bagan

ပုဂံ ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေထဲမှာ အမြင်မသင့်တော်တဲ့Pre-wedding ဓာတ်ပုံတွေ လာရိုက်သွားတဲ့ ဖိလစ်ပိုင်နိုင်ငံက စုံတွဲရဲ့  ဓာတ်ပုံတွေနဲ့ ပတ်သတ်ပြီး အမှန်တကယ်ဟုတ်မဟုတ် စုံစမ်းစစ်ဆေးနေတယ်လို့  သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

အဲဒီလို ဘုရားပေါ်ကို တက်ရိုက်မယ်ဆိုတာကိုတော့ ဘယ်သူမှ ခွင့်ပြုမှာ မဟုတ်ဘူး။ဒါ ဖိုတိုရှော့လား။ ပုဂံလားဆိုတာတွေကို သေချာအောင် လုပ်ရမှာပါ။ အမှန်တကယ်သေချာတယ်ဆိုရင်တော့ သာသနာညိုးနွမ်းစေမှုနဲ့ တရားစွဲမှာပါ။” လို့  သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနညွန် ကြားရေးမှူး ဦးမောင်ဆန်းဝင်းက ပြောပါတယ်။ပုဂံ

ပုဂံရှေးဟောင်းဘုရားတွေပေါ်မှာ ရိုင်းပြတဲ့ဓာတ်ပုံတွေကို ရိုက်ထားတဲ့ ဖိလစ်ပိုင်နိုင်ငံက စုံတွဲရဲ့  ဓာတ်ပုံတွေဟာ စက်တင်ဘာလ ၂၁ ရက် ရက်စွဲနဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပျံ့ နှံ့ နေတာဖြစ်ပါတယ်။ ဒါ့အပြင်အဲသည်လို ပုဂံရှေးဟောင်း ဘုရားတွေမှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို ဖော်ပြရာမှာ တည်နယ်ရာကို အတည်ပြုထားပြီး www.mymetrophoto.com/metrophoto-photographers အမည်ရှိတဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ဖေ့ဘုတ်လူမူကွန်ယက်စာမျက်နှာမှာလည်း ပုဂံဘုရားတွေကိုခြေထောက်နဲ့ကန်တဲ့ဟန်စေတီတွေပေါ်မှာပက်လက်လှန်နေတဲ့ အဆိုပါ စုံတွဲရဲ့ပုံတွေကိုမနေ့ညက စတင်မျှဝေခဲ့ပြီး အရေးယူပေးဖို့လည်း မှတ်ချက်ပေးနေကြပါတယ်။

ဓာတ်ပုံတွေဟာပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေထဲမှာ အမှန်တကယ်ရိုက်ကူး ခဲ့တာဆိုရင် သာသနာညိုးနွမ်းစေမှု ပုဒ်မ ၂၉၅(က) နဲ့ တရားစွဲဆိုနိုင်တယ်။

သာသနာညိုးနွမ်းစေမှု ပုဒ်မ ၂၉၅(က)ဟာ လူတစ်ပါးကိုးကွယ်သည့် ဘာသာသာသနာကို တခြားသူတစ်ယောက်က နားကျည်းစေရန်၊ မသမာစိတ်နဲ့  ဖျက်ဆီးစေခြင်း၊ ယုတ်ညံ့စေခြင်းဖြစ်တယ်ဆိုရင် ပြစ်မှုမြောက်တယ်လို့  သိရပါတယ်။ ပြစ်မှုထင်ရှားပါက ကျူးလွန်သူကို ထောင်ဒဏ် ၂ နှစ်(သို့ မဟုတ်) ငွေဒဏ် ချမှတ်နိုင်သလို ပြစ်ဒဏ် ၂ ရက်လုံးလည်း ချမှတ်နိုင်တယ်လို့  တရားလွတ်တော် ရှေ့ နေ ဦးကြည်မြင့်က ပြောပါတယ်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းမှာ မြန်မာတို့ ရဲ့ ဓလေ့အစဉ်အလာနဲ့ ဆန့် ကျင်တဲ့ ဓာတ်ပုံရိုက်ကူးတာတွေ၊ ပြုမှုတာတွေကို ပိတ်ပင်ထားပါတယ်။၂၀၁၆ ခုနှစ်အတွင်းမှာပဲ ထိုင်းနိုင်ငံမှာ ခရီးသွားတွေဟာ ပုဂံရှေးဟောင်းဘုရားပေါ်မှာ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပတဲ့ ဗီဒီယိုဖိုင်တွေ၊ ဓာတ်ပုံတွေ ပေါ်ထွက်လာခဲ့ပြီးတဲ့နောက်မှာ သာသနာရေးနဲ့  ယဉ်ကျေးမှုဝန်ကြီးဌာနက ခေါ်ယူသတိပေးခဲ့ရပါတယ်။

Author ချမ်းသာ
Credit:Kumadra