အက်ဒ်ရှီယန်က ရင်ဖွင့်ခဲ့တာပါ။

အက်ဒ်ရှီယန်နဲ့ သူ့ရဲ့အချစ်ဆုံး တေလာဆွစ်တို့ဟာ ကျောင်းတုန်းက ပေါ်ပြူလာ မဖြစ်ခဲ့ကြတဲ့အတွက် ဂီတမှာ အောင်မြင်အောင် အင်တိုက်အားတိုက် ကြိုးစားခဲ့ကြောင်းကို အက်ဒ်က GQ မဂ္ဂဇင်းကို ပြောပြခဲ့တာ ဖြစ်ပါတယ်။
၂၀၁၁ ခုနှစ်မှာ ဂီတလောကထဲကို ဗြုန်းခနဲ ဝင်ရောက်လာတဲ့ အက်ဒ်ရှီယန်ရဲ့ ပထမဆုံး အယ်လ်ဘမ်နှစ်ခုဟာ ကမ္ဘာတစ်လွှားမှာ အရောင်းရဆုံးစာရင်းတွေထဲမှာ ပါဝင်ခဲ့ပြီး အောင်ပွဲခံနိုင်ခဲ့သူပါ။
အခက်ခဲဆုံးလောကတစ်ခုမှာ အောင်မြင်အောင် လုပ်ချင်တဲ့ အာသီသက သူ့မှာ အမြဲရှိခဲ့တယ်လို့ ယင်းအင်တာဗျူးမှာ အက်ဒ်က ဖွင့်ဟခဲ့တာ ဖြစ်ပါတယ်။
play

“တေလာက ကျောင်းမှာ ဘယ်တုန်းကမှ ပေါ်ပြူလာမဖြစ်ခဲ့ဘူး။ ကျွန်တော်လည်း မဖြစ်ခဲ့ဘူး။ သူက ကမ္ဘာပေါ်မှာ နာမည်အကြီးဆုံး အမျိုးသမီးအဆိုတော်ဖြစ်ချင်သလို ကျွန်တော်ကလည်း နာမည်အကြီးဆုံး အမျိုးသားအဆိုတော်ဖြစ်ချင်တယ်” လို့ သူတို့အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ရဲ့ စိတ်ကူးတွေကို အက်ဒ်က ပြောပြခဲ့တာပါ။
“ကိုယ်တစ်ခုခု မလုပ်နိုင်တဲ့အခါ ကိုယ့်ကိုယ်ကို အမြဲတမ်း ပြောနေတဲ့စကားလိုပေါ့။ ငါလုပ်နိုင်၊ ငါလုပ်နိုင်တယ်လို့ ပြောခဲ့တယ်” လို့ သူ့စိတ်ကို တွန်းအားပေးခဲ့ရပုံကိုလည်း ပြောပြခဲ့ပါတယ်။
ဂီတဖန်တီးရာမှာ စိတ်အားထက်သန်လှတဲ့ အသက် ၂၅ နှစ်အရွယ် အဆိုတော် အက်ဒ်ရှီယန်ဟာ တစ်နှစ်ကြာ အနားယူခဲ့ပြီးတဲ့နောက် ဂီတလောကကို ပြန်လည်ဝင်ရောက်လာတာ မကြာသေးပေမဲ့ Single သီချင်း ၂ ပုဒ် ‘Shape of You’ နဲ့ ‘Castle on the Hill’ကို ထုတ်လွှင့်ခဲ့ပြီး Castle on the Hill ကို သီချင်းဗီဒီယိုပါ ထုတ်လွှင့်ခဲ့ပါတယ်။
မတ်လ ၃ ရက်နေ့မှာလည်း သူ့ရဲ့တတိယမြောက် အယ်လ်ဘမ်ကို ဖြန့်ချိတော့မှာ ဖြစ်ပါတယ်။
“÷ က မတ်လ ၃ ရက်နေ့ ထွက်မယ်။ ကိုယ့်နိုင်ငံရဲ့သန်းခေါင်ယံချိန်မှာ ကြိုတင်မှာယူလို့ရပါလိမ့်မယ်” လို့ အက်ဒ်ရှီယန်က ဇန်နဝါရီလ ၁၂ ရက်နေ့မှာ တွစ်တာကနေရာ အင်စတာဂရမ်ကပါ ကြေညာခဲ့ပါတယ်။
ယခုသီချင်းထဲမှာ သူ့ရဲ့ငယ်ဘဝကို ပြသခဲ့သလို အယ်လ်ဘမ်သစ်ထဲက သီချင်းတွေထဲမှာလည်း အက်ဒ်ရှီယန်ရဲ့ အယ်လ်ဘမ်သစ်ထဲမှာ သူ့ရဲ့ အတိတ်က အချစ်ဇာတ်လမ်းတွေ၊ မိသားစုဘဝနဲ့ ဂီတလုပ်ငန်းက အတွေ့အကြုံတွေကို ပရိသတ်ကို ထုတ်ပြသွားမှာ ဖြစ်ပါတယ်။
Source & Photos : Daily Mail
Credit: Duwun