ငွေတာရီဗဟုသုတ အလို့ငှာ တင်ဆက်လိုက်ရပါသည်။
ဒီအကြောင်းပြောပြီဆိုရင် ဝေဒကျမ်းကို နည်းနည်းဖေါ်ပြရတော့မှာပါ ။ ဒီလိုပါ . . .
ဝေဒကျမ်းထဲမှာ ရှေးပဝေဏသီက အိန္ဒိယပြည် အနောက်မြောက်ဘက်ကနေ စတင်ဝင်ရောက်ခဲ့တဲ့ ရှေးအာရိယန်အနွယ် လူမျိုးစုတွေဟာ ဘာသာရေး ယဉ်ကျေးမှု အတွေးအခေါ်တွေ အများကြီး ပါလာခဲ့ပါတယ် ။
ဗေဒင်ပညာလို့ခေါ်တဲ့ ဝေဒင်္ဂ ဆိုတာဟာ အဲ့ဒီ့ဝေဒကျမ်းတွေရဲ့ နောက်ဆက်တွဲအပိုင်းဖြစ်တဲ့ သူတြကျမ်း များမှ ဇောတိသဝေဒင်္ဂကျမ်းတွေကိုသာ အဓိက အခြေပြုထားခဲ့ပါတယ် ။ အဲ့ဒီ့ဝေဒကျမ်းဂန်တွေထဲက သူရဿတီနဲ့ ပတ်သတ်တာကတော့ ရိဂ်ဝေဒကျမ်းမှာ ဖြစ်ပါတယ် ။ ထိုကျမ်းဟာ အလွန်ရှေးကျပြီး သက်မဲ့ဖြစ်တဲ့ တော တောင် ရေ မြေ စတဲ့ သက်မဲ့တွေကိုရော လူတွေရဲ့ စိတ်စေတသိက်တွေမှာဖြစ်ပေါ်တဲ့ ချစ်ခြင်း မုန်းခြင်း အစရှိတဲ့ စိတ္တဇ နာမ်တွေမှာရောပါ သက်ရှိ နတ်ဒေဝတာတွေ ဒေဝီတွေ တန်ခိုးဣဒ္ဓိပါဒ်ရှင်တွေအဖြင့် မှတ်ယူကြောက်လန့် ကိုးစားခဲ့တဲ့ ခေတ်လောက်ကပင် စတင်ပေါ်ပေါက်ခဲ့ပါတယ် ။ သုတေသီ ပညာရှင်တွေက ဘီစီ ၂၀၀၀ ဝန်းကျင်လောက်မှာ ရိဂ်ဝေဒကျမ်း စတင်ပေါ်ပေါက်နိုင်ပါတယ်လို့ ဆိုပါတယ် ။
သဘာဝတရားအားလုံးကို နတ်ဘုရားများအဖြင့် ယုံကြည်ခဲ့ကြပြီး လင်္ကာတွေရော ဂါထာတွေပါ ပေါင်းရင် ၁၀၂၈ ပုဒ်အထိ ရိဂ်ဝေဒမှာ ပါဝင်ပါတယ် ။ သို့သော် နတ်ဘုရားချင်း အတူတူပေမယ့် အဆင့်အတန်းခွဲထားမှုဟာ တန်ခိုးအကြီးဆုံးဆိုသော နတ်သမီးတွေကပင် တန်ခိုးအနိမ့်ဆုံး အညံ့ဆုံး နတ်သားတွေနဲ့ တန်းတူ သတ်မှတ်ကြခြင်းပါပဲ ။ အဲ့ဒီလို ဆိုပါတယ် ။
