ဥပဒေ

မြန်မာယူ-၂၂ အသင်းနှင့်မလေးရှားယူ – ၂၂ အသင်းတို့ဒီဇင်ဘာအတွင်း ခြေစမ်းပွဲ နှစ်ပွဲ ကစားရန် စီစဉ်ခဲ့သော်လည်း မလေးရှား ဘောလုံးအဖွဲ့ချုပ် ဘက်က ဖျက်သိမ်းခြင်းကြောင့် ယခုနှစ်ပိုင်းအတွင်း မလေးရှားအ သင်းနှင့် ခြေစမ်းပွဲကစားတော့ မည်မဟုတ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအ ဖွဲ့ချုပ် အထွေထွေအ တွင်းရေးမှူး ဦးကိုကိုသိန်းကပြော သည်။

ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ များအရေး မြန်မာအစိုးရ၏ ကိုင် တွယ်ပုံကို ကန့်ကွက်သည့်အနေ ဖြင့် အဆိုပါချစ်ကြည်ရေးဘော လုံးပွဲနှစ်ပွဲကို ဖျက်သိမ်းကြောင်း မလေးရှားဘောလုံးအသင်း ပြော ရေးဆိုခွင့်ရှိသူတစ်ဦးက ဒီဇင်ဘာ ၁ ရက်၌ ပြောကြားပြီး ခြေစမ်းပွဲ ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။

‘‘သူတို့(မလေးရှား)ဘက်က ခြေစမ်းပွဲ ဖျက်သိမ်းလိုက်တဲ့အ တွက် ကျွန်တော်တို့ဆီကို ဖုန်းနဲ့ တောင်းပန်ခဲ့တယ်။ ဥက္ကဋ္ဌကို လည်းဖုန်းဆက်ပြီး တောင်းပန်ခဲ့ ပါတယ်။ ဒါပေမဲ့ လာမယ့် ၂ နှစ်၊ သုံးနှစ်အတွင်းမှာတော့ မလေး ရှား လက်ရွေးစင်အသင်းနဲ့ရော သက်တမ်းအလိုက် အသင်းတွေပါခြေစမ်းပွဲကစားတော့မှာ မဟုတ်ဘူး’’ဟု ဦးကိုကိုသိန်းကပြောသည်။
၂၀၁၇ မလေးရှားဆီးဂိမ်း ပြိုင်ပွဲအတွက် ပြင်ဆင်နေသည့် မြန်မာယူ-၂၂ လက်ရွေးစင်အ သင်းသည် ပဏာမ ကစားသမား ၂၇ ဦးဖြင့် ဖွဲ့စည်းထားပြီး ပြည်တွင်းကလပ်အသင်းများနှင့် ခြေစမ်းပွဲသုံးပွဲ ယှဉ်ပြိုင် ပြီးချိန်၌ သုံးပွဲစလုံး သရေရလဒ်ထွက်ပေါ်ထားသည်။

မြန်မာယူ-၂၂ အသင်း သည် ဒီဇင်ဘာ ၁၈ ရက်တွင် ဗီ ယက်နမ်နိုင်ငံက လက်ခံကျင်းပ မည့် ယူ-၂၁ ဖိတ်ခေါ်ဘောလုံး ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားပြီး ယင်းပြိုင်ပွဲမတိုင်မီ ခြေစမ်းပွဲ ကစားမည်မဟုတ် ကြောင်း သတင်းရရှိသည်။

ဆီးဂိမ်းပြိုင်ပွဲအတွက် အဓိ က ပြင်ဆင်နေသည့် မြန်မာယူ- ၂၂ အသင်း နည်းပြချုပ်အဖြစ် ၂၀၁၅ စင်ကာပူဆီးဂိမ်း၌ ငွေတံ ဆိပ်ရရှိအောင် စွမ်းဆောင်ပေး နိုင်ခဲ့သည့် နည်းပြချုပ် ဦးကြည် လွင်အား ခန့်အပ်တာဝန်ပေးထား သည်။

သို့သော် ဦးကြည်လွင်သည် ၂၀၁၆ အာဆီယံဆူဇူကီးဖလား ပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင်အ သင်း၏ လက်ထောက်နည်းပြအ ဖြစ် ဆောင်ရွက်နေသဖြင့် လက်ထောက်နည်းပြ ဦးကျော်လွင်က မြန်မာယူ-၂၂ အသင်းအား လေ့ကျင့်ပေးလျက်ရှိသည်။

Credit:7Day