ကိုယ်စားလှယ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုလွှတ် တော်ကိုယ်စားလှယ်တိုင်ကြား စာဌာနကို တိုင်ကြားထားတဲ့ တိုင်စာတွေအနက် ပုဂ္ဂိုလ်ရေး ရာခံစားချက်တွေနဲ့  တိုင်ကြားတာ အများဆုံးဖြစ်တယ်လို့ သိရပါတယ်။
” ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် တိုင်တယ်ဆိုကတည်းက ပုဂ္ဂိုလ်ရေးအခံတွေရှိလို့ ပေါ့။ နဂိုကတည်းက မကျေနပ်ချက် ရှိလို့ တိုင်တာ တွေပါ။ မြို့ နယ်အလုပ်မှုဆောင်အဖွဲ့ ကို အသိပေးအကြောင်းမကြားပဲ ဆောင်ရွက်တဲ့ ကိစ္စတွေ၊ အုပ်ချုပ်ရေး တို့ ၊တရားစီရင်ရေးတို့ ကိစ္စတွေမှာ အထူးသဖြင့် စည်ပင်လုပ်ငန်းတွေမှာပေါ့ ။လွတ်တော်ကိုယ်စား လှယ်တွေ ဟာ ကိုယ်တိုင်ပါဝင်ဆောင်ရွက်နေတာမျိုးတွေကို အများဆုံးတိုင်ကြားပါတယ်။” လို့  အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ ဗဟိုလွှတ် တော်ကိုယ်စားလှယ် တိုင်ကြား စာဌာနဥက္ကဌ ဒေါက်တာမျိုးညွှန့် က ပြောပါတယ်။
လက်ရှိအချိန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် လွတ်တော်ကိုယ်စားလှယ်တွေနဲ့ ပတ်သတ်ပြီး တိုင်ကြားစာ ၆၀ ကျော်ကို ဗဟိုအလုပ်မှုဆောင်အဖွဲ့ ဆီကို အစီရင်ခံတင်ပြထားပြီး တိုင်စာ ၁၅ စောင်နီးပါး စစ်ဆေးဖို့ ကျန်ရှိနေသေးတယ်လို့  ဒေါက်တာမျိုးညွှန့် က ပြောပါတယ်။
”တိုင်းရင်းသားလူမျိုးတွေရဲ့ စာပေယဉ်ကျေးမှုနဲ့ ပတ်သတ်ပြီးတော့လည်း တိုင်ကြားလာတာတွေလည်း ရှိပါတယ်။ လွတ်တော်ကိုယ်စားလှယ်တွေရဲ့  ဆောင်ရွက်ချက်နဲ့ ပတ်သတ်ပြီး တိုင်ကြတာလည်း ရှိပါတယ်။ အဲဒီလိုကိစ္စမျိုးတွေဆိုရင်တော့ မြို့ နယ်အုပ်ချုပ်ရေးပိုင်းနဲ့ လွှဲပေးရတာတွေလည်း ရှိတယ်”လို့  ဒေါက်တာမျိုးညွှန့် က ပြောပါတယ်။
တိုင်ကြားခံရတဲ့ လွတ်တော်ကိုယ်စားလှယ်တွေဟာ မြို့ နယ်ဗဟိုအလုပ်မှုဆောင်တွေနဲ့  ပူးပေါင်းလုပ်ဆောင်မှု အားနည်းမူတာတွေကြောင့်ဖြစ်ပြီး ရန်ကုန်၊ဧရာဝတီ၊ မန္တလေးနဲ့  စစ်ကိုင်းတိုင်းစတဲ့ တိုင်းဒေသကြီးတွေမှာ အများဆုံးဖြစ်တယ်လို့ သိရပါတယ်။
”တစ်စောင်ထဲမှာလည်း ကိုယ်စားလှယ် နှစ်ဦးတို့ သုံးဦးတို့ အတိုင်ခံရတာတွေလည်း ရှိတယ်။ အခုထိတော့ အစီရင်ခံတဲ့ စာပေါင်း ၆၀ လောက်ပြီးသွားပြီဆိုတော့ ကိုယ်စားလှယ်ပေါင်း ၈၀ လောက်အထိတော့ ရှိပါပြီ။ ” လို့ ဒေါက်တာမျိုးညွန့် က ပြောပါတယ်။
