လုပ်ငန်း

အဝေးပြေးဘတ်စ်ကား လက်မှတ်တွေရောင်းချပေးတာ၊ အဝေးပြေးဘတ်စ်ကားပေါ်တင်မယ့် ကုန်ပစ္စည်းလေးတွေသယ်ယူပို့ဆောင်ပေးတဲ့ကားအကျိုးဆောင် လုပ်ငန်း လေးကလည်း တစ်လကိ ကျပ် ၁၀ သိန်းကနေ ၁၅ သိန်းနဲ့လုပ်ငန်း လည်ပတ်နိုင်ပါတယ်လို့ အာကာမိုးမြင့်အဆင့်မြင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းကကို သူရကိုကိုက ပြောပါတယ်။

သူက ကျွန်တော့်မှာ ဟိုက်ဂျက်ကားလေးရှိတယ်၊ အဲဒါနဲ့မြို့ထဲကနေ အဝေးပြေးဂိတ်တွေ ကိုကုန်ပစ္စည်းပို့ပေးတယ်၊ များသောအားဖြင့် ဂိတ်ကြီးတွေက အချိန်နောက်ကျမှရောက် လာလို့လက်မခံတဲ့ ပစ္စည်းတွေကို ကျွန်တော့်ရဲ့ ဂိတ်ခွဲကလက်ခံပြီးရတဲ့ အချိန်လေး အတွင်း မီအောင်ပို့ပေးတယ်၊ ကိုယ်ကအချိန်မီပို့ပေးတာ၊ စိတ်ချရတာတွေကြောင့် ကာစတန်မာများလာတယ်လို့ ဆိုပါတယ်။

အဝေးပြေးဂိတ်တွေအထိသွားပြီး ကားလက်မှတ်မဝယ်နိုင်သူတွေက ကားအကျိုးဆောင် ဂိတ်ခွဲလေးတွေနားမှာ ဝယ်ယူပါတယ်။ အဲသည်လိုရောင်းချပေးနိုင်ဖို့ နာမည်ကြီးအဝေး ပြေးဂိတ်တွေဆိုရင် တစ်လကို ဒီပို့စစ်ကျပ် ၁၀ သိန်းကနေ ၁၅ သိန်းအထိတင်ထားရ ပါတယ်။ သူတို့ရဲ့ဖြတ်ပိုင်းစာအုပ်တွေပေးထားပြီး ရောင်းချစေတာပါ။ လက်မှတ်ဖိုးတွေကို လကုန်မှစုရှင်းရတဲ့ ဂိတ်တွေရှိသလို ဒီပို့စစ်ထားတဲ့ငွေထဲကနေ လက်မှတ်ဖိုးရှင်းပြီး ကုန်တာနဲ့ ဒီပို့စစ်ထပ်တင်ရတဲ့ဂိတ်မျိုးလည်း ရှိပါတယ်။ မန္တလေးအဝေးပြေးကားတွေက လက်မှတ်တစ်စောင်ရောင်းရင် ကျပ် ၃၀ဝ၀ နှုန်းအထိပေးတယ်။ နေပြည်တော်အဝေး ပြေးလက်မှတ် ရောင်းရရင်တော့ တစ်စောင်ကိုကျပ် ၅၀ဝ နဲ့  ၁၀ဝ၀ ကြားရတာများပါ တယ်။ တစ်ဂိတ် နဲ့တစ်ဂိတ်ကော်မရှင်ပေးတာကွဲပြားပါတယ်။ ဥပမာ အီလိုက်ဆိုရင် အပေါင်သဘောမျိုး ကျပ် ၅၀ဝ,ဝ၀ဝ တင်ထားရပြီး အဲသည်  ၅၀ဝ,ဝ၀ဝ မကုန်မချင်း လက်မှတ်ရောင်းပေးရတာပါ။

ကိုသူရကိုကိုရဲ့ကားအကျိုးဆောင်ဂိတ်ခွဲက အောင်ဆန်းကွင်းအနီးမှာဖွင့်လှစ်ထားတာပါ။  အဲဒါကြောင့် အောင်ဆန်းကွင်းမှာ ပင်ရင်းဂိတ်မရှိတဲ့ ဂိတ်တွေ ဆီကုန်ပစ္စည်းတွေပို့ပေး ရတဲ့ လုပ်ငန်းလည်းလုပ်လို့ရနေတာဖြစ်တယ်။ ကုန်ပစ္စည်းအလိုက် ဝန်ဆောင်ခအမျိုးမျိုး ရတာဖြစ်ပေမဲ့ ပစ္စည်းတစ်မယ်ကို ကျပ် ၅၀ဝ ရတဲ့အမျိုးအစားကပိုများပါတယ်။ ဂိတ်ခွဲ လေးမှာ အဝေးပြေးလက်မှတ်ရောင်းရင်း တစ်ဖက်က ဟိုက်ဂျက်လေးနဲ့ အဝေးပြေး ဂိတ်တွေဆီကို အောင်ဆန်းကွင်းကနေ ပစ္စည်းသယ်ပို့ရတာပါ။

တရားဝင်အောင်လုပ်ထား

လုပ်ငန်းငယ်လေးဖြစ်ပေမဲ့ တရားဝင်အောင်စည်ပင်သာယာမှာ လုပ်ငန်းလိုင်စင်  လျှောက်ထားရပါတယ်။ အခွန်ဌာနမှာ ကျပ်  ၄၀,ဝ၀ဝ အခွန်ဆောင်ရပါတယ်။ အကျိုးဆောင်ခ ကျပ် ၃၀ဝ၀ ကုန်ကျတဲ့အတွက် လိုင်စင်ကြေးက တစ်နှစ်ကိုကျပ် ၇၀,ဝ၀ဝ ကုန်ကျပါတယ်။ကျန်းမာရေးခွန်၊  စည်ပင်ခွန်က ကျပ် ၃၀ဝ၀၊ အကျိုး ဆောင်ခက ကျပ် ၃၀ဝ၀၊ ကျပ် ၆၀ဝ၀ ပေးသွင်းရပါတယ်။ အခန်းငယ်လေးငှားခက တစ်လကို ကျပ် ၁၈၀,ဝ၀ဝ ဖြစ်ပြီး ခြောက်လတစ်ခါအခန်းခရှင်းရပါတယ်။

အဲသည်ကုန်ကျစရိတ်တွေနဲ့ မိသားစု စရိတ်တွေကာမိအောင် ကာစတန်မာများများ  ရဖို့တော့ အမြဲလုံးပန်းနေရတယ်လို့ ကိုသူရကိုကိုကဆိုတယ်။

Author – အောင်ထွန်းဦး
Credit:Kumudra