ဦးကိုကိုကြီး (ဓာတ်ပုံ – စိုင်းဇော်)
၁၉၆၂ ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးအခင်းအလွန် တစ်ရက်ဖြစ်သော ဇူလိုင် ၈ ရက် နံနက်ပိုင်းတွင် သမိုင်းဝင် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အအုံမှာ အာဏာရှင်အစိုးရ၏ လက်ချက်ကြောင့် ဒိုင်းနမိုက်ဖြင့် ဖြိုခွဲ ဖျက်ဆီးခံခဲ့ရသည်။‘‘ဘာလုပ်လုပ် အစိုးရကို ဆန့်ကျင်တဲ့ အတိုက်အခံစင်မြင့်အဖြစ်နဲ့ အသုံးချခံရတာမျိုး မဖြစ်စေချင်ဘူး။ အစိုးရကို လော်ဘီလုပ်တဲ့သူတွေ အသုံးချတဲ့ ကျောင်းသားသမဂ္ဂလည်း မဖြစ်စေချင်ဘူး’’

ဗိုလ်ချုပ် အောင်ဆန်းကဲ့သို့သော ခေါင်း ဆောင်မျိုးကို မွေးထုတ်ပေးခဲ့သော တကသစင်မြင့်သည် ယမ်း ငွေ့များကြားတွင် ပြိုပျက်ခဲ့ရ သည်။ သို့သော် ဆရာကြီးသခင် ကိုယ်တော်မှိုင်းက ‘‘အဆောက်အ အုံကိုသာဖြိုလို့ရမယ်။ အမောင် တို့ ရင်ထဲက သမဂ္ဂစိတ်ဓာတ်ကို တော့ ဘယ်သူမှ ဖြိုလို့မရပါဘူး’’ ဟု ထိုစဉ်က ပြောကြားခဲ့သည်။ ခေတ်အဆက်ဆက် ကျောင်းသား ခေါင်းဆောင်များသည် အာဏာ ရှင်အစိုးရကို နှစ်ပေါင်းများစွာ တော်လှန်ကြပြီး ဖြိုဖျက်ခံရသော ကျောင်းသားသမဂ္ဂကို ပြန်လည် တည်ဆောက်ရန် ကြိုးပမ်းခဲ့ကြ သည်။ နောက်ဆုံးတွင် ပြည်သူလူ ထု ရွေးချယ်တင်မြှောက်ခဲ့သည့် အရပ်သားအစိုးရ တက်လာပြီး နောက် ကျောင်းသားဆက်ဆက် နှစ်ပေါင်း ၅၀ ကျော်ကြာ မျှော်လင့်ခဲ့ကြရသည့် သမိုင်းဝင် ကျောင်းသားသမဂ္ဂ အဆောက်အအုံကို ပြန်လည်တည်ဆောက်ပေးရန် ကတိက၀တ်ရရှိခဲ့ပြီဖြစ်သည်။ ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းရှိ သမိုင်းဝင် ကျောင်းသားသမဂ္ဂ အ ဆောက်အအုံရှိခဲ့သည့်နေရာတွင် ကျောင်းသားသမဂ္ဂ အဆောက်အ အုံသစ် ပြန်လည်တည်ဆောက် မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီး ဌာန ဒုတိယ၀န်ကြီး ဦးဝင်းမော် ထွန်းက ဒီဇင်ဘာ ၂ ရက်၌ ကျင်းပ သော ပြည်သူ့လွှတ်တော် အစည်း အဝေးတွင် ပြောကြားခြင်းဖြစ် သည်။ သို့ဖြစ်ရာ ယင်းကိစ္စရပ်နှင့် ပတ်သက်၍ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ဒုတိယ ဥက္ကဋ္ဌတာဝန် ထမ်းဆောင်ခဲ့သူ၈၈ မျိုးဆက် ကျောင်းသားခေါင်း ဆောင် ဦးကိုကိုကြီးနှင့် တွေ့ဆုံစဉ် မေးမြန်းခဲ့သည်များကိုကောက်နုတ်ဖော်ပြအပ်ပါသည်။

