဲ့ကြောင်းသိရသည်။

ယခုအခါ လူကြီးလူငယ် မရွေးသောက်သုံးနေသည့် E-Cigarettes အမည်ရှိ အားသွင်း ၍ သောက်သုံးရသောဆေးလိပ်အတုတွင် ထည့်သွင်းသောက်သုံးရသည့် အရည်အချို့တွင် ပါဝင်သည့် ဓာတုနည်းဖြင့် ဖန်တီးထားသောအရည်များသည် အပူနှင့် ဓါတ်ပြုပြီးနောက် လူ၏ အရေးအကြီးဆုံး ခန္ဓာကိုယ် အစိတ်အပိုင်းများဖြစ်သည့် နှလုံး ၊ ကျောက်ကပ် ၊ အဆုတ်စသည့်တို့ကို ပျက်စီစေနိုင်သည့် အဆိပ်အတောက်များကို ဖြစ်ပေါ်စေနိုင်ကြောင်း အမေရိကန်နိုင်ငံ ဓာတုဗေဒအဖွဲ့အစည်းမှ ထုတ်ပြန်ကြေ ညာခဲ့ပြီး E-Cigarettes တွင် ထည့်သွင်းသောက်သုံးရသောအရည်များ၌ အရသာ မထည့်သွင်းထားသော အရည်များထက် အရသာထည့်သွင်းထားသော အရည်များက လူကိုဒုက္ခပေးစေနိုင်သည့် အဆိပ် အတောက်များ ပိုမိုထွက်ရှိကြောင်းပညာရှင်များက ထုတ်ပြန်ခဲ့ကာ E-Cigarettes ကို စွဲမြဲစွာသောက် သုံးပါကလည်း ဆေးလိပ်သောက်သုံးသည့် လူများနည်းတူရောဂါများကို ခံစားရနိုင်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည် ။

E-Cigarettes သည် ၂၀၁၅ ခုနှစ်တွင် ဆေးလိပ်ဖြတ်လိုသည် လူငယ်များ ကြားရေပန်းစားလာခဲ့ပြီး ထို့နောက် အမျိုးသားအမျိုးသမီးမရွေး သောက်သုံးနိုင်သည့် ကိုယ်နှစ်သက်ရာ အရသာတို့ကို ထည့်သွင်း ထားသည့် E-Cig တို့လည်း ထွက်ရှိခဲ့ကာ အမေရိကန်နိုင်ငံ၌ လူငယ်များ၏ တစ်ဝက်ခန့်က E-Cig ကို နှစ်ခြိုက်စွာအသုံးပြုလျက် ရှိကြောင်းသိရသည်။

Credit: ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/