ဗဟိုအလုပ်မှုဆောင်အဖွဲ့ ထံကို အစီရင်ခံထားတဲ့ တိုင်ကြားစာတွေအနက် လွတ်တော်ကိုယ်စားလှယ် ၁၀ ဦးခန့် ကို အရေးယူသင့်ကြောင်း အစီရင်ခံထား တယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာတော့ မွန်ပြည်နယ်စည်ပင်သာယာရေးနဲ့  ဆောက်လုပ်ရေးဝန်ကြီးဌာနအပါအ၀င် ပြည်နယ်ဝန်ကြီးချုပ် အဖြစ်တာဝန်ယူထားသူ ဦးမင်းမင်းဦးဟာ အစိုးရသက်တမ်း ၈ လအတွင်းမှာ ၀န်ကြီးချုပ် ခွင့်ရက်ရှည်ယူတာ၊ ပြည်နယ်ကော်မတီအဖွဲ့ ဖွဲ့ စည်းရာမှာလည်း ဘက်လိုက်မှုရှိတာ၊ ပြည်နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့  မကြာခဏတွေ့ ဆုံတယ်ဆိုတာတွေနဲ့ ပတ်သတ်ပြီး တိုင်ကြားခံထားရပါတယ်။
ဒါ့အပြင် တနသာင်္ရီတိုင်းဒေသကြီးလွတ်တော် ဥက္ကဌ ဦးခင်မောင်အေးနဲ့  ဒုဥက္ကဌဦးကြည်စိုးတို့ ကိုလည်း တိုင်းဒေသကြီးအ တွင်းမှာ အဆောက်အုံဆောက်လုပ်ခွင့်တင်ဒါကိစ္စတွေမှာ ပွင့်လင်းမြင်သာမှုမရှိ တာတွေ ကြောင့် လွတ်တော်ကိုယ်စားလှယ်တွေကိုယ်စားလှယ်တွေက ပြန်လည်စီစစ်ပေးဖို့  တိုင်ကြားခံထားရတယ်လို့  သိရပါတယ်။
မွန်ပြည်နယ်ဝန်ကြီးချုပ်၊ တနသာင်္ရီတိုင်းဒေသကြီး လွတ်တော်ဥက္ကဌနဲ့  ဒုဥက္ကဌတို့ ကို တိုင်ကြားထားတာတွေနဲ့ ပတ်သတ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က လေ့လာသုံး သပ်ရေးအဖွဲ့ ကို ဖွဲ့ စည်းပြီး စုံးစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။
လောလောဆယ်မှာတော့ လေ့လာသုံးသပ်ရေးအဖွဲ့ က တိုင်ကြားခံထားရတဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ တနသာင်္ရီတိုင်းဒေသကြီး လွတ်တော်ဥက္ကဌနဲ့  ဒုဥက္ကဌတို့ နဲ့ ပတ်သက်ပြီး တွေ့ ရှိချက်တွေကို ဗဟိုကော်မတီ အဖွဲ့ ထံတင်ပြထားတယ်လို့ သိရပါတယ်။
သည်နှစ်အတွင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာ မြို့နယ်ရှိ မိုတယ်တစ်ခုမှာ ဝန်ထမ်းတွေကို ဆဲဆိုကြိမ်းမောင်းတယ်လို့ ဆိုပြီး ရဲစခန်းမှာ အမှုဖွင့်ခံခဲ့ရတဲ့ ရွှေပြည်သာမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်လင်း ၊ ကိုယ်စားလှယ်အချင်းချင်းရဲ့ စခန်းကို တိုင်းကြားခဲ့တဲ့ ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့ နယ်ပြည်သူ့ လွတ်တော်ကိုယ်စားလှယ်ဦးစိန်ဝင်းနဲ့  လူမှုရေးကိစ္စတွေနဲ့ ဝေဖန်ခံရတဲ့ မြောင်းမြမြို့ နယ် ပြည်သူ့ လွတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုးမိုးသူ တို့ ကို ပါတီရဲ့ တာဝန်အသီးသီးမှ ရုပ်သိမ်းအရေးယူခဲ့ပါတယ်။

Credit: KUMUDRA

“ကိုယ်စားလှယ်တွေကို တိုင်ကြားတဲ့စာထဲမှာ ပုဂ္ဂိုလ်ရေးရာခံစားချက်အရ တိုင်ကြားမှုက အများဆုံး