သမိုင်းဝင် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂအဆောက်အ အုံ ပြန်လည်တည်ဆောက်တော့ မယ်ဆိုတော့ သမိုင်းဆိုင်ရာတန်ဖိုး အကြောင်း ကျွန်တော်တို့ စပြော ကြတာပေါ့။

ကျောင်းသားသမဂ္ဂ အ ဆောက်အအုံဆိုတာ သာမန်ရုပ် ၀တ္ထုပစ္စည်းမဟုတ်ဘူး။ ကျွန်တော်တို့ နိုင်ငံရဲ့ နိုင်ငံရေးလှုပ်ရှားမှုသမိုင်းပေါ့။ အမျိုးသားရေးလှုပ်ရှားမှု၊ လွတ်လပ်ရေးလှုပ်ရှားမှု တစ်လျှောက်လုံးမှာ ကိုယ်၌က ကျောင်းသားထုရဲ့အခန်းကဏ္ဍက အတော်ကြီးတယ်။ ဒီနေ့ဒီအချိန်ထိ ကျွန်တော်တို့ တခမ်းတနားကျင်းပနေရတဲ့ အမျိုးသားအောင်ပွဲနေ့ဆိုတာ ကိုယ်၌က ပထမကျောင်းသားသပိတ်ကို ဂုဏ်ပြုပြီးတော့ ကျင်းပကြတာကိုး။ အဲဒီတော့ ကျောင်းသားသမဂ္ဂ အ ဆောက်အအုံလို့ပြောရင် သူ့ကို သာမန်ရုပ်ဝတ္တု အဆောက်အအုံလိုမျိုး ရှုမြင်လို့မရဘူး။ ဒါက သမိုင်းတန်ဖိုးတွေပါတယ်။ နိုင်ငံရေးအနှစ်သာရတွေပါတယ်။ အဲဒီတော့ ကျောင်းသားသမဂ္ဂ အ ဆောက်အအုံ ပြန်လည်ပေါ်ပေါက်ရေးဆိုတဲ့နေရာမှာ ရုပ်ဝတ္ထု အ ဆောက်အအုံ ပေါ်ပေါက်ရေးထက်ကို အဲဒီအဆောက်အအုံထဲမှာရှိတဲ့ သမိုင်းတန်ဖိုးတွေ၊ အ နှစ်သာရတွေပြည့်ဝတဲ့ ကျောင်း သားသမဂ္ဂဖြစ်လာဖို့အတွက် ကျွန် တော်တို့ မျှော်လင့်တယ်။

ဒီဘက်မျိုးဆက် ကျောင်းသားတွေ က နှစ်ပေါင်းများစွာ သမဂ္ဂဆိုတဲ့ အခွင့်အရေးကို မရခဲ့ကြဘူး။ အခု ပြန်ရတော့မယ်။ ကျောင်းသား သမဂ္ဂအဆောက်အအုံလည်း ပြန် ပေါ်လာတော့မယ်။ ဒါဟာကျောင်းသားထုအတွက်ရော နိုင်ငံအတွက်ပါ ဘယ်လိုအကျိုးရလဒ် တွေ ရလာမလဲ။

