Jennifer Elkington

 

လွန်ခဲ့တဲ့နှစ်ပေါင်း 2000 ကျော်လောက်ကတည်းက ခဲသတ္ထုနဲ့ ဖန်တီးထားတဲ့ စာအုပ်ကဲ့သို့သော  ခဲပြားစာအုပ် အရာဝတ္ထုကို လိုဏ်ဂူတစ်ခုထဲကနေ အစ္စရေးအဖိုးအိုတစ်ဦးက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ကျွမ်းကျင်သူတွေရဲ့ အဆိုအရ အဆိုပါခဲပြားစာအုပ်မှာ ခရစ်တော်ပေါ်ပြီးနောက် သိပ်မကြာခင်မှာ ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

သတ္ထုရွက်တစ်ခုနဲ့တစ်ခုကို သံကွင်းနဲ့ခပ်ကာ စာအုပ်ပုံစံ ဖန်တီးထားတာဖြစ်ပြီး ဂျော်ဒန်နိုင်ငံရှိ ဂူတစ်ခုထဲမှာ 2008 ခုနှစ် ၀န်းကျင်က ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ခဲပြားတွေမှာ ရေထိုးထားတဲ့ ဘာသာစကားတွေကို ဘာသာဗေဒ
ကျွမ်းကျင်သူတွေက လေ့လာပြီး ဒါဟာ ခရစ်တော်ပေါ်ပြီးနောက် သိပ်မကြာခင်မှာ ပြုလုပ်ခဲ့တာလို့ အတိအလင်း ဆိုခဲ့ပါတယ်။

အဆိုပါ သတ္တုစာအုပ်ကို David နဲ့ Jennifer Elkington တို့က 2009 ခုနှစ်ကတည်းက ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် အစွန်းရောက်ခရစ်ယာန်အသိုင်းအ၀န်းက ဒါဟာ အတုကြီးလို့လည်း စွပ်စွဲပုတ်ခတ်မှုတွေ ပြုလုပ်တာ ခံခဲ့ရပါသေးတယ်။Jennifer Elkington

အဆိုပါ သတ္တုစာအုပ်ကို အစ္စရေးလူမျိုးတစ်ဦးဖြစ်တဲ့ Hassan Saeda က သူရဲ့ဖခင် (မူလရှာဖွေတွေ့ရှိသူ)မှ တစ်ဆင့်
သူ့ကိုပေးခဲ့တာဖြစ်ပြီး မူးရင်း ရှာဖွေတွေ့ရှိခဲ့တယ် လိုဏ်ဂူကိုတော့ မသိခဲ့ရဘူးလို့ ဆိုပါတယ်။ Hassan ဆီကမှတစ်ဆင့် သတ္တုစာအုပ်ဟာ David နဲ့ Jennifer Elkington ဆီကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။
David က အခုအချိန်မှာတော့ အဲဒီစာအုပ်ကို မှောင်ခိုသမားတွေ လက်ထဲမရောက်အောင် ကာကွယ်နေရကြောင်း ပြောခဲ့ပါတယ်။ 2011 ခုနှစ်မှာ David ဟာ အဲဒီသတ္တုစာအုပ်ကို BBC ရုပ်သံကနေ ရှာဖွေတွေ့ရှိထားကြောင်း တင်ဆက်ခဲ့ပြီး၊ သမိုင်းနဲ့ပတ်သက်တဲ့ စကောလားကျောင်းသားအချို့ လာရောက်လေ့လာခဲ့ပါသေးတယ်။Jennifer Elkington

ဒါပေမယ့် နောက်ပိုင်းမှာတော့ အဆိုပါ ခဲသတ္တုပြားကို အတုဆိုပြီး တစ်ချို့က သတင်းထုတ်လွှင့်ခဲ့ကြပါတယ်။ ဒါပေမယ့် ကျွမ်းကျင်ပညာရှင်တွေရဲ့ ဓာတ်ခွဲစမ်းသပ်မှုတွေအရတော့ ဒါဟာ အတုမဟုတ်ပဲ တကယ်ကို လွန်ခဲ့တဲ့နှစ်ပေါင်း 2000
လောက်ကတည်းက ခပ်နှိပ်ခဲ့တဲ့ သတ္တုပြားတွေဖြစ်ကြောင်း အဖြေထွက်လာခဲ့တာ ဖြစ်ပါတယ်။
source : thesun.co.uk
Credit:Shwemom