ရှေးအီဂျစ်တွေဟာ သူတို့ လယ်ယာစိုက်ပျိုး အသက်မွေးနိုင်အောင် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင် ကောင်းကျိုးပြုနေတဲ့ နိုင်းလ်မြစ်ကြီးကို Father Nile လို့ ဒီလိုဖွင့်ဆိုထားတာ အနောက်စာပေတွေမှာ တွေ့ရပါတယ် ။ ဒါဟာ တင်စားမှတ်ယူပြီး သူတို့ကိုအကျိုးပြုတာမှာ ပူဇော်ပသတဲ့သဘောတရားပါပဲ ။ အဲ့လို တင်စားခဲ့ရာကနေ ဖခင် နိုင်းလ်မြစ်ကို ယဇ်ပူဇော်တဲ့အနေနဲ့ ချောမောလှပတဲ့ မိန်းမပျိုတွေကိုပါ အရှင်လတ်လတ် ရေနစ်သတ်ခဲ့ပါတယ် ။ သက်မဲ့တွေ သတ်ရှိတွေ မှတ်ယူကိုးကွယ်ရာကနေ ထိုခေတ်မှာ တစ်ကမ္ဘာလုံး အနှံ့အပြား ထွန်းကားခဲ့ပါတယ် ။ ၄င်းခေတ်က အိန္ဒိယတွင် ဂင်္ဂါမြစ်ကို မိခင်ဂင်္ဂါ Mother Ganges လို့ အလေးအမြတ် ထားခဲ့ကြပါတယ် ။
ရှေးဟောင်း အာရိယန်တွေကလည်း သူတို့အခြေချရာ ပန်ဂျပ်နယ်တစ်ဝိုက်က ဂျမ္မနားမြစ်နဲ့ ရေကိုပေးစွမ်းနိုင်သော သရသွတီမြစ်ကို အလေးအမြတ်ထားခဲ့ကြပါတယ် ။ ဒါကြောင့် မြစ်နတ်သမီးတွေထဲမှာ အရေးထားတဲ့ သဘောနဲ့ ရိဂ်ဝေဒကျမ်း လင်္ကာတစ်ပုဒ်မှာ သရသွတီလို့ ဆိုထားတာတွေ့ရပါတယ် ။ လင်္ကာမှာက မိခင်များ မြစ်များ နတ်သမီးများအနက် အမြင့်မြတ်ဆုံးဖြစ်သည် ။ မပြတ်ယိုစီးနေသော သူမ၏ သားမြတ်သည် အမျိုးမျိုးသော စီးပွားချမ်းသာတို့ကို ဝေကမ်း၏ ။ စည်းစိမ်ဥစ္စာ အစာအာဟာရ သာသမီးတို့ကိုလည်း ပေးကမ်း၏လို့ သရသွတီကို ချီးမွှမ်းဖွင့်ဆိုထားပါတယ် ။ ထိုအလေ့အထနဲ့ဆက်လျင်းပြီး နီပေါမှာလဲ တစ်နှစ်မှာ တစ်ရက်ကို သူရဿတီမယ်တော်ပူဇော်ပွဲအဖြစ် သတ်မှတ်ပြီး ပွဲတော်များ ကျင်းပကြပါတယ် ။
နောက်တစ်ခုကို ဖေါ်ထုတ်ရရင် မဟာဇေယျသင်္ခယာဘွဲ့ခံ သံတော်ဆင့် အမတ်မင်းစီရင်တဲ့ ဝေါဟာရလီနတ္တဒီပနီမှာ မြန်မာဘာသာ သူရဿတီနတ်သမီးခေါ်ကြသည်မှာ အမရကောသအဘိဓါန်ကျမ်းတွင် ဗြဟ္မီ = ဗြဟ္မာ ၌ဖြစ်သော သူရဿတီနတ် ဘာရတီ = စကားကိုဝေဖန်တက်သော သူရဿတီနတ် သရသွတီ = ရေအိုင်နေရာ၌ ရှိသော သူရဿတီနတ်ဟူ၍ ပရိယာယ် သုံးပုဒ်ပြပါတယ် ။ ဝေါဟာရ လီနတ္တဒီပနီကျမ်းမှာ သူရဿတီကို ဗြဟ္မာ၌ဖြစ်သော သူရဿတီနတ်လို့ အဘိဓာန်ဖွင့်ဆိုကြတာတွေ့ရပါတယ် ။ ဒါတွေဟာ အိန္ဒိယဝေဒကျမ်းတွေပါ ။