ကျောင်းသားရှိရင် ကျောင်း သားသမဂ္ဂရှိရမယ်ဆိုတာ ကျွန် တော်တို့ ခိုင်ခိုင်မာမာစွဲကိုင်ထား တဲ့ ရည်ရွယ်ချက်ပဲ။ ကျောင်းသား သမဂ္ဂဆိုတာ တစ်နည်းအားဖြင့် ကျောင်းသားထုရဲ့ လေ့ကျင့်ရေး ကွင်းပဲ။ ကျောင်းသားဘ၀မှာ အ သင်းအဖွဲ့နဲ့လုပ်တတ်တဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ၊ အလေ့အကျင့် တွေကို အနိမ့်ဆုံးအဆင့်မျှော်မှန်း လို့ရတယ်။ ဒီထက်ပိုပြီး မျှော်လင့် နိုင်တာကတော့ ကျောင်းသား သမဂ္ဂကနေပြီးတော့ နိုင်ငံရေး ခေါင်းဆောင်တွေ၊ နောက်သက် ဆိုင်ရာ နယ်ပယ်အသီးသီးကို တာ ၀န်ယူကြမယ့် ပညာရှင်တွေ စသဖြင့် အဲဒါတွေအားလုံးဟာ ကျောင်းသားသမဂ္ဂကနေပြီး မွေးထုတ်ပေးလိုက်တာ။ အထူးသဖြင့်တော့ ကျောင်းသားသမဂ္ဂဟာ နိုင်ငံရေးနဲ့ တော်တော်လေးဆက်စပ်နေတဲ့အခါကျတော့ မြန်မာနိုင်ငံမှာ အဓိကလိုအပ်နေတဲ့ ပရော်ဖက်ရှင်နယ်ပီသတဲ့ တကယ့်နိုင်ငံရေးသမား စစ်စစ်တွေကို မွေးထုတ်နိုင်ဖို့အထိ ကျွန်တော်တို့က မျှော်လင့်တယ်။ ကျောင်းသားတိုင်းကတော့ နိုင်ငံရေးသမားဖြစ် လာမှာမဟုတ်ဘူး။ ဒါပေမဲ့ ကျောင်းသားသမဂ္ဂကတော့ နိုင်ငံရေးနဲ့ တော်တော် ဆက်စပ်မှုများတော့ ကျောင်းသားသမဂ္ဂ ခေါင်းဆောင် တွေဟာ နိုင်ငံရေးနယ်ပယ်ကို ကူးပြောင်းလာကြတဲ့ အစဉ်အလာရှိ တော့ ကျောင်းသားသမဂ္ဂ ပြန်လည်ရှင်သန်လာတယ်ဆိုတာဟာ မြန်မာ့နိုင်ငံရေးကို ရှင်သန်အသက်ဝင်လာဖို့အတွက်လည်း အရေးကြီးတဲ့အခန်းကဏ္ဍမှာရှိနေတယ်။

ဒေါက်တာမောင်မောင် လက်ထက်မှာ သမဂ္ဂအဆောက်အအုံ ပြန်ဆောက်ဖို့ ကမ်းလှမ်းသေး တယ်နော်။

ကျွန်တော်တို့ ရှစ်လေးလုံးအ ရေးတော်ပုံကာလနဲ့ ပြန်ပြောင်း ပြောရရင် အဲဒီတုန်းက နိုင်ငံတော် သမ္မတ တာဝန်ယူတဲ့ ဒေါက်တာ မောင်မောင် လက်ထက်မှာ ကျောင်းသားသမဂ္ဂကို ပျော်ပျော် ပါးပါးကြီး အုတ်မြစ်ချကြရအောင် ဆိုပြီး ကမ်းလှမ်းခဲ့တာရှိတယ်။ ဖြစ်ချင်တော့ အဲဒီအချိန်က တစ်နိုင်ငံလုံး ပြုပြင်ပြောင်းလဲရေးအ တွက် လူထုတစ်ရပ်လုံးနဲ့အတူ ကျောင်း သားခေါင်းဆောင်တွေက တစ်နိုင်ငံလုံး အပြောင်းအလဲအ တွက် အာမခံချက်မရှိဘဲနဲ့ ကျောင်းသားသမဂ္ဂအဆောက်အအုံ ပြန် ဆောက်ဖို့ ကမ်းလှမ်းတဲ့အခါမှာ ကျွန်တော်တို့ လက်မခံနိုင်ခဲ့ဘူး။ ကျွန်တော်တို့ဟာ လူထုတစ်ရပ်လုံးရဲ့ ဒီမိုကရေစီရေးတိုက်ပွဲကနေပြီးတော့ သီးခြားခွဲထွက်ပြီးတော့ ဆောင်ရွက်မှာမဟုတ်ဘူးလို့ ကျွန်တော်တို့ အကြောင်းပြန်ခဲ့တယ်။ အဲဒီအချိန်မှာပဲ နောက်ထပ်ကမ်း လှမ်းမှုတစ်ခု ကျွန်တော်တို့ ထပ်ကြုံရတယ်။ ရန်ကုန်တက္ကသိုလ်ဆရာများ သမဂ္ဂကနေတစ်ဆင့် ထပ်ကမ်းလှမ်းတယ်။

