ဗိုက်ပူ

လေ့လာချက်အရ မိန်းကလေးတွေက ဗလကြီးထက် ဗိုက်ပူ တွေကို ပိုသဘောကျကြောင်းတွေ့ရှိ..ယခုချက်ချင်း သင် ဝိတ်မ နေတဲ့ အလေးတုံးတွေကို ပစ်ချလိုက်ပါ။ gym က နေထွက်ပြီး အနီးစပ်ဆုံး ဘာဂါဆိုင်မှာ ဝင်စားတာ ပိုကောင်းပါတယ်။ ဘာလို့လဲ ဆိုတော့ ၇၅ ရာခိုင်နှုန်းသော မိန်းမလေး တွေက ဗလကြီးကြီး ကိုကို တွေထက် ဗိုက်ပူပူနဲ့ ချစ်ဖို့ကောင်းတဲ့ ကိုကို တွေ ကိုပိုပြီး ရွေးချယ်တတ်ကြလို့ပါဘဲ။

ဒီဟာကား တိတိကျကျ စမ်းသပ်ထားတဲ့ စစ်ချက် မဟုတ်ပေမယ့်လဲ မိန်းမ အယောက် ၁၀၀ လောက်ကို မေးလိုက်ရင် သူတို့ဟာ ဗလရှိတဲ့ ယောက်ျားလေးတွေကို ကျော်ပြီး ဗိုက်ပူပူ နဲ့ သူတွေကို ပိုပြီး သဘောကျတယ်လို့ပြောပါတယ်။ ၁၀၀ ရာခိုင် နှုန်း လောက်သော မိန်းကလေး တွေက ဗိုက်ပူပူ နှင့် ယောက်ျားလေးတွေက ဗလရှိတဲ့ သူတွေ ထက်ပိုပြီး ဆက်ဆံရေးပိုကောင်းတယ်လို့ ဆိုကြပါတယ်။ ပြီးတော့ လေ့ကျင်းခန်းတွေ ပဲ အသေ ထိုင်လုပ်နေမှာ မို့လို့ သူမကို အချိန်ပေးနိုင်မှာ မဟုတ်တဲ့ အတွက်ကြောင့်မို့လို့လဲ ပြောပါသေးတယ်။

ဒါပေမယ့် တမျိုးတဖုံ ပြန်စဉ်းစား ကြည့်မယ်ဆို ရင် တော့ အဲ့ဒီလိုမျိုး ဖြေတဲ့ မိန်းကလေးတွေ ကိုယ်တိုင် ကိုကဘဲခန္ဓာကိုယ်မတောင့်တင်းလို့သူတို့ကိုယ်တိုင်ကိုကဗလမရှိလို့ဒီလိုပြောတာလားဆိုပြီး တော့လဲ
မေးခွန်းထုတ်လို့ရပါတယ်နော်။

စာဖတ်ပရိသတ်တွေ ကရော ဘယ်လိုထင်လဲ?

Credit:Myanmarload