အဲ့ဒီ့နောက် ဗြဟ္မဏကျမ်းတွေထွန်းကာတဲ့ ခေတ်ရောက်တော့ မြစ်စောင့်နတ်သမီးမဟုတ်တော့ပဲ အဲ့ဒီ့ထပ် သာလွန်ဖွင့်ဆိုကြပြီး လောကကို ဖန်ဆင်းရှင်ဗြဟ္မာကြီးရဲ့ သန့်စင်တဲ့သွေးမှ ဖြစ်ပေါ်လာတဲ့ သမီးတော်အဖြစ် ဖေါ်ပြလာကြပါတယ် ။ ဝါစာလို့ ခေါ်တဲ့ စကားဆိုင်ရာနတ်သမီး ဝိဇ္ဇာသိပ္ပံပညာ အနုသုခုမပညာအရပ်ရပ်ကို ပေးစွမ်းနိုင်တဲ့ နတ်သမီး ပူဇော် ကိုးစားသူအပေါင်းကို ကောင်းမြတါချိုသာသောစကားတာ ပြောဖြစ်အောင် စောင်မပေးနိုင်တဲ့ နတ်သမီးအဖြင့် အမျိုးမျိုး အမွှမ်းတင်ဖွင့်ဆိုလာခဲ့ပါတယ် ။ သို့သော် ဣရုဝေဒဏ္ဍကျမ်းမှာ ဗြဟ္မာရဲ့ ဇနီးမယားအဖြစ် ဖွင့်ဆိုထားပြီး ပူရာဏ်ကျမ်းတစ်ခုမှာတော့ ဗြဟ္မာ ဗိဿနိုးနဲ့ သီဝတို့ သုံးဦးပေါင်းပြီး သူရဿတီကို ဖန်ဆင်းခဲ့တယ် ။ အဲ့ဒီ့နတ်သမီးဟာ ဗိဿနိုးနဲ့ ဆက်ဆံတော့ လက်ချမီး သီဝနဲ့ဆက်ဆံတော့ ပါရပတီဒေဝီ ( ကာလီမယ်တော် ) ဖြစ်ပြီး မဟာဗြဟ္မာနဲ့ ဆက်ဆံတဲ့အခါကျတော့ သူရဿတီဆိုပြီး ဖွင့်ဆိုထားတာ တွေ့ရပါတယ် ။ တချို့ပူရာဏ်၌ကျမ်းတွေမှာ မဟာဗြဟ္မာက သူ့သမီးတော်ကို ပြစ်မှားဖို့ ကြံစည်တဲ့အခါ သီဝက မိသွားလို့ စိတ်ဆိုးပြီး ဗြဟ္မာကြီးရဲ့ ဦးခေါင်းငါးလုံးအနက် တစ်လုံးကိုဖြတ်ယူပြီး သူ့ရဲ့ တတိယမျက်လုံးကို ဖွင့်ခဲ့ပါတယ်လို့ ဆိုပါတယ် ။ grin emoticon
ဒါကြောင့် အခုဗြဟ္မဏဘာသာဝင်တွေ ကိုးကွယ်ကြတဲ့ မဟာဗြဟ္မာရုပ်ထုတွေမှာ ဦးခေါင်းလေးလုံးပဲ ရှိတော့ဟန်တူပါတယ် ။ grin emoticon လားမားဗုဒ္ဓဘာသာဝင်တွေပြောတဲ့ တတိယမျက်လုံးဟာ အဲ့ဒီ့ကျမ်းက ဆင်းသက်လာခြင်းဖြစ်ပါတယ် ။ အဆိုးဆုံးတစ်ခုကို ဖေါ်ပြပါအုန်းမယ် ။ အဲ့ဒါက ဗြဟ္မာဏဝါဒရဲ့ ကျမ်းအရ ရဟန်းဟာ အမျိုးသမီးတစ်ယောက်နဲ့ တူနှစ်ကိုယ် နိဗ္ဗာန်ကူးဖို့ ဆုထူးငယ်ပန်ထားတဲ့အခါ ဆိုရင် အဲ့ဒီ့အမျိုးသမီးနဲ့ သံဝါသပြုနိုင်ပါတယ်လို့ ဆိုတယ် ။ grin emoticon နောက်ပြီး ရဟန္တာဖြစ်စေကာမူ မာရ်နတ်ရဲ့ ပယောဂကြောင့် သုတ်လွှတ်နိုင်သေးတယ်လို့ ဆိုထားတာတွေဟာ ဝေဒကျမ်းမှာ အတည်အလင်ဖေါ်ပြထားပါတယ် ။ ဒါဟာ အခု ကွမ်ယင်မယ်တော်တို့ ဘာတို့ရဲ့ ဂိုဏ်းဝါဒအတူတူပါပဲ ။ အဲ့ဒါကြောင့် တစ်ချို့သော မဟာယာန ဘုန်းကြီးတွေ အိမ်ထောင်ပြုတာမျိုးတွေရှိလာခဲ့ခြင်းဖြစ်ပါတယ် ။
အနောက်နိုင်ငံ ပါဠိပညာရှင်တို့၏ အဆိုအားဖြင့် သုတ္တနိပါတ်မှ အချို့သော ဝဂ်များ ။ သုတ်များသည် ပိဋိကတ်သမိုင်း၌ ရှေးအကျဆုံး ပါဠိတော်များဖြစ်ပါတယ် ။ ရေးနည်း ရေးဟန်နှင့် သဘောတရားတို့တွင် ရှေးဗြဟ္မဏတို့၏ ဝေဒကျမ်း ။ ဥပနိသျှကျမ်းများ နှင့် နီးစပ်ပါတယ် ။ အထူးသဖြင့် ဥရဂ နှင့် ပါရာယနဝဂ်တို့ဟာ အလွန်ရှေးကျ၍ ယင်းတို့၌ ပါရှိသော သုတ်များကို ဝိနည်းပိဋိကတ် ။ သံယုတ်နှင့် အင်္ဂုတ္တရနိကာယ် များ၌ ရည်ညွှန်းထားပါတယ် ။ ခုဒ္ဒကနိကာယ်မှ စူဠနိဒ္ဒေသနှင့် မဟာနိဒ္ဒေသတို့သည် ပါရာယနနှင့် အဋ္ဌကဝဂ်တို့ကို ဖွင့်ဆိုထားသော ကျမ်းများဖြစ်ပြီး အိန္ဒိယပြည် အသောကကျောက်စာများတွင် အချို့သော သုတ် ( ဥပမာ – မုနိသုတ် ။ နာလကသုတ် ) များကို ရည်ညွှန်းထားလေကြောင်း ၄င်းတို့ ဆိုခဲ့တာကို လေ့လာဖတ်ရှုဖူးပါတယ် ။
အလျင်းသင့်လို့ဖေါ်ပြပေးပါအုန်းမယ် ။ အဲ့ဒါက မြန်မာနိုင်ငံအပါအဝင် အရှေ့အာရှနိုင်ငံများနဲ့ အင်ဒိုချိုင်းနားကျွန်းဆွယ်ဒေသတစ်ဝိုက်ကို ဗုဒ္ဓသာသနာရောက်မလာခင်ကတည်းက ဗြဟ္မာဏဝါဒဟာ ရောက်ရှိပြီးဖြစ်ပါတယ် ။ သီရိလင်္ကာ မြန်မာ ထိုင်း ကမ္ဗောဒီးယား လာအို မာလာယု ဆူမားတြား ဂျာဗား စင်ကာပူ စသည်ဖြင့် နိုင်ငံများအားလုံးပါပဲ ။ ဒေသတစ်ခုနဲ့ တစ်ခု ကူးလူးဆက်ဆံရာကနေ အိန္ဒိယနွယ်ဖွား ဗြဟ္မာဏဘာသာဝင်တွေဆီက ဝေဒကျမ်းဂန်လာ နတ်ဒေဝါတွေ ကိုးကွယ်ဆညကပ်ခဲ့တာပဲဖြစ်ပါတယ် ။ မြန်မာနိုင်ံမှာလဲ အနော်ရထာမင်းတရားကြီးမတိုင်ခင်ကပင် ပုဂံသားတွေကိုးကွယ်ခဲ့ကြပြီး အတွင်း ၃၇ မင်း အပြင် ၃၇ မင်းဆိုတာတွေဟာ ဒီဗြဟ္မဏနတ်တွေပါပဲ ။
အဲ့ဒီလို အိန္ဒိယနိုင်ငံမှာ ဗုဒ္ဓဂေါတမမြတ်စွာဘုရားပွင့်ထွန်းပြီး အဲ့ဒီ့ကမှ ဘာကြောင့်ဒီလောက်တောင် ကွဲလွှဲလာရတာလဲလို့ စဉ်းစားစရာရှိလာပါတယ် ။ ဒါဟာ သမိုင်းကိုပဲ နည်းနည်းလေ့လာကြည့်မယ်ဆိုရင် သာသနာသက္ကရာဇ် ၉၀၀ ကျော်မှာ ဗုဒ္ဓသာသနာဝင်မင်းများနတ်ရွာစံသွားတဲ့အချိန်ရောက်တော့ ဟိန္ဒူသာသနာဝင်မင်းတွေ စိုးစံလာကြတဲ့အခါ အိန္ဒိယမြောက်ပိုင်းမှာ ဗုဒ္ဓသာသနာတော် ညှိုးမှိန်ခဲ့ပါတယ် ။ အဲ့ဒီ့နောက်မှ ဗုဒ္ဓသာသနာထဲကို ဟိန္ဒူအယဝါဒတွေ စိပ့်ဝင်လာခဲ့ပါတယ် ။ သာသနာသက္ကရာဇ် ၁၁၀၀ ခန့်မှာတော့ အထိုဒေသကို ဟန်းလူမျိုးများ အလုံးအရင်းနဲ့ ချီတက်သိမ်းပိုက်ကြတဲ့အခါ ရဟန်းကျောင်းတော်များ သင်တိုက်များ စတဲ့ ဗုဒ္ဓသာသနိက အဆောက်အအုံများကိုဖျက်ဆီးပြီး ရဟန်းတော်များကိုလည်း သတ်ခဲ့ပါတယ် ။ အဆိုးဆုံးက ပိဋကတ်တော်များကို ဖျက်ဆီးမီးရှို့ကြတဲ့အခါ ဗုဒ္ဓသာသနာတော်ကြီးဟာ အလွန်ကို မှေးမှိန်ညှိုးနွမါးခဲ့ပါတယ် ။ သာသနာသက္ကရာဇ် ၁၁၄၉ ခုနှစ်မှာနန်းတက်တဲ့ သျှဘုရင်က ဗုဒ္ဓသာသနာတော်ဝင်ဖြစ်တဲ့အလျောက် သာသနာတော်ကိုပြန်လည်ချီးမြှောက်တဲ့အခါ သာသနာတော်ဟာ ပြန်လည်ထွန်းလင်းခဲ့ပြန်ပါတယ် ။ ထိုမင်းလက်ထက် နလန္ဒ ဗုဒ္ဓတက္ကသိုလ်ကြီးဟာ အလွန်ထင်ရှား ကျော်ဇောခဲ့တဲ့အချိန်ဖြစ်ပါတယ် ။ ထိုမင်း နတ်ရွာစံတဲ့အခါ သာသနာတော်ဟာ ပြန်လည် မှေးမှိန်သွားခဲ့ပြန်တယ် ။ သာသနာသက္ကရာဇ် ