သတင်းထောက်
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် လမ်း ၇၀၊ ၃၂လမ်း ၃၃ လမ်းကြားတွင် ဒီဇင်ဘာလ ၁၄ရက်နေ့ ည ၉ နာရီအချိန်ခန့်က The Farmer ဂျာနယ်မှ မန္တလေးအခြေစိုက် သတင်း ထောက် ကိုကျော်သူရမျိုး အား လူလေးယောက်မှ အုပ်စုဖွဲ့ရိုက်နှက်သွားသည်ဟု ကနဦး သတင်းများအရ သိရသည်။

ရိုက်ခံရသည့် ဒဏ်ကြောင့် မျက်နှာတွင် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး မန္တလေးဆေးရုံကြီး အရေးပေါ်ဌာနသို့ တင်ပို့ထားကာ ည ၁၁ နာရီခွဲအချိန်ထိ သတိမရသေးကြာင်း သိရသည်။

အခင်းဖြစ်ပွားသည့်နေရာမှာ မန္တလေးတိုင်းဝန်ကြီးချုပ်၏ နေအိမ်အနီးတွင်ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ-မူရင်ပိုင်ရှင်အား ခရစ်ဒစ်ပေးပါသည်။ နိုင်​လင်းဦး
Credit:Central News Myanmar