ပလပ်စတစ် ဆာဂျာရီ

ပလပ်စတစ် ဆာဂျာရီ မလုပ်ခင် စဉ်းစားရမယ့်အချက်တွေ
ခွဲစိတ် ပြုပြင်မှုတွေကတော့ စုံလို့ပါပဲ။ ရင် လား၊ တင်လား၊ လည်ပင်းလား၊ နှာခေါင်း လားပေါ့။ မင်းသမီးKaley Cuoco က တော့ သူ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို ခွဲစိတ်ပြုပြင်ခဲ့တာတွေအပေါ် ဘာနောင် တမှ မရှိသလို၊ မှန်လားမှားလား ဒွိဟစိတ် မျိုးလည်း မရှိပါဘူးတဲ့။ သူ့ရဲ့ ခွဲစိတ်ပြုပြင် မှုတွေထဲမှာ ရင်ဘတ်နဲ့ပတ်သက်တဲ့ ခွဲစိတ် ပြုပြင်မှုကတော့ အကောင်းဆုံးလို့ ပြောရ မှာပါ။
ဒါကို ယောကျာ်းတစ်ယောက်အ တွက် ဒါမှမဟုတ် တစ်ယောက်ယောက်အ တွက် ရည်ရွယ်ပြီး လုပ်သင့်တယ်လို့ မထင် ပါဘူး။ ခွဲစိတ်ပြုပြင်တယ်ဆိုတာက ကိုယ့် ကိုယ်ကို ယုံကြည်စိတ်ခံစားရဖို့ပါ။ ဒါက တကယ် မိုက်ပါတယ် လို့ မင်းသမီးက ပြောပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပလပ်စ တစ်ဆာဂျရီလုပ်တယ်ဆိုတာ ဘဝအတွက် အပြောင်းအလဲ ( ကောင်းတဲ့ဘက်ဖြစ် ဖြစ် ဆိုးတဲ့ဘက် ဖြစ်ဖြစ်)တစ်ခု ဖြစ်နိုင်တာမို့ ပေါ့တန်တန် ဆုံးဖြတ်ချက်မချမိဖို့တော့ လို ပါတယ်။ပလပ်စတစ် ဆာဂျာရီ
ဒီတော့ ဓား အောက် အရောက် မခံခင် သင့် ဘာသာသင် ဖြေကြည့်သင့်တဲ့ မေးခွန်းလေးတွေ ပေးထားပါတယ်။
သင့်ခန္ဓာရဲ့ ကြီးထွားပြောင်းလဲမှု နောက်ဆုံးအခြေအနေက ဘယ်တုန်း ကလဲ
ပုံမှန်အတိုင်း ပြောင်းလဲနေသေး တယ်၊ လှုပ်ရှားဖြစ်တည်မှုတွေ ရှိနေသေး တယ်ဆိုရင် ဒီခန္ဓာကို တစ်ခုခု ခွဲစိတ်ပြု ပြင်ဖို့ ဆုံးဖြတ်တာဟာ အဓိပ္ပါယ်မရှိပါဘူး တဲ့။ သင့်ရဲ့ ဘော်ဒီအလေးချိန်၊ အရပ်အ မြင့်နဲ့ ရင်ဘတ်အရွယ်အစားတွေဟာ တစ် ခုခု လုပ်ရင်ကောင်းမလားလို့ သေချာစဉ်း စားခန်းမဝင်ခင်အနည်းဆုံးတစ်နှစ်လောက် အတွင်းမှာတစ်ညီတည်းဖြစ်နေသင့်ပါတယ် လို့ နယူးယောခ်မြို့အခြေစိုက် ခွဲစိတ်ပါရဂူ တစ်ယောက်က ဆိုထားပါတယ်။
ဘယ်ဟာကို ခွဲစိတ်ပြီး ပြုပြင်ချင် တာလဲ