တကယ်လို့ ကျောင်းသား သမဂ္ဂကို လက်မခံသေးဘူးဆိုရင် တောင်မှ အဆောက်အအုံကို ပြန် ဆောက်ရမလား၊ ဆောက်တဲ့အ ခါမှာ အရင်ဒီဇိုင်းအတိုင်း ဆောက် မလား၊ ဒါမှမဟုတ် ကိုယ့်ဘာသာ ကိုယ်စိတ်ကြိုက် အသစ်တည် ဆောက်မလား အစရှိသဖြင့် ကျွန် တော်တို့ကို ကမ်းလှမ်းတယ်။ အဲဒီ လို ကမ်းလှမ်းတဲ့အခါမှာ ကျွန်တော်တို့က လူထုရဲ့ ဒီမိုကရေစီရေးတိုက်ပွဲကနေပြီးတော့ ခွဲထွက်သွားမှာမဟုတ်ဘူး။ အခုအချိန်က ကျောင်းသားအရေး သက်သက် ဆောင်ရွက်ရမယ့်အချိန် မဟုတ် ဘူးလို့ အကြောင်းပြန်ချက်ကိုထပ်ပေးလိုက်တယ်။ နိုင်ငံရေးအ ပြောင်းအလဲနဲ့ တိုက်ရိုက်ဆက်စပ် နေတယ်ဆိုတာကို ကျွန်တော်ပြော ချင်တာ။

အဆောက်အအုံကို မူလနေရာမှာ ပြန်ဆောက်မှာဖြစ်တော့ အရင်က ရှိခဲ့ဖူးတဲ့ ကျောင်းသားသမဂ္ဂ အ ဆောက်အအုံဟောင်းရဲ့ သမိုင်းတန်ဖိုးလည်း မပျောက်ပျက်အောင် ဘယ်လို အကြံပြုချင်ပါသလဲ။

