သမ္မတဦးထင်ကျော် ကမ္ဘောဒီးယားနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်မည်

နိုင်ငံတော်သမ္မတဦးထင်ကျော် (ဓာတ်ပုံ – နိုင်ငံတော်သမ္မတရုံး)
နိုင်ငံတော်သမ္မတဦးထင် ကျော်သည် ကမ္ဘောဒီးယားဘုရင် ၏ ဖိတ်ကြားချက်အရ နှစ်နိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ဖေ ဖော်ဝါရီလဆန်းတွင် ကမ္ဘောဒီး ယားနိုင်ငံသို့ သုံးရက်ကြာသွား ရောက်မည်ဖြစ်ကြောင်း နိုင်ငံခြား ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးကျော်ဇေယျက ပြောသည်။
‘‘လဆန်းပိုင်းမှာ သွားပါမယ်။ သုံးရက်လောက်ကြာမယ်။ ကမ္ဘောဒီးယားဘုရင်က ဖိတ်တာပေါ့။ ချစ်ကြည်ရေးခရီးစဉ်လို့ ပြောလို့ ရပါတယ်။ အာဆီယံနိုင်ငံ့ခေါင်း ဆောင်တွေက ဒီလိုနိုင်ငံတွေကို သွားရောက်လည်ပတ်ကြတာ ပေါ့’’ဟု အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျက 7Day Daily အား ပြောကြားသည်။

သမ္မတဦးထင်ကျော်၏ ကမ္ဘောဒီးယားခရီးစဉ်တွင် နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လိုက်ပါ မည်မဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

သမ္မတဦးထင်ကျော်သည် အာဆီယံနိုင်ငံများသို့ သွားရောက်လည်ပတ်မှုများ ပြုလုပ်လျက်ရှိရာ ၎င်းသမ္မတတာဝန်ယူပြီးနောက် ထိုင်း၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံ များသို့ သွားရောက်ခဲ့ပြီး ဖြစ်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က လည်း အာဆီယံနိုင်ငံများဖြစ် သော လာအို၊ ထိုင်း၊ စင်ကာပူ စသည့်နိုင်ငံများသို့ သွားရောက် လည်ပတ်ခဲ့သည်။

Credit: 7Day