သင့်မှာ ဘယ်ဟာကို ဘယ်လိုမျိုးဖြစ် ချင်တယ်ဆိုတဲ့ သေချာတိကျတဲ့ စိတ်ကူး ရှိသင့်ပါတယ်။ ဥပမာ နှာခေါင်းခွဲစိတ်ပြု ပြင်ချင်တာဆိုပါတော့။ ဒါက မျက်နှာပေါ် က တခြားအင်္ဂါ အစိတ်အပိုင်းတွေကြား ပိုဟန်ချက်ညီပြီး လှပသွားအောင်၊ နောက် အသက်ရှုရတာ ပိုအဆင်ပြေအောင် ဆိုတဲ့ ရလဒ်မျိုး၊ ကြီးထွားနေတဲ့ရင်ဘတ်ကို အရွယ်အစားလျှော့ချချင်တာမျိုးဆိုလည်း ရင်ဘတ်ကြီးလွန်းလို့ ဖြစ်နေတဲ့ သက် သောင့်သက်သာ မဖြစ်မှုတွေကို ဖြေလျှော့ ပေးတာမျိုးလို သင့်ခန္ဓာကို ပုံမှန်အတိုင်း ပိုပြီးနေသာအောင် ပြဿနာတွေကို ဖြေရှင်းချင်တဲ့သဘောမျိုးဖြစ်ဖို့ ကောင်းပါ တယ်။ သင်က တစ်ခုခု အပြောင်းအလဲ လုပ်လိုက်ချင်တယ်။ ဒါက သင့်ကိုယ်ကို ယုံကြည်မှုတက်သွားစေတယ်၊ မိုက်သွား တယ်လို့ ခံစားသွားရစေတယ်ဆို အိုကေ ပါတယ်။ ဒီလိုမဟုတ်ဘဲ ကိုယ့် ရုပ်ကို မ ကြိုက်တာတစ်ခုကလွဲပြီး ဘာကို ခွဲစိတ် ပြုပြင်လိုက်ချင်တယ် ဆိုတဲ့ ရေရာမှုမျိုး မရှိဘူးဆိုရင်တော့ ဒီအထိ လုပ်ဖို့ မသင့် ပါဘူး။ လူတိုင်း ခွဲစိတ်ပြုပြင်နေကြတယ် လို့ဆိုတဲ့ ပေါ်ပျူလာဖြစ်တဲ့ ရွေးချယ်မှုအ နေနဲ့တော့ မလုပ်သင့်ပါဘူးတဲ့။ သင့်အ နေ နဲ့ တစ်ခုခုကို ပြဿနာတစ်ခုအနေနဲ့ အချိန်အကြာကြီး ခံစားနေရမယ်၊ ဒါကို စိတ်မသက်မသာဖြစ်မယ် ဆိုရင်တော့ ပ လပ်စတစ်ဆာဂျရီက ဒီပြဿနာကို ဘယ် လို ဖြေရှင်းပေးနိုင်မလဲဆိုတာ အဖြေရှာ တိုင်ပင်ကြည့်သင့်ပါတယ်။ တကယ်တော့ ခွဲစိတ်ပြုပြင်တယ်ဆိုတာက သင့်ဘဝနေ ထိုင်မှုမှာ ပိုပြီး ကောင်းမွန်အဆင်ပြေစေဖို့၊ ပျော်ရွှင်တက်ြွကမှုရှိစေဖို့ပါ။
ဘာကြောင့် ပလတ်စတစ်ဆာဂျရီ လုပ်ချင်တာလဲ