ဒီနေ့ဒီအချိန်မှာ ၂၀၁၅ ရွေး ကောက်ပွဲမှာ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် အပြတ်အသတ်အနိုင် ရပြီးတဲ့အခါမျိုးမှာ အပြောင်းအလဲ တချို့ဖြစ်လာတယ်။ အဲဒီထဲမှာ ကျောင်းသားသမဂ္ဂ အဆောက်အ အုံ ပြန်ဆောက်ဖို့ ကတိက၀တ်ကို လွှတ်တော်မှာ လာပြီးဖြေကြားတဲ့ အတွက်ကြောင့် တစ်ဖက်က ပြော ရင်တော့ ကျွန်တော်တို့ တစ်ချိန်က အင်မတန် မျှော်လင့်ခဲ့တဲ့အရာ ပေါ့။ တစ်ဖက်ကပြောရင်လည်း ကျောင်းသားသမဂ္ဂရဲ့ အနှစ်သာရပြည့်စုံဖို့ဆိုတာက သမိုင်းတန်ဖိုး တွေ၊ နိုင်ငံရေးအနှစ်သာရတွေပါ ပါဝင်လာဖို့အတွက်က ကျောင်းသားသမဂ္ဂနဲ့ သက်ဆိုင်နေတဲ့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေနဲ့ပါ ဆွေးနွေးအကြံဉာဏ်ရယူဖို့ လိုတယ်လို့ ကျွန်တော်မြင်တယ်။ ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ ကျွန်တော်တို့ ကိုယ့်ဘာသာ စုစည်းထားတဲ့ အဖွဲ့လေးတစ်ခုရှိတယ်။ ရန်ကုန်တက္ကသိုလ် ပြန်လည်ရှင်သန်ရေးနဲ့ တကသအဆောက်အအုံ ပြန်လည်တည်ဆောက်ရေး ဆိုတဲ့ အဖွဲ့အစည်းတစ်ခု ကျွန်တော်တို့ လုပ်ခဲ့တယ်။ အဲဒီမှာ ကွယ်လွန်သွားပြီဖြစ်တဲ့ ဆရာကြီး ဒဂုန်တာရာပေါ့။ ဆရာကြီးဆိုရင် တော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ခေတ်ပြိုင်ပေါ့။ ၁၉၃၆ အဲဒီ ကျောင်းသားမျိုးဆက်ကနေစပြီး တော့ ဒီဘက်ခေတ် ကျောင်းသားမျိုးဆက်တွေအထိ တောက်လျှောက် စုစည်းပြီးတော့ ကျွန် တော်တို့ ရန်ကုန်တက္ကသိုလ် ပြန် လည်ရှင်သန်ရေးနဲ့ တကသ အ ဆောက်အအုံ ပြန်လည်တည် ဆောက်ရေးဆိုပြီး ကျွန်တော်တို့ ဆွေးနွေးခဲ့တာတွေရှိတယ်။ အဲဒီ မှာ ကျွန်တော်က အဆိုပြုခဲ့တာရှိ တယ်။ တစ်ခုက သမိုင်းဆိုင်ရာ တန်ဖိုး၊ တစ်ခုကတော့ လက်ရှိ ခေတ်ရဲ့ လိုအပ်ချက်ပေါ့။ အဲဒီနှစ် ခုကို ဘယ်လိုဆက်စပ်မလဲလို့ ကျွန်တော်တို့ စဉ်းစားကြတဲ့အခါ ကျတော့ ကျွန်တော်က ဘာအကြံ ပြုလဲဆိုတော့ ၁၉၆၂ ဆဲဗင်းဂျူလိုင်ကနေ ကျောင်းသားသမဂ္ဂအ ဆောက်အအုံကြီး ဖောက်ဖွဲဖျက် ဆီးခံလိုက်ရတဲ့အခါ မြေပေါ်မှာ ပျက်စီးသွားပေမယ့် မြေအောက် မှာ ဖောင်ဒေးရှင်းလိုင်းတွေ ကျန် သေးတယ်။ အဲဒီလို ယူဆတယ်။ အဲဒါတွေပြန်တူးပြီးတော့ ရေရှည် တည်တံ့ခိုင်မြဲမယ့် နည်းစနစ်နဲ့ ဒီဖောင်ဒေးရှင်းလိုင်းတွေကို ပြန် လည်ထိန်းသိမ်းမယ့် နည်းစနစ်နဲ့ ဒါကိုထိန်းသိမ်း၊ ထိန်းသိမ်းပြီး တော့ အဲဒီအပေါ်မှာ လွယ်လွယ် ပြောရင်တော့ မှန်ခင်းတာပေါ့။ တိုးလျှိုပေါက်မြင်နေရတဲ့ ကြမ်း ပြင်လိုခင်းလိုက်ပြီးတော့မှ အပေါ် မှာ အဆောက်အအုံ ပြန်ဆောက် မယ်ဆိုရင် ၀င်လာတဲ့သူတိုင်းက