sam
ပြည်ပနိုင်ငံ တွေကို ပင်လယ်ရေကြောင်း ကနေ ဆန်တန်ချိန် ၃၀ဝ,ဝ၀ဝ ခန့်   တင်ပို့ မယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သိရပါတယ်။

မြန်မာနိုင်ငံမှာ တစ်နှစ်ကို ဆန်တန်ချိန် တစ်သန်းခွဲလောက်   ထုတ်လုပ်နိုင်ပြီး တစ်သန်းခန့်မှာ တရုတ်နိုင်ငံထဲကို တရားဝင်ရော တရားမဝင်ရော တင်ပို့နေပါတယ်။

တရုတ်နိုင်ငံရဲ့ မူဝါဒနဲ့အခွန် အပြောင်းအလဲတွေကြောင့် မြန်မာ နိုင်ငံက တင်ပို့နေတဲ့ ဆန်ဈေးကွက်က အဝယ်နည်းပြီး မတည် ငြိမ်ဖြစ်နေပါတယ်။

သည်လိုအချိန်မှာ တရုတ်ရဲ့ ဝယ်လိုအားတစ်ခုတည်းကို စောင့် နေမယ်ဆိုရင် နိုင်ငံအတွင်း ကုန်သည်တွေအတွက် အခက်အခဲတွေ ဖြစ်လာနိုင်တာကြောင့် အခု လို ပင်လယ်ရေကြောင်းကနေ တင်ပို့နိုင်အောင်ဆောင်ရွက်ရခြင်း ဖြစ် တယ်လို့ စီးပွားကူးသန်းဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောပါတယ်။

သူက’နိုင်ငံတကာကို ဆန်တင်ပို့မယ်ဆိုရင်တော့ နိုင်ငံတ ကာဆန်ဈေးနှုန်းအတိုင်း ပို့နိုင်မှရမှာ၊ အဲဒီဈေးနှုန်းထက် ပို့ရဖို့ဆို ရင်လဲ ကိုယ့် quality (အရည်အသွေး) ကလဲ သူများ quality ထက် ပိုနိုင်မှရမှာ”လို့ ပြောပါတယ်။

အဓိကတော့ အာဖရိက၊ ဗီယက်နမ်၊ ပါကစ်စတန်၊ ဖိလစ်ပိုင် နဲ့ ထိုင်းတို့ကို တင်ပို့သွားနိုင်အောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အခုလို နိုင်ငံတကာအထိ တင်ပို့သွားနိုင်မယ်ဆိုရင်တော့ စပါးစိုက်တောင်သူနဲ့ ဆန်ကုန် သည်တွေအတွက် ရွေးချယ်စရာ ဈေးကွက်တွေ တိုးလာမှာပါ၊ လက်ရှိ ဗီယက်နမ်ဘက်က စာချုပ်ချုပ် ဖို့ ကမ်းလှမ်းထားတယ်လို့လည်း သိရပါတယ်။

တရုတ်နိုင်ငံကတော့ မြန်မာနိုင်ငံကထွက်တဲ့ ဆန်အရည်အသွေးမျိုးစုံကို ဝယ်ယူနေတာဖြစ်ပြီး လတ်တလောအဝယ်အေးနေတဲ့ အတွက် ပြီးခဲ့တဲ့လက မြန်မာနိုင်ငံကနေ အာဖရိကို ဆန်သင်္ဘောနဲ့ တန်ချိန် ၄၀,ဝ၀ဝ ခန့် တင်ပို့ခဲ့ တယ်လို့ ပြောပါတယ်။

အာဖရိကနဲ့ နဂိုက ဈေးကွက် တွေရှိပြီးသားဖြစ်တဲ့အတွက် ဒီဇင်ဘာလ ပထမအပတ်မှာကို  ဆန်တန်ချိန် ၂၀,ဝ၀ဝ  ထပ်မံ တင်ပို့နိုင် တယ်လို့ သိရပါတယ်။

‘လက်ရှိ မြန်မာနိုင်ငံရဲ့ ဆန် ဈေးနှုန်းက နိုင်ငံတကာရဲ့ ဆန်ဈေး နှုန်းထက် ကျနေတဲ့အတွက် အခုလို ပင်လယ်ရေကြောင်းကနေ နိုင်ငံတကာကို တင်ပို့နိုင်တာ”လို့ သူက ပြောပါတယ်။

အစိုးရကလည်း နိုင်ငံအချင်း ချင်း G to G စာချုပ်ချုပ်ဆိုကာ မြန်မာနိုင်ငံက   ဆန်ကုန်သည်တွေနဲ့ နိုင်ငံတကာက ဆန်ဝယ်မယ့်လူတွေနဲ့ ချိတ်ဆက်ပြီး နိုင်ငံတကာ ဈေးကွက်ရှာဖို့ လုပ်နေတယ်လို့ သူက ပြောပါတယ်။

၂၀၁၂ ခုနှစ်အထိ မြန်မာနိုင်ငံ ရဲ့ ဆန်တင်ပို့မှုက ပင်လယ်ရေ ကြောင်းက ၈၀ ရာခိုင်နှုန်းရှိပြီး နယ်စပ်က တင်ပို့တာက ၂၀ ရာခိုင်နှုန်းသာရှိခဲ့ပါတယ်။အဲသည်နောက်ပိုင်း တရုတ်က နယ်စပ်ကနေ ဆန်တင်ပို့မှုကို ခွင့်ပြုလိုက်တာကြောင့် တရုတ်ကို တင်ပို့မှု ၈၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပါတယ်။

Credit: KUMUDRA