SNLD

အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးကျော်ခင်နဲ့ မိုင်းရှူးမြို့နယ် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) မှ ဦးစိုင်းလင်းမြတ်တို့ဟာ ယောက္ခမနဲ့ သမက်တော်စပ်တာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲကော်မရှင်က စိစစ်မှုတွေ ပြုလုပ်ပြီးနောက် မိုင်းရှူးမြို့နယ်မှာ ယောက္ခမနဲ့ သမက် မဲဆန္ဒနယ် တစ်ခုတည်း ယှဉ်ပြိုင်ဖို့ သေချာသွားပြီ ဖြစ်တယ်လို့ သိရပါတယ်။
မိုင်းရှူးမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးကျော်ခင်နဲ့ မိုင်းရှူးမြို့နယ် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) မှ ဦးစိုင်းလင်းမြတ်တို့ဟာ ယောက္ခမနဲ့ သမက်တော်စပ်ပြီး မိုင်းရှူးမြို့နယ် မဲဆန္ဒနယ် ပြည်နယ်လွှတ်တော် အမှတ်(၁) မှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ စာရင်းပေးသွင်းထားကြတာ ဖြစ်ပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲ ၀င်ပြိုင်ဖို့ အမည်စာရင်းတင်သွင်းထားသူတွေကို ဒီဇင်ဘာ ၁၂ ရက်ကနေ ၁၉ ရက်အတွင်း စိစစ်ခဲ့ကြောင်း လွိုင်လင်ခရိုင်ရွေးကောက်ပွဲ ကော်မရှင်ရွေးကောက်ပွဲအရာရှိ ဦးသိန်းနိုင်က ပြောကြားထားတယ်လို့ 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။
စိစစ်မှုတွေပြီးသွားတဲ့အနေအထားမှာ မိုင်းရှူးမြို့ နယ်တွင်း ၂၇ ယောက်ဝင်ပြိုင်ဖို့ ကန့်ကွက်သူမရှိခဲ့ဘူးလို့ ဦးသိန်းနိုင်ကပြောထားတာ ဖြစ်ပါတယ်။
Photos & Source: 7Day Daily
Credit:Duwun