သင့်ခန္ဓာအစိတ်အပိုင်းတစ်ခုခုကိုအ ပြောင်းအလဲလုပ်လိုက်ဖို့ စိတ်အားတက်ြွကနေတယ်ဆိုပေမယ့် ဒါက သင် မျှော် လင့်ထားတဲ့အောင်မြင်တဲ့ရလဒ် တစ်ခု နဲ့ တစ်သက်တာလုံး ရသွားနိုင်တဲ့နောင်တ တို့ အကြား ကွဲပြားမှုတစ်ခုတော့ ဖြစ်စေမှာ နော်။ ကိုယ့်ချစ်သူကို ကိုယ့်လက်ထဲမှာပဲ ဖမ်းဆုပ်ထိန်းသိမ်းထားနိုင်ချင်တာအတွက်၊ ဆိုရှယ်အသိုင်းအဝန်းမှာ ဝင်ဆန့်နိုင်ချင် တာအတွက်၊မင်းသမီးတစ်ယောက်ယောက် နဲ့ တူချင်တာအတွက်နဲ့၊ ဒါမှမဟုတ် အ လုပ်ပြုတ်သွားလို့၊ ကွာရှင်းလိုက်ရလို့ စိတ် ဖြေတဲ့အနေနဲ့ တစ်ခုခု ကြီးကြီးမားမား လုပ်ပစ်လိုက်မယ်ဆိုတဲ့အတွေးမျိုးတွေ နဲ့ တော့ ဓားအောက် ပြေးဝင်ဖို့ မစဉ်းစား လိုက်ပါနဲ့။ ဒါက ကိုယ်အမှန်တကယ် လုပ် ချင်စိတ်ရှိနေပြီး ကိုယ့်အတွက် တကယ် အကျိုးရှိသွားမယ်လို့ ယုံကြည်တယ်ဆိုတဲ့ အခါမျိုးမှသာ ပလပ်စတစ်ဆာဂျရီကို ရွေး ချယ်ပါ။
ဘာကို မျှော်လင့်တာလဲ

တကယ်လို့ သင်က ဂျိုလီရဲ့ နှုတ် ခမ်းဖူးဖူးလေး ဒါမှမဟုတ် ကယ်လီရဲ့ ချပ် ရပ်တဲ့ ဗိုက်သားပြင်ကို စိတ်ကူးယဉ်နေတာ ဆိုရင်တော့ အဲဒီအကြံအစည်ကို လက် လျှော့လိုက်ပါ။ ပလပ်စတစ်ဆာဂျရီဟာ ရှိပြီးသားသင့်ခန္ဓာကိုယ်အချိုးအစားအပေါ် မှာသာ အလုပ်လုပ်နိုင်တာဖြစ်ပြီး သင့်ပုံ နဲ့ လုံးဝခြားနားနေတဲ့ လူသစ်တစ်ယောက် ပုံကိုတော့ ပေးနိုင်မှာ မဟုတ်ပါဘူးလို့ ကျွမ်းကျင်သူများက ဆိုပါတယ်။ မဖြစ်နိုင် တဲ့ မျှော်လင့်ချက်တွေနဲ့ ဓားအောက် ဝင်မ လာချင်ပါနဲ့လို့ သူတို့က တိုက်တွန်းထား တာပါ။ ဒါကြောင့် ပလပ်စတစ်ဆာဂျရီ လုပ်ဖို့ စဉ်းစားတဲ့အခါ ဆေးခန်းတွေက စီစဉ်ထားတဲ့ ဒစ်ဂျစ်တယ်စက်နဲ့ပဲ ဘာကို ပြင်ရင် ဘယ်ပုံထွက်နိုင်မယ်ဆိုတဲ့ ခန့်မှန်း ရုပ်သွင်ကို ကြည့်ပြီး ဆက်လုပ်သင့်မလုပ် သင့် ဆုံးဖြတ်ရမှာပါ။
ပြီးတဲ့အခါ သင့်ကိုယ်သင် မေးခွန်း ထုတ်ရမှာက မှန်ကြည့်လိုက်တဲ့အခါ မြင်ရ မယ့် သင့်ရဲ့ အပြောင်းအလဲကို သင် ဘယ် လိုခံစားရမှာလဲဆိုတာပါ။ ရတယ်၊ ဒီအ ပြောင်းအလဲကိုသာ လိုချင်တာပါဆိုရင် တော့ ဆက်သွားလို့ ရပါပြီ။ မဟုတ်ဘဲ စိတ်ထဲ ချီတုံချတုံဖြစ်နေမယ်ဆိုရင်တော့ အချိန်နည်းနည်း ထပ်စောင့်လိုက်ပါ။
သင်ဖြစ်ချင်တာကို ကိုယ့်ဘာသာ နည်းမျိုးစုံနဲ့ ကြိုးစားပြီးပြီလား

