ကူမင်း
ရှမ်းမြောက်ပိုင်းတွင် တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားနေ သော လက်နက်ကိုင်လေးဖွဲ့နှင့် အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင် တို့ တရုတ်နိုင်ငံ ကူမင်း မြို့၌ ဒီဇင် ဘာ ၂ရက်တွင် တွေ့ဆုံရန် တရုတ်အစိုးရက စီစဉ်ပေးခဲ့သော်လည်း တွေ့ဆုံမည့်အဖွဲ့အရေအတွက် နှင့်ပတ်သက်၍ နှစ်ဖက်ကြားညှိ နှိုင်းမရဘဲ တွေ့ဆုံမည့်အစီအစဉ် ပျက်သွားခဲ့ကြောင်းသတင်းရရှိ သည်။

ငြိမ်းချမ်းရေးကော်မရှင်ဥက္က ဋ္ဌဒေါက်တာတင်မျိုးဝင်းဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ၏ ဖိတ်ကြားချက်အရ တရုတ်နိုင် ငံသို့သွားရောက်ခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၂ရက် နံနက်တွင် ကချင်လက်နက်ကိုင်အဖွဲ့(KIA)၊ တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA)၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA)၊ ရခိုင်လက်နက်ကိုင်အဖွဲ့(AA)တို့နှင့်တွေ့ဆုံရန်စီစဉ်ခဲ့သည်။

‘‘တစ်နေ့က တရုတ်အစိုးရ ကစီစဉ်ပေးမှုနဲ့ ငြိမ်းချမ်းရေးကော် မရှင်နဲ့ ကျွန်တော်တို့ ကူမင်းမြို့မှာ တွေ့ဖို့ ချိန်းထားပါတယ်။ ဒါပေမဲ့ ဒီနေ့မနက်မှာတော့ ကျွန်တော်တို့ ကြားထဲမှာ ညှိနှိုင်းလို့မရတဲ့ကိစ္စ တချို့ကြောင့် တွေ့ဆုံမှုမဖြစ် တော့ပါဘူး။ အဓိကကတော့ ငြိမ်း ချမ်းရေးကော်မရှင်ဘက်က ကျွန် တော်တို့ကို တစ်ဖွဲ့ချင်းစီတွေ့ချင် တယ်။ ကျွန်တော်တို့ကတော့ ဒီမှာ (ကူမင်း)ရောက်နေတာဗျ။ လေးဖွဲ့စလုံးကရောက်နေပြီဆိုတော့ ကျွန်တော်တို့ မြောက်ပိုင်းမဟာမိတ်လေးဖွဲ့စလုံးတစ်ခါတည်းတွေ့ချင်တယ်ဆိုတာကို ပြောတာ။ ငြိမ်းချမ်းရေး ကော်မရှင်က မတွေ့နိုင်တာကြောင့် ကျွန်တော်တို့ တွေ့ဆုံမှုတွေမဖြစ်ပါဘူး’’ဟု TNLA အထွေထွေအတွင်းရေးမှူးဗိုလ်မှူးကြီး တာ့ဘုန်းကျော်က ဒီဇင်ဘာ ၂ ရက်တွင်ပြောသည်။

တပ်မတော်နှင့်လက်နက် ကိုင်အဖွဲ့လေးဖွဲ့တို့အကြားတိုက် ပွဲများပြင်းထန်နေ၍ တိုက်ပွဲများ၊ စစ်ရေးတင်းမာမှုများ လျှော့ချနိုင်ရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ်ရှင်သန်အသက်ဝင်လာစေရန် နှစ်ဖက်တွေ့ဆုံရန်လိုအပ်ပြီး တွေ့ဆုံနိုင်ရေးထပ်မံကြိုးစားမည် ဟု TNLAအထွေထွေ အတွင်းရေးမှူးက ပြောကြားသည်။

