monn
မွန်ပြည်နယ် အစိုးရသစ်လက်ထက် ၂၀၁၆-၁၇ ဘဏ္ဍာနှစ် ပထမခြောက်လ ပတ်အတွက် ရေးဆွဲထားသည့် အစီရင်ခံစာသည် မြေပြင်အခြေ အနေနှင့် အချက်အလက် ကွဲလွဲမှုများ ရှိသဖြင့် ပြန်လည်ပြင်ဆင်ရန် မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။

မွန်ပြည်နယ် အစိုးရအဖွဲ့၏ ပထမခြောက်လပတ် (၂၀၁၆ ဧပြီမှ စက်တင်ဘာအထိ) အစီရင် ခံစာတွင် ပြည်နယ်အတွင်း ကျေး ရွာအုပ်စု ၃၄၁ အုပ်စုတွင် ခိုင်းနွား၊ ခိုင်းကျွဲ အကောင်ရေ ခြောက်သိန်းငါးသောင်း ရှိသည်ဟု အရေအတွက် ကွဲလွဲနေခြင်း၊ ဘတ်ဂျက်နှင့်ပတ်သက်သည့် လမ်း၊ တံတားဆောင်ရွက် ပြီးစီးမှုသည် အစီရင်ခံစာတွင် ရေးသားမှုမရှိခြင်း စသည့်အချက်များကြောင့် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များက ဒီဇင်ဘာ ၁၄ ရက်တွင် ကျင်းပသော မွန်ပြည်နယ် လွှတ်တော် စတုတ္ထအကြိမ် ပုံမှန်အစည်းအဝေးဆဋ္ဌမနေ့၌ ဝေဖန်ထောက်ပြပြောကြားခဲ့သည်။

ထို့ကြောင့် မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိက ‘‘မွန်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ပထမခြောက်လ အစီရင်ခံစာ တင်သွင်းခြင်းနဲ့ပတ်သက်ပြီး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ ဆွေးနွေးချက်အရ ဒီအစီရင်ခံစာကို ပြည်နယ်အစိုးရအဖွဲ့ အနေနဲ့စိစစ်ပြင်ဆင် ရေးသားပြီး ပြန်လည်တင်ပြပေးရန် အတည်ပြု ကြေညာပါတယ်’’ဟု လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

အစီရင်ခံစာကို ပြန်လည်မစိစစ်ရသေး၍ ကွဲလွဲချက် မည်မျှရှိ သည်ကို မသိသေးကြောင်း၊ အစိုးရသစ်လက်ထက် သက်တမ်းတွင် အခြေခံကျသည့် ကိန်းဂဏန်း အချက်အလက်ဖြစ် အောင် ပြန်လည်စိစစ်မည်ဖြစ် ကြောင်း ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပို့ဆောင်ဆက် သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ဆိုသည်။

‘‘ကျေးရွာတစ်ရာမှ ခိုင်းနွား အကောင်အရေအတွက် နှစ် ထောင်ကျော်ပဲ ဖော်ပြထားတယ်။ ကျိုက်ထိုမြို့နယ်မှာ ငါး၊ ပုစွန် မွေးကန်တွေ ၅၁ ဧကမရှိဘဲ ရှိ တယ်လို့ အစီရင်ခံစာမှ ဖော်ပြ ထားတယ်။ ဒါကြောင့် အစီရင်ခံ စာနဲ့ မြေပြင်အခြေအနေ ကွဲလွဲ ချက်တွေရှိတယ်’’ဟု ကျိုက်ထို မဲဆန္ဒနယ်အမှတ်(၂)မှ ဒေါက် တာအေးဇံက ပြောသည်။

ယင်းအစီရင်ခံစာကို သထုံ မဲဆန္ဒနယ် အမှတ်(၁)မှ ဒေါ်ခိုင် ခိုင်လဲ့၊ မဲဆန္ဒနယ်အမှတ် (၂)မှ ဦးအောင်ကျော်သူ၊ ဘီးလင်းမြို့ နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ဒေါက်တာခင်နိုင်ဦး၊ ကျိုက်ထို မဲဆန္ဒနယ် အမှတ် (၂)မှ ဒေါက် တာအေးဇံ၊ ပေါင်မြို့နယ် မဲဆန္ဒ နယ်အမှတ် (၁)မှ ဦးထွန်းမင်း အောင်၊ မဲဆန္ဒနယ် အမှတ် (၂)မှ ဦးဇော်ဇော်ထူး၊ ချောင်းဆုံမြို့ နယ် မဲဆန္ဒနယ်အမှတ် (၂)မှ ဒေါ်ကြည်ကြည်မြ၊ မုဒုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)မှ ဒေါ်မြ သိင်္ဂီမော်၊ ရေးမြို့နယ် မဲဆန္ဒနယ် အမှတ် (၁)မှ ဦးချစ်တင်၊ ပြည် နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဦးထွန်းဌေးနှင့် ပြည်နယ်လုံခြုံ ရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦးတို့က ဆွေး နွေးခဲ့သည်။

Credit: 7Day Daily