map app
ကားသူခိုး ရန်ကို ကြည့်ဖို့အတွက် အိုင်အိုအက်စ်တင်းန်ဗားရှင်းရဲ့ မြေပုံနဲ့ အသုံးပြုနိုင်ပါတယ်။

မိမိအနေနဲ့ ကားပါကင်ထားတဲ့ နေရာနဲ့ ကားသူခိုးရန်ကို ကြည့်ဖို့အတွက် အိုင်အိုအက်စ်တင်းန်ဗားရှင်းရဲ့ မြေပုံနဲ့ အသုံးပြုနိုင်ကြောင်း ပညာရှင်တချို့ က ပြောဆိုပါတယ်။

အိုင်အိုအက်စ်တင်းန်ရဲ့  မြေပုံအက်ပ် (maps  app) ဟာ ကိုယ့်ရဲ့ကားကိုဘယ်နေရာမှာပါကင်ထိုးခဲ့တယ်ဆိုတာတွေ၊ကားသူခိုးတွေကမိမိရဲ့ကားကိုခိုးယူသွားခဲ့ရင် တည်နေရာ ဂျီပီအက်စ်လို ကြည့်ပြီး ခြေရာခံလို့ ရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အပတ်က ဘီအမ်ဒဗလျူ ကားကို ကားသူခိုးက ခိုးယူသွားခဲ့တာကြောင့်  အိုင်အိုအက်စ် အက်ပ်နဲ့ ခြေ ရာခံပြီး မိခဲ့တာ ဖြစ်တယ်လို့ နိုင်ငံ တကာ သတင်း ဝက်ဘ်ဆိုက် တချို့ မှာ ဖော်ပြခဲ့ပါတယ်။

နောက်တစ်ခုက အိုင်အို အက်ပ် တင်းန်ရဲ့အဓိကဖီးချားအသစ်ဖြစ်တဲ့ စီရီ (Siri) နဲ့ လည်း  မိမိ ကားပါ ကင်ထိုးခဲ့တဲ့ နေရာကို ဖော်ပြပေးနိုင်ပါတယ်။

စီရီနဲ့ hey siri , remember where I  parked my  car   လို့ ပြော လိုက်ရင် Siri က မြေပုံအက်ပ်မှာ ကား icon ပုံစံကို မိမိပါ ကင်ထိုးခဲ့တဲ့ နေရာလေးမှာပြပါလိမ့်မယ်။  မှတ် ချက်အနေနဲ့ ပါကင်ထိုးတဲ့ အချိန်မှာ တစ်ခါတည်း  siri မှာ မှတ်သားခဲ့ဖို့   လိုကြောင်း သိရပါတယ်။

ပါကင်ရဲ့ တည်နေရာကို အမှတ်အသားပြုလုပ်ထားခဲ့တာ ကြောင့် maps app ကို ဖွင့်ပြီး မိမိရဲ့ ကားတည်ရှိတဲ့ နေရာက လမ်းကြောင်းကိုရှာပြီး သွားနိုင်မှာ ဖြစ် ပါတယ်။ နောက်ပြီး ကားကို တွေ့ပြီးရင်တော့ siri ကို နောက်တစ် ကြိမ် ထပ်ခေါ်ပြီးတော့ hey  siri , forget  where I parked my car လို့ ပြောရမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မိမိရဲ့ ကားပါကင်ရှိခဲ့တဲ့ နေရာကို နောက် တစ် ကြိမ် မလိုတော့တာကြောင့် စီရီမှာ ဖျက်ပစ်ဖို့  လုပ်ဆောင်ရမှာ ဖြစ်ပါ တယ်။

ဒါ့အပြင် အက်ပဲလ် မြေပုံအက်ပ်နဲ့ ကားအပြင် မိမိရဲ့ပစ္စည်းအထား အသို၊ ကလေးရှိရင် ကလေးပျောက်ရင် ခြေရာခံဖို့ စီရီနဲ့ တွဲ သုံးပြီး တည်နေရာကို ရှာနိုင်မှာ ဖြစ် ကြောင်းသိရပါတယ်။

Author မေဘယ်လ်
Credit:Kumudra