ခွဲစိတ်ပြုပြင်ယူခဲ့သည့် အမျိုးသား

ကနေဒါ နိုင်ငံ၊ တော်ရွန်တိုမြို့က အ သက်၂၀အရွယ် အမျိုးသားစတက်ဖ်ဆန် ဂျာတီက ရန်ပုံငွေဒေါ်လာ ၄၅၀၀၀ ရှာ ပြီး နွဲ့နှောင်းလှပတဲ့ အမျိုးသမီးအသွင်အ ပြင်နဲ့ လူတကာငေးယူရအောင် ဆွဲညှို့ အားပြင်းပြင်းနဲ့ဖမ်းစားနိုင်တဲ့ အမျိုးသမီး မျက်နှာသွင်ပြင်အဖြစ် ခွဲစိတ်ပြုပြင်ပြောင်း လဲနိုင်ခဲ့ပါတယ်။ စတက်ဖ်က GoFund Me ဆိုတဲ့ ရန်ပုံငွေရှာဖွေမှုပြုလုပ်ခဲ့ပြီး သူရဲ့အမျိုးသားဆန်တဲ့ မျက်နှာသွင်ပြင် ကနေ သူအကြိုက်ဆုံးအမျိုးသမီးမျက်နှာ သွင်ပြင်ပုံစံအတိုင်း ခွဲစိတ်မှုခံယူခဲ့တာဖြစ် ပါတယ်။

 

Facial Feminisation Surgery ဆိုတဲ့ မျက်နှာသွင်ပြင်ခွဲစိတ်ပြုပြင် မှုကို လုပ်ခဲ့တာဖြစ်ပြီး ရန်ပုံငွေစုဆောင်း စဉ်က ကတိပြုခဲ့တဲ့အတိုင်း ခွဲစိတ်မှုခံယူ ပြီးနောက် နေ့စဉ်နေ့တိုင်း ခံစားနေခဲ့ရတဲ့ နာကျင်မှုတွေ၊ တဖြည်းဖြည်းပြောင်းလဲ လာတဲ့ မျက်နှာသွင်ပြင်အတွက် ပေးဆပ်ရ တဲ့အတွေ့အကြုံတွေကို လေ့လာသိရှိလို သူတွေအတွက် အွန်လိုင်းကနေ ဗီဒီယို မှတ်တမ်းတွေနဲ့ ဖြန့်ဝေပေးခဲ့ပါတယ်။ ဒီ ဇင်ဘာလ ၁၇ ရက်က တင်ခဲ့တဲ့ဗီဒီယိုမှာ တော့ တကယ့်ကို မိန်းမဆန်တဲ့မျက်နှာ သွင်ပြင်နဲ့ မိတ်ကပ်ခြယ်ကာလှပနေတဲ့ စတက်ဖ်ကို လူတိုင်းက အရမ်းလှပါတယ် လို့ ချီးမွမ်းရတဲ့အထိ စတက်ဖ်အောင်မြင် ခဲ့ပါတယ်။ အလှအပအတွက် အန္တရာယ်တွေ ရင်ဆိုင်ဖြတ်သန်းခဲ့ရပြီး ခုချိန်ထိတောင် နာကျင်မှု ဝေဒနာခံစားနေရဆဲ ဖြစ်ပေ မယ့် ငယ်ငယ်ကတည်းကခံစားလာခဲ့ရတဲ့ စိတ်ပင်ပန်းမှုတွေ အားလုံးလွင့်စင်သွားပြီ မို့ဝမ်းသာကျေနပ်ပါတယ်လို့ စတက်ဖ်က ဆိုပါတယ်။

Ref ; DM
Credit:PYI MYANMAR
Link:http://pyimyanmarnews.com/index.php/international/2006-2016-12-27-10-57-14