တစ်ချိန်တုန်းက ဒီနေရာမှာ သမိုင်းဝင် ကျောင်းသားသမဂ္ဂ အ ဆောက်အအုံ ရှိခဲ့တယ်ဆိုတာကို အလိုအလျောက်ခံစားရမယ်။ ပြီး တော့မှ အပေါ်မှာ အဆောက်အအုံ ဒီဇိုင်းကို ၀ိုင်းစဉ်းစားကြမယ်ဆိုပြီး တော့ တွေးခဲ့တာတွေရှိတာပေါ့ နော်။ ဒါကို အဲဒီတုန်းက တက် ရောက်သူတွေ တော်တော်များများ လည်း သဘောတူကြတယ်။ အခု အခြေအနေမှာ စိုးရိမ်တာတစ်ခုက ဘာလဲဆိုရင်တော့ အရင့်အရင် ရန်ကုန်တက္ကသိုလ်ပါချုပ်က ဒီနေ ရာမှာ ကျောင်းသားတွေ မ၀င်နိုင် အောင် ကျောင်းသားတွေမစုစည်း နိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက် သက်သက်နဲ့ စိန်ပန်းပင်တွေကို တောင်တစ်ပင် မြောက်တစ်ပင် လျှောက်စိုက်ထားတယ်။ အရိပ် အာဝါသရအောင် ရှုချင်စဖွယ် မျက်စိပသာဒဖြစ်အောင် လုပ်တာ မဟုတ်ဘူး။ ရည်ရွယ်ချက်ကိုယ်၌ က ဒီနေရာကို လူဝင်လို့မရအောင် ဖျက်ဆီးချင်တဲ့ ရည်ရွယ်ချက်နဲ့ စိုက်တာဆိုတော့ ဒါဟာ အသုံးဝင် တဲ့တန်ဖိုးလည်း ဘာမှမရှိဘူး။ မရှိ တဲ့အပြင် ကျွန်တော်တို့ စိုးရိမ်တာ က အဲဒီအမြစ်တွေက ဖောင်ဒေး ရှင်းလိုင်းတွေကို ထိုးခွဲဖျက်ဆီးပစ် လိုက်ရင် သမိုင်းထုတွေပျောက်ဆုံး သွားမှာစိုးရတယ်။ ဆိုတော့ အဲဒီ ပါချုပ်က လုပ်တုန်းက ကျောင်း သားတွေ မ၀င်နိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်လောက်နဲ့ လုပ်ခဲ့ပုံရ တယ်။ အခုအချိန်မှာတော့ နံပါတ် တစ်အရေးအကြီးဆုံးက အဲဒီစိန်ပန်းပင်တွေကို အမြန်ဆုံးခုတ် ထွင်ပစ်ဖို့ပဲ။ ဒီအမြစ်တွေကို ဖောင်ဒေးရှင်းလိုင်းတွေ မထိခိုက်အောင် စနစ်တကျဖယ်ရှားပစ်ရ မယ်။ အဲဒါတော့ ကျွန်တော် ရှစ်လေးလုံး ကျောင်းသားခေါင်း ဆောင်တစ်ယောက်အနေနဲ့ ပထမဆုံးဖြစ်စေချင်တဲ့ဆန္ဒပါ။ နောက်တစ်ခုက အဆောက်အအုံပေါ်ပြီးတော့ အသက်ဝိညာဉ်မပါရင် အဓိပ္ပာယ်မရှိဘူး။ အဲဒီတော့ လက်ရှိ လူထု ရွေးကောက်တင်မြှောက် ထားတဲ့ အစိုးရအနေနဲ့ ကျောင်းသားသမဂ္ဂတွေရဲ့ လွတ်လပ်စွာရပ်တည်ခွင့်၊ ဖွဲ့စည်းခွင့်ကို နိုင်ငံရေးမူဝါဒတစ်ခု တိတိကျကျသတ်မှတ်ပေးရမယ်။ ဆုံးဖြတ်ပေးရမယ်။ ဒါမှ ကျောင်းသားသမဂ္ဂအ ဆောက်အအုံ ရုပ်ဝတ္ထုသက်သက်မဟုတ်ဘဲနဲ့ သူ့ရဲ့အသက်ဝိညာဉ်ပါပါတဲ့ ရှင်သန်တဲ့ ကျောင်းသား သမဂ္ဂ ဖြစ်လာမယ်။ ဒါကြောင့် ကျောင်းသားသမဂ္ဂ ပြန်လည်တည်ဆောက်ရေးဟာ အဆောက်အအုံကိစ္စ သက်သက်မဟုတ်ဘဲ သူ့ရဲ့အနှစ်သာရကိစ္စကိုပါ လေးလေးနက်နက် စဉ်းစားသင့်တယ်။ သူနဲ့ပတ်သက်ဆက်စပ်နေတဲ့ အဖွဲ့အစည်းတွေ ခေတ်အဆက်ဆက် ကျောင်းသားခေါင်းဆောင်တွေနဲ့ ဆွေးနွေးအကြံဉာဏ်ရယူသင့်တယ်လို့ထင်တယ်။

