ဂျနီဖာလောရန့်စ်
ဂျနီဖာ လောရန့်စ် အင်တာဗျူးတစ်ခုမှာ သူမကိုယ်တိုင် ပြောခဲ့တာပါ။

အသက် ၂၆ နှစ်အရွယ် ဂျနီဖာလောရန့်စ်ဟာ ရုပ်သံစကားဝိုင်းတစ်ခုမှာ မိသားစုပုံတစ်ပုံကိုပြရင်း သူမရဲ့လျှို့ဝှက်ချက်ကို ပြခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံထဲမှာ ရှေ့မှာ သူမရဲ့မိခင်ကထိုင်နေပြီး သူမက ထိုင်နေတဲ့ပုံပါ။
“တကယ်တော့ အဲဒီပုံထဲမှာ ကျွန်မ ရှူးပေါက်နေတာ။ အမေက လုံးဝမသိဘူး” လို့ ဂျေလော်က ပြောခဲ့ပါတယ်။

ဂျနီဖာလောရန့်စ်
“ကျွန်မက ရှူးပေါက်ချင်တယ်။ ကျွန်မ ရှူးပေါက်ချင်မှန်းသိတော့ ကျွန်မသူငယ်ချင်းက ဖုံးကောက်ကိုင်လိုက်တယ်။ ဒါပေမဲ့ အမေ့ကိုတော့ အဲဒီအကြောင်းမပြောဘဲနေဖို့ ကျွန်မတို့နှစ်ယောက်စလုံး ဆုံးဖြတ်လိုက်တယ်” လို့ သူမက ဆိုခဲ့ပါတယ်။
“ဘယ်လိုလုပ်ရမလဲဆိုတာ ကျွန်မသိတယ်။ ခဏခဏလည်း လုပ်တယ်” လို့ ဂျေလော်က ဆိုပါတယ်။
ဂျနီဖာလောရန့်စ်ဟာ တကယ်ပဲ ဓာတ်ပုံတိုင်းမှာ ရှူးခိုးပေါက်သလားဆိုတာတော့ မသိပါဘူး။ ဒါပေမဲ့ မကြာသေးခင်ကတော့ သူမဟာ ဟာဝိုင်အီက အထွတ်အမြတ်ကျောက်တုံးတစ်တုံးနဲ့ သူမရဲ့တင်ပါးကို ကုတ်မိခဲ့တဲ့အတွက် တောင်းပန်ခဲ့ရပါတယ်။ဂျနီဖာလောရန့်စ်
ဟောလိဝုဒ်မင်းသမီး ဂျနီဖာလောရန့်စ်နဲ့ ခရစ္စပရတ်တို့ ရိုက်ကူးထားတဲ့ Passengers ဆိုတဲ့ သိပ္ပံအချစ်ဇာတ်ကားတစ်ကားဟာ ဒီလအတွင်းမှာပဲ ရုံတင်တော့မှာ ဖြစ်ပါတယ်။
Source & Photos : Metro
Credit:Duwun