ပြောချင်တာကတော့ ခွဲစိတ်ပြုပြင် တယ်ဆိုတာ နည်းမျိုးစုံနဲ့ ကြိုးစားအပြီး ဖြစ်မလာတဲ့အခါမှသာ လုပ်သင့်တဲ့အရာ လို့ပါ။ လေ့ကျင့်ခန်းလုပ်တာ၊ အဟာရပြည့် တဲ့ ဒိုင်းယက်တွေလုပ်တာနဲ့ တခြား စိတ် ပိုင်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာ တွေကို အဖြေရှာတာမျိုးတွေနဲ့ ကိုယ် လို ချင်တဲ့ပုံစံရဖို့ အရင် ကြိုးစားသင့်ပါတယ်။ ပိန်ချင်လို့၊ ဝချင်လို့၊ အဆီထုတ်ချင်လို့စ တဲ့ ပြဿနာတွေက ခွဲစိတ်ပြုပြင်တဲ့အဆင့်ကနေ မစသင့်တဲ့ အရာတွေပါ။
ဖြစ်လာနိုင်တဲ့ပြဿနာတွေကို သိ သလား

ဒါက သေနိုင်တဲ့ပြဿနာပါ။ ရှား ရှား ပါးပါးဖြစ်စဉ်ပေမယ့် တကယ့် အဓိ ကကျတဲ့ အရေးကြီးတဲ့ ခွဲစိတ်ပြုပြင်မှုမျိုး တွေမှာ သေနိုင်လောက်တဲ့ အနေအထား ရှိနေပါတယ်။ တခြားဖြစ်နိုင်တဲ့ပြဿနာ တွေကတော့ ပိုးဝင်တာ၊ သွေးထွက်လွန် တာ၊ ဒဏ်ရာကျန်တာ၊ သွေးခဲတာမျိုးတွေ ပေါ့။ ဒါ့အပြင် လူနာ ၅ ရာခိုင်နှုန်းလောက် က ဆာဂျရီထပ်လုပ်ချင်တဲ့ ဆန္ဒရှိကြပါ သတဲ့။ ဘာလို့လည်းဆိုတော့ ရလဒ်ကို မ ကျေနပ်ကြလို့ပါလို့ ပါရဂူတွေက ဆိုပါ တယ်။ ပြန်ပြင်ရတဲ့ ဆာဂျရီတွေကလည်း ဈေးကြီးသလို နာလည်း ထပ်နာမှာပါ။ ရ လဒ်ကိုလည်း အာမမခံနိုင်ဘူးလေ။ တ ကယ်လို့ သင်က ဆေးလိပ်သောက်တတ် သူဆိုရင် ဆေးလိပ်မဖြတ်မချင်း နီးနီးနား နား လမ်း လျှောက်နိုင်ဖို့တောင် မလွယ်ပါ ဘူးတဲ့။ နီကိုတင်းက သွေးလည်ပတ်မှုကို အတားအဆီးဖြစ်စေတာကြောင့်ပါ။ ဒီ တော့ ဆာဂျရီလုပ်တာ ဘာအကျိုးရှိသေး လို့လဲ ကွန်ပလိန်းတက်ချင်စရာပဲပေါ့။
အိမ်စာလုပ်ပြီးပြီလား
=============
ဒါကတော့ ပလပ်စတစ်ဆာဂျရီအ တွက် ကြိုတင်စာရင်းမသွင်းမီ အိမ်မှာ ချ လုပ်ရမယ့် စာရင်းတွေပါ။ ဘယ်လိုခွဲစိတ် မှုမျိုး လိုချင်တာလဲ။ ဘယ်လောက်ကုန်မှာ လဲ။ အလုပ်ကနေ ခွင့်အလုံအလောက်ရ မှာလား။ ဆာဂျရီပြီးသွားတဲ့အခါ ဘယ်သူ က အနားမှာ စောင့်ရှောက်နေမှာလဲ။ တစ် ခုခုမှားသွားတဲ့အခါ ဒါကို ပြန်ပြင်ဖို့ တတ် နိုင်သလား။ ဒါတွေတစ်ခုချင်းကို ပြန်ဖြေ ကြည့်ပြီး သေချာ စဉ်းစားပါ။ သေချာတဲ့ အဖြေတွေ ရှိနေပြီဆိုရင်တော့လည်း စာ ရင်းသွင်းလိုက်ပေတော့ပေါ့။

Beauty Tips section
Story Writer – Sai Nyi
Credit:now!magazine,Issue 472