crime

စမ်းချောင်းမြို့နယ်၊ ကျွန်းတောကျောင်းတိုင်ရှိ သီလရှင်ဆရာကြီးကို ဓါးဖြင့် ခုတ်သတ်ခဲ့သည်ဆိုသူကို
အနောက်ပိုင်းခရိုင်တရားရုံးက ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ (၂) အရ အလုပ်နှင့်ထောင်ဒဏ်
၁၀ နှစ်ကျခံစေရန် ဇန်န၀ါရီ ၁၂ ရက်နေ့တွင် အမိန့်ချမှတ်ခဲ့သည်။

၂၀၁၆ ခုနှစ် ဧပြီလ ၂၀ ရက်နေ့ နံနက် ၇ နာရီခွဲ အချိန်ခန့်တွင် စမ်းချောင်းဘားဂရာကျောင်းတိုက်ရှိ
သီလရှင် ကျောင်းတိုက်တွင် ဆေးကုသရန် လာရောက်တည်းခို နေထိုင်ပြီး သီလရှင်ဆရာကြီးနှင့်
ဆွေမျိုးမကင်းသူ ကျော် သူရထွန်းက ၄င်းအိပ်သည့်နေရာအနီး တံမြတ်စည်းမလှဲရန်
တရားလိုအမျိုးသမီးကို အော်ဟစ်ပြောဆိုခဲ့သည်။

ထိုသို့ပြောဆိုပြီးနောက် သီလရှင်ဆရာကြီးက ကျော်သူရထွန်း အိပ်နေသည့် နေရာအနီးသို့
တံမြတ်စည်းသွားလှဲစဉ် အနီးရှိ ထင်းခုတ်သည့် ဓါးဖြင့် ခုတ်ခဲ့သောကြောင့် သီလရှင်ဆရာကြီး၏
ဦးခေါင်းနောက်စေ့၊ ဇတ်ပိုး ပြတ်ရှဒဏ်ရာများ ရရှိကာ သေဆုံးသွားပြီး စမ်းချောင်းမြို့မရဲစခန်းက
(ပ)၁၄၅/ ၁၆ ပြစ်မှု ဆိုင်ရာဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့်လှစ်ခဲ့ပြီး ဥပဒေအကြံပြု တောင်းခံ၍
ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂(၂) အရ အနောက် ပိုင်းခရိုင်တရားရုံးသို့ တရားစွဲဆိုတင်ပို့ခဲ့သော
အမှုဖြစ်သည်။

ပြစ်မှုကျူးလွန်သူ ကျော်သူရထွန်းကို ပြစ်မှုကျူလွန်းကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ရာဇသတ်ကြီး
ဥပဒေပုဒ်မ ၃၀၂ (၂) အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်ကျခံရန်နှင့် ချုပ်ရက်များကို
ထုတ်နုတ်ခံစားရန် အနောက်ပိုင်းခရိုင် တရားရုံးက အမိန့်ချမှတ်ခဲ့သည်။

Credit: The Myanmar Times
Link:http://myanmar.mmtimes.com/index.php/crime/23932-2017-01-12-13-43-18.html