Transgender

လိင်ပြောင်းလဲမှုနဲ့ ကင်ဆာ အမျိုးသား အဖြစ် ပြောင်းလဲထားတယ်ဆိုပေမယ့် သားအိမ် ခေါင်းနဲ့ မွေးလမ်းကြောင်းကတော့ ရှိနေတာ ဖြစ်ပါတယ်။
ယောကျာ်းအဖြစ်ကနေ မိန်းမအဖြစ်ကို ပြောင်းတဲ့လူ၊ မိန်းမကနေ ယောကျာ်းအဖြစ် ပြောင်းတဲ့လူကို Transgender လို့ခေါ်ပါတယ်။ အင်္ဂါကိုပါ ပြောင်းလဲထားသူတွေဖြစ်ပါတယ်။Transgender
ဒီလိုပြောင်းလဲထားသူတွေမှာ ကင်ဆာဖြစ်ပွားမှုနှုန်း မြင့်တက်နေပါတယ်။ အထူးသဖြင့် အမျိုးသမီးဘဝကနေ အမျိုးသားအဖြစ် ပြောင်းထားသူတွေမှာ သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားမှုနှုန်း မြင့်တက်နေတာ ဖြစ်ပါတယ်။အမျိုးသားဘဝကို ပြောင်းထားတဲ့အတွက် သားအိမ်ခေါင်းကင်ဆာကို မစစ်ဆေးကြတော့ဘဲ ကင်ဆာဖြစ်တဲ့အခါ နောက်ကျမှ သိကြပါတယ်။ အမျိုးသားအဖြစ် ပြောင်းလဲထားတယ်ဆိုပေမယ့် သားအိမ်ခေါင်းနဲ့ မွေးလမ်းကြောင်းကတော့ ရှိနေတာ ဖြစ်ပါတယ်။

Transgender
အမျိုးသားဘဝကနေ အမျိုးသမီးပြောင်းထားတဲ့လူတွေလည်း ဆီးကျိတ်ကင်ဆာဖြစ်ပွားနေကြပြီး အမျိုးသမီးဘဝပြောင်းထားတဲ့အတွက် စစ်ဆေးမှုတွေ မလုပ်ကြတာ ဖြစ်ပါတယ်။ အနောက်နိုင်ငံတွေမှာ Transgender တွေအတွက် ကင်ဆာစစ်ဆေးမှုတွေကို လုပ်ဆောင်ဖို့ စီမံကိန်းတွေ ချမှတ်နေပါတယ်။

Source: Health Digest
Photo Source: MSN, CAMPAIGN4EQUALITY, Pacific Standard, ET