‘‘ကျွန်တော်တို့မရောက်ခင် ‘၀’အဖွဲ့ရော၊ မိုင်းလားအဖွဲ့ရော ရောက်ပါတယ်။ သူတို့ငြိမ်းချမ်း ရေးကော်မရှင်နဲ့တွေ့ပြီးသွားပါ ပြီ။ တိုက်ပွဲပြင်းထန်တဲ့အချိန်မှာ ကျွန်တော်တို့ ကြေညာချက်တစ်ခု ထုတ်ထားပါတယ်။ ဖြစ်နေတဲ့ တိုက်ပွဲတွေပြင်းထန်နေတယ်။ ဒီ တိုက်ပွဲတွေရှောင်လွှဲဖို့ တရုတ်အ စိုးရအနေနဲ့ ကြားဝင်ဆောင်ရွက် ပေးမယ်ဆိုရင်အကောင်းဆုံးအ ခြေအနေဖြစ်မယ်။‘၀’(UWSA)အ နေနဲ့ ကြားဝင်ဆောင်ရွက်မယ်ဆို ရင်လည်း ကျွန်တော်တို့ ကြိုဆို တယ်ဆိုတဲ့ ကြေညာချက်ထုတ် ထားပါတယ်။ အဲဒီကြေညာချက် ကြောင့် ‘၀’ရော၊ တရုတ်နိုင်ငံအစိုး ရရော ကျွန်တော်တို့တွေ့ဆုံနိုင်ဖို့အတွက် စီစဉ်ပေးတယ်လို့ ကျွန် တော်တို့ နားလည်ပါတယ်’’ဟု ၎င်းကပြောသည်။

KIA၊ MNDAA၊TNLAနှင့် AA တို့ပါဝင်သော ပူးပေါင်းအဖွဲ့ သည် နိုဝင်ဘာ ၂၀ရက်တွင် မူ ဆယ် ၁၀၅မိုင်ကုန်သွယ်ရေးစခန်း အပါအ၀င်ရှမ်းပြည်နယ်မြောက် ပိုင်းရှိ အစိုးရလုံခြုံရေးတပ်စခန်း များသို့ ၀င်ရောက်တိုက်ခိုက်ခဲ့ ရာတိုက်ပွဲများနေ့စဉ်ဖြစ်ပေါ်နေ သည်။ လတ်တလောတွင် ရှမ်း ပြည်မြောက်ပိုင်း မုံးကိုးမြို့၌ တိုက်ပွဲပြင်းထန်လျက်ရှိသည်။

ငြိမ်းချမ်းရေးကော်မရှင်ဥက္က ဋ္ဌဒေါက်တာတင်မျိုးဝင်းခေါင်း ဆောင်သော ကိုယ်စားလှယ်အဖွဲ့ သည် နိုဝင်ဘာ ၂၆မှ ဒီဇင်ဘာ၂ ရက်အထိ တရုတ်နိုင်ငံသို့ သွား ရောက်ခဲ့ပြီး နိုဝင်ဘာ ၂၉ ရက်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယိနှင့်တွေ့ဆုံခဲ့သည်။ ထို့အပြင် နိုဝင်ဘာ ၃၀ရက်တွင် ‘၀’ လက်နက်ကိုင်အဖွဲ့ (UWSA)နှင့် မိုင်းလားလက်နက်ကိုင်အဖွဲ့ (MNDAA) တို့နှင့် တရုတ်နိုင်ငံ ကူမင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

တရုတ်နိုင်ငံ ခရီးစဉ်များနှင့်ပတ်သက်ပြီး မေးမြန်းရန် ကော်မရှင်ဥက္ကဋ္ဌဒေါက်တာတင် မျိုးဝင်းထံသို့ ဆက်သွယ်ရာ ကော်မရှင်အတွင်းရေးမှူးဒုတိယ ဗိုလ်ချုပ်ကြီးခင်ဇော်ဦး(ငြိမ်း)ကို ပြောရေးဆိုခွင့် ပေးအပ်ထားကြောင်း ပြန်လည်ပြောကြား သည်။ ထို့ကြောင့် ကော်မရှင် အတွင်းရေးမှူးထံသို့ ဆက်သွယ်ရာဖုန်းပိတ်ထားသဖြင့် ဆက် သွယ်မရပေ။

Credit:7Day