အစိုးရက ဘတ်ဂျက်လျာထား တယ်ဆိုပေမယ့် ပြည်သူတွေပါ ပါဝင်နိုင်မယ့် အနေအထားကို ဘယ်လိုဖြစ်သင့်ပါသလဲ။

အစိုးရက မတည်တာတော့ မတည်ပေါ့။ ဒါပေမဲ့ ကျောင်းသား သမဂ္ဂကို ချစ်မြတ်နိုးသူတိုင်း ပူး ပေါင်းပါဝင်နိုင်တဲ့ လှုပ်ရှားမှုကြီး တစ်ခုဖြစ်သင့်တယ်။ နောက်တစ် ချက်က ရန်ကုန်တက္ကသိုလ်ကြီးက လာမယ့် ၂၀၂၀ မှာဆို နှစ် (၁၀၀) ပြည့်တော့မယ်။ အဲဒီတော့ ကျောင်းသားသမဂ္ဂကိစ္စရော ရန်ကုန်တက္ကသိုလ် ရာပြည့်ကိစ္စပါ ခုကတည်းက ပြင်ဆင်မှုတွေ၊ ဆွေးနွေးတိုင်ပင်မှုတွေ လုပ်သင့်တယ်လို့ ယူဆတယ်။

၈၈ မျိုးဆက်အနေနဲ့က ကျောင်း သားသမဂ္ဂနဲ့ပတ်သက်ပြီး အရင် လုပ်ဆောင်ချက်တွေရှိတော့ အဲဒါ တွေကို အစိုးရဆီတင်ပြသွားဖို့ရှိပါ သလား။

အကောင်အထည်ဖော်ဖို့ အ ဖွဲ့ဖွဲ့စည်းတော့မယ်ဆိုရင် စောစောကပြောသလို ဆက်စပ်နေတဲ့ စိတ်ဝင်စားတဲ့သူတွေ ပါဝင်နိုင်အောင် ကျယ်ကျယ်ပြန့်ပြန့် ကမ်းလှမ်းသင့်တယ်လို့ ကျွန်တော် တော့ မြင်ပါတယ်။

အစိုးရဘက်က ကမ်းလှမ်းလာရင် ဒီဘက်က ကူညီဖို့အသင့်ပဲပေါ့။

ဟုတ်ပါတယ်။

ကျောင်းသားတွေအနေနဲ့ ဒီသမဂ္ဂ ဖွဲ့ခွင့်၊ ကျောင်းသားအရေးလှုပ် ရှားခွင့်တွေကို နှစ်ပေါင်းများစွာ ဆုံးရှုံးခဲ့ရတယ်။ အခု ပြန်ရလာ တော့မယ့် ဒီအခွင့်အရေးကို ဘယ် လို အသုံးချသင့်လဲဆိုတာကျောင်း သားထုကို ပြောပေးပါဦး။

ကျောင်းသားသမဂ္ဂဟာ လွတ်လပ်ဖို့ အရေးအကြီးဆုံးပဲ။ ဘာလုပ်လုပ် အစိုးရကို ဆန့်ကျင် တဲ့အတိုက်အခံစင်မြင့်အဖြစ်နဲ့ အ သုံးချခံရတာမျိုးမဖြစ်စေချင်ဘူး။ နောက်တစ်ခုကလည်း အစိုးရ လက်ကိုင်တုတ်ပေါ့။ အစိုးရကို လော်ဘီလုပ်တဲ့သူတွေ အသုံးချ တဲ့ ကျောင်းသားသမဂ္ဂလည်း မ ဖြစ်စေချင်ဘူး။ ကျောင်းသားတွေ ဟာ သူတို့အရွယ်မှာ သူတို့လူငယ် ဘ၀ရဲ့ လွတ်လပ်မှု၊ တက်ကြွမှု၊ စွန့်လွှတ်အနစ်နာခံလိုမှု အစရှိတဲ့ အရည်အချင်းတွေကို လွတ်လွတ် လပ်လပ် အသုံးချနိုင်တဲ့၊ ဖော် ထုတ်နိုင်တဲ့ ကျောင်းသားသမဂ္ဂမျိုး ပဲ ဖြစ်စေချင်တယ်။ အကြောင်း အရာတစ်ခုချင်းစီအလိုက် ဒီကိစ္စ မှာ ထောက်ခံသင့်တယ်။ တိုင်း ပြည်အတွက် အကျိုးရှိတယ်၊ ထောက်ခံတယ်။ ဒီကိစ္စမှာ တိုင်း ပြည်အတွက် နစ်နာမယ်ထင်လို့ ကန့်ကွက်သင့်တယ်ထင်ရင်လည်း ကန့်ကွက်မယ်။ ဒါက ပါတီနိုင်ငံ ရေးမဟုတ်တဲ့ တစ်မျိုးသားလုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေပေါ့။ အ ခြေခံအကျဆုံးဖြစ်တဲ့ ကျောင်း သားထုနဲ့ပတ်သက်တဲ့ အခွင့်အ ရေးကိစ္စတွေမှာလည်း ကျောင်း သားထုရဲ့ ပညာသင်ကြားရေးနဲ့ ပတ်သက်လို့၊ သူတို့ရဲ့ ကျန်းမာ ရေး ကြံ့ခိုင်ရေးနဲ့ ပတ်သက်လို့ ဘာတွေလုပ်သင့်တယ်ဆိုတဲ့ ကိစ္စ မျိုးတွေမှာ ကျောင်းသားထုအခွင့် အရေးတွေ ပိုမိုရရှိအောင် တိုးမြှင့် ဆောင်ရွက်မယ် အစရှိသဖြင့်ပေါ့ နော်။ ခုနက တစ်နိုင်ငံလုံးနဲ့ပတ် သက်လို့ မဖြစ်မနေပါရတော့မယ့် ကိစ္စမျိုးတွေမှာဆိုရင်လည်း အစိုး ရရယ်၊ အတိုက်အခံရယ် ဆိုတာ မျိုးမဟုတ်ဘဲနဲ့ သူတို့ရဲ့ လွတ်လပ် တဲ့ သဘောဆန္ဒကို ထင်ဟပ်စေတဲ့ ကျောင်းသားသမဂ္ဂမျိုး ဖြစ်သင့် တယ်လို့ မြင်ပါတယ်။

