အားကစား

ကိုဟမ်ဟာ မော်တော်ကားစက်ရုံရဲ့ လုပ်သားတစ်ဦးဖြစ်ပြီး အပျော်တမ်း ဘောလုံးသမားလည်း ဖြစ်ခဲ့ပါတယ်။

အာဆင်နယ်ကစားသမားသစ် ကိုဟမ်ဘရာမဲလ်
အများမထင်မှတ်ထားတဲ့ ဇန်နဝါရီအပြောင်းအရွှေ့တစ်ခုကို အာဆင်နယ်အသင်း ပြုလုပ်လိုက်ပြီဖြစ်ပြီး လူသိမမထင်ရှားတဲ့ ဘောလုံးသမားတစ်ဦးကို ခေါ်ယူစာချုပ် ချုပ်ဆိုလိုက်တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းကမှ Bentley မော်တော်ကား စက်ရုံမှာအလုပ်လုပ်နေခဲ့တဲ့ လူငယ်လေးတစ်ဦးဟာ အခုဇန်နဝါရီလထဲမှာ အာဆင်နယ်အသင်းကို ရောက်လာခဲ့တာဖြစ်ပါတယ်။ အသက် ၂၀ အရွယ်ရှိပြီဖြစ်တဲ့ ကိုဟမ်ဘရာမဲလ်ဆိုတဲ့ လူငယ်လေးဟာ ပရော်ဖက်ရှင်နယ်စစ်စစ် ဘောလုံးသမားတစ်ဦးအဖြစ် ရှိနေခဲ့တာမဟုတ်ပါဘူး။ ဟက်နက်စ်ဖို့ဒ်အသင်းမှာ ဘယ်နောက်ခံ ကစားသမားတစ်ဦးအဖြစ် ကစားနေခဲ့တဲ့ ကိုဟမ်းဟာ ခြေစွမ်းကောင်းမွန်တဲ့အတွက် ပရီးမီးယားလိဂ်အသင်းတွေ မျက်စိကျခဲ့တာဖြစ်ပါတယ်။
ကိုဟမ်ဟာ အာဆင်နယ်အသင်းကို ရောက်မလာခင် ခရစ္စတယ်ပဲလေ့စ်နဲ့ ရှက်ဖီးလ်ဝမ်နက်စ်ဒေးအသင်းတို့မှာ ခြေစွမ်းစမ်းသပ်ခံခဲ့ပါသေးတယ်။ ဒါပေမယ့် အဲဒီအသင်းတွေက အပြီးသတ်မခေါ်ရသေးခင်မှာ ကိုဟမ်ကို အာဆင်နယ်အသင်းက ကမ်းလှမ်းပြီး စာချုပ်ချုပ်လိုက်တာ ဖြစ်ပါတယ်။ လူငယ်ကစားသမား ကိုဟမ်ဟာ အာဆင်နယ်အသင်း ယူ-၂၃ အသင်းမှာ ကစားရမှာ ဖြစ်ပြီး တစ်ပတ်လုပ်လစာ ပေါင် လေးထောင်ခန့် ရရှိမှာဖြစ်ပါတယ်။


အာဆင်နယ်အသင်းကို ရောက်မလာခင်တုန်းကတော့ ကိုဟမ်ဟာ Bentley မော်တော်ကားစက်စက်ရုံမှာ တစ်ပတ်လုပ်ခ စတာလင်ပေါင် လေးရာသာ ရရှိခဲ့သူပါ။ အဲဒီနောက် ကိုဟမ်ဟာ ဒီဇင်ဘာလအတွင်းမှာ အဆိုပါစက်ရုံကနေ အလုပ်ပြုတ်ခဲ့ပြီးတစ်လအတွင်းမှာပဲ အာဆင်နယ်အသင်းကို ရောက်လာခဲ့တာပါ။
Source : Mirror

Credit: Duwun
Link: http://www.duwun.com.mm/sports/epl/-id6031323.html

READ  အတွေ့အကြုံ ကောင်း တွေ ရဖို့မျှာ်လင့်ပြီး မြန်မာနိုင်ငံ ကို လာခဲ့တဲ့ အင်တာမီလန် လူငယ် အသင်း

LEAVE A REPLY