့ သမိုင်းမှတ်တမ်းဓာ

လူ့အဖွဲ့အစည်းမှာ ခေတ်တလျှောက် ဖြတ်သန်းလာခဲ့တဲ့ အချိန်ကာလနဲ့အညီ ဖြေရှင်းလို့မရတဲ့ ပုစ္ဆာတွေ၊သမိုင်းမှတ်တမ်း ဓာတ်ပုံ  ပုံဖော်လို့မရတဲ့ ပဟေဠိတွေ၊ ကြံစလို့မရတဲ့ အတွေးနက်နက်တွေဟာ သမိုင်းမှတ်တမ်းတွေထဲမှာ အများကြီးကျန်ရှိနေခဲ့ပါတယ်။ အဲဒီအထဲမှာမှ အခုချိန်ထိ အဖြေရှာလို့မရသေးတဲ့ သမိုင်းမှတ်တမ်းဓာတ်ပုံတွေကပေးတဲ့ ပဟေဠိတွေကို  ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။

့ သမိုင်းမှတ်တမ်းဓာ(၁) ဂျွန်အက်ဖ်ကနေဒီလုပ်ကြံမှုမှာ အတွေးပွားစေတဲ့အမျိုးသမီး

1963 ခုနှစ် နိုဝင်ဘာလ (23)ရက်နေ့မှာ အမေရိကန်သမ္မတ ဂျွန်အက်ကနေဒီ လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတယ်။ FBI ဟာ ၎င်းတို့ တပ်ဆင်ထားတဲ့ ကင်မရာတွေကို အပြန်အလှန်စစ်ဆေးခဲ့ပါတယ်။ တကယ်တမ်း လုပ်ကြံခဲ့တဲ့ Lee Harvey Oswald ဖမ်းဆီးရမိခဲ့ပေမယ့် FBI ကို စိတ်ရှုပ်ထွေးစေတာကတော့ ပုံပါ ရုရှဝတ်စုံဝတ်ထားတဲ့ အမျိုးသမီးပါဘဲ။ ဒီအမျိုးသမီးဟာ မတူညီတဲ့နေရာ ငါးခုခြောက်ခုလောက်မှာ ရိုက်ယူထားတဲ့ ဓာတ်ပုံတွေထဲမှာ တိတိကျကျ ပါဝင်နေပေမယ့် စုံစမ်းတဲ့အခါမှာတော့ ခြေရာလည်းပျောက် ရေလည်းနောက်ဖြစ်နေခဲ့တာ အခုအချိန်ထိပါဘဲ။
့ သမိုင်းမှတ်တမ်းဓာ(၂) သေတာတောင် သတင်းပို့မပျက်ခဲ့တဲ့ စစ်သား
ပထမကမ္ဘာစစ်အတွင်းက စစ်မြေပြင်မှာ ကျဆုံးခဲ့တဲ့ Freddy Jackson အမည်ရ စစ်သားဟာ စစ်ကြီးပြီးလို့ တပ်မတော်သားတွေ စုပေါင်းဓာတ်ပုံရိုက်တဲ့အခါမှာလည်း မပျက်မကွက် ပါဝင်ခဲ့ပါတယ်။ အဲဒီဓာတ်ပုံကို 1975 ခုနှစ်မှာ ဆာဘွဲ့ရ ရှေ့တန်းပြန် စစ်သားကြီး Victor Goddard က ထုတ်လုပ်ခဲ့တာပါ။ အဲဒီမှာ Jackson ကို ပြန်တွေ့ခဲ့ရလို့ သူတို့တစ်တွေ၊ အံ့သြ၀မ်းနည်းခဲ့ရပါတယ်။ (ပုံမှာတော့ အကြီးချဲ့ထားတဲ့ စစ်သားတစ်ယောက်ရဲ့နောက်မှာ Jackson ရဲ့ မျက်နှာကို မြင်ရပါလိ့မ်
မယ်။)

့ သမိုင်းမှတ်တမ်းဓာ(၃) ကလေးတစ်ယောက်ရဲ့ ၀ိဥာဉ်
1945 ခုနှစ်မှာ သြစတီးယားမိခင်တစ်ဦးဟာ အသက်(17)နှစ်အရွယ် Joyce Elizabeth Andrews အမည်ရ သမီးလေး ဆုံးပါးခဲ့ပါတယ်။ သမီးလေးကို မြေချသင်္ဂြိုဟ်ပြီး မကြာမီမှာ မိခင်ဖြစ်သူဟာ သမီးရဲ့ အုတ်ဂူကို အမှတ်တရ ဓာတ်ပုံရိုက်ယူ ခဲ့ပါတယ်။ ဓာတ်ပုံကို ဆေးတဲ့အခါမှာ အံ့သြဖွယ်ရာကောင်းတာကို တွေ့ခဲ့ရပါတယ်။ သူမ သမီးရဲ့ အုတ်ဂူဘေးမှာ ကလေးငယ်တစ်ယောက် ထင်ထင်ရှားရှား ထိုင်နေပြီး၊ ဘယ်သူဘယ်ဝါမှန်း မသိရပါဘူး။

့ သမိုင်းမှတ်တမ်းဓာ(၄) ကားပေါ်မှာပါလာတယ်

Mabel Chinnery အမည်ရတဲ့ အမျိုးသမီးနဲ့ သူမရဲ့ခင်ပွန်းဟာ 1959 ခုနှစ်မှာ Mabel ရဲ့မိခင် (၎င်းရဲ့ယောက္ခမ)အုတ်ဂူတည်ရှိရာ သင်္ချိုင်းကို သွားရောက်ဂါရပြုခဲ့ကြပါတယ်။ ဒီဓာတ်ပုံဟာ အဲဒီကနေ အပြန်မှာ ရိုက်ယူခဲ့တာ ဖြစ်ပြီး ကားထဲက ယာဉ်နောက်ခန်းထိုင်ခုံထဲမှာ မျက်လုံးတောက်တောက်နဲ့ ၀ိဉာဉ်တစ်ကောင် လိုက်ပါလာတာကို ဓာတ်ပုံကို ပြန်ကြည့်တဲ့အခါမှ သိခဲ့ရပါတယ်။့ သမိုင်းမှတ်တမ်းဓာ

(၅) တွဲလောင်းကျနေတဲ့ သရဲ

ဒီဓာတ်ပုံကိုတော့ ရိုက်ကူးခဲ့တဲ့ နှစ်အတိအကျကို မသိရပေမယ့် 1950 ခုနှစ်ဝန်းကျင်ကလို့ ခန့်မှန်းထားကြပါတယ်။ ဒီ
ဓာတ်ပုံဟာ Cooper မိသားစုရဲ့ ညစာစားတဲ့အခန်းထဲမှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံလို့ သိရပြီး အမျိုးသမီးနှစ်ယောက်သာ သူတို့ရဲ့ ကလေးနှစ်ယောက်နဲ့အတူ ပြုံးပြုံးလေးဓာတ်ပုံရိုက်ခံနေတာပါ။ ဒါပေမယ့် ပုံထွက်လာတဲ့အခါမှာတော့ ဘယ်
ဘက်ထောင့်မှာ သရဲတစ်ကောင် တွဲလောင်းချနေတာကို တွေ့ခဲ့ရပါတယ်။

source : thesun.co.uk

Credit:Shwemom