Foot

ဆောင်း တွင်း မှာထူထဲ တင်းကြပ်တဲ့ ဖိနပ်တွေအစား ပေါ့ပါးလွတ်လပ်တဲ့ ဖိနပ်မျိုးကို ဝတ်ပေးသင့်ပါတယ်။

၁ – ရေထိပေးပါ
ခြေထောက်တွေ ကြမ်းတမ်းခြောက်သွေ့တာမျိုး မဖြစ်ဖို့ တစ်ရက်မှာ နှစ်ကြိမ်တော့ ခြေထောက်ကို ရေထိပေးသင့်ပါတယ်။

၂ – ရေနွေးနဲ့ ပျားရည်
ရေနွေးနဲ့ပျားရည်ကို ရောစပ်ပြီး  ခြေထောက်တွေကို ဆေးကြောပွတ်တိုက်ပေးသင့်ပါတယ်။ ပျားရည်ဟာ ခြေထောက်တွေကို နူးညံ့ချောမွေ့စေသလို ပိုးသတ်စေနိုင်တဲ့ ပစ္စည်းတွေလည်း ပါဝင်ပါတယ်။
Foot
၃ – သံလွင်ဆီ
သံလွင်ဆီနဲ့ နှိပ်နယ်ပေးတာဖြစ်ပါတယ်။ ဖနောင့်ကွဲနေရင်လည်း နှိပ်နယ်ပေးလို့ရပါတယ်။ သံလွင်ဆီနဲ့ နှိပ်နယ်ပေးခြင်းဟာ သွေးလည်ပတ်မှုကို အလွန်ကောင်းမွန်စေပါတယ်။

၎ – ဖိနပ်
ထူထဲ တင်းကြပ်တဲ့ ဖိနပ်တွေအစား ပေါ့ပါးလွတ်လပ်တဲ့ ဖိနပ်မျိုးကို ဝတ်ပေးသင့်ပါတယ်။ အရမ်းအေးတဲ့ နေရာမှာ နေတဲ့သူတွေဆိုရင် ခြေအိတ်ဝတ်တဲ့အခါ ချည်သားစစ်စစ်မျိုးကိုသာ ဝတ်သင့်ပါတယ်။

Photos & Source: Zee News
Credit: Pho Thu Taw