ဘာများ ဖြည့်စွက်ပြောချင်တာရှိ ပါသေးလဲ ခင်ဗျာ။

ကျွန်တော်တို့ ထပ်ကာတလဲ လဲ ပြောချင်တဲ့ကိစ္စက အရင်အစိုး ရလက်ထက်က ဝေါဟာရတွေကို ကြောက်တာရှိတယ်။ အင်္ဂလိပ်စာ လုံးထဲမှာ ဖက်ဒရယ်ဆိုတဲ့ စကား လုံးကို ကြောက်တယ်။ ပါဠိထဲမှာ သမဂ္ဂဆိုတဲ့ စကားလုံးကိုကြောက် တယ်။ ကြောက်တဲ့အခါကျတော့ ကျောင်းသားသမဂ္ဂလို့ ရိုးရိုးရှင်း ရှင်း ခေါ်ရမယ့်အစား ကျောင်း သားယူနီယံတို့ ဘာတို့ ဝေ့လည် ကြောင်ပတ်တွေ လျှောက်လုပ်နေ တယ်။ အမှန်က အတူတူပဲလေ။ အဓိပ္ပာယ်မရှိဝေါဟာရတွေကို အ ငြင်းပွားနေတဲ့ ခေတ်ကိုတော့ ကျော်လွန်ခဲ့ပြီ။ ကျောင်းသား သမဂ္ဂဆိုတာကို အခု တရားဝင်သုံး စွဲလာပြီ။ ကျောင်းသားသမဂ္ဂ အ ဆောက်အအုံလည်း ဆောက်ဖို့ သဘောထားရှိလာပြီဆိုတော့ ဒါ တွေဟာ တိုးတက်လာတဲ့ လက္ခ ဏာတွေအဖြစ် ကျွန်တော်တို့ ကြို ဆိုပါတယ်။ ဒါပေမဲ့ တစ်ခုပဲ။ ဒါ ဟာ ရုပ်ဝတ္ထုတစ်ခုသက်သက်မ ဟုတ်ဘူး။ သူ့ကို အသက်ဝိညာဉ် ပေါ့။ ကျောင်းသားသမဂ္ဂတွေ လွတ်လပ်စွာ ရပ်တည်ပိုင်ခွင့်၊ ဖွဲ့ စည်းခွင့်တွေကို တစ်ပါတည်း မူဝါဒအဖြစ် ပြဋ္ဌာန်းပေးမှ ပေါ် ပေါက်လာမယ့် ကျောင်းသား သမဂ္ဂ အဆောက်အအုံဟာ ကျောင်းသားတွေနဲ့ တက်ကြွနေ တဲ့၊ စည်ကားနေတဲ့၊ အသက်ဝင် နေတဲ့ အဆောက်အအုံကြီးဖြစ်ဖို့ အတွက်ကို စဉ်းစားဆုံးဖြတ်ပေး သင့်တယ်လို့ မြင်ပါတယ်။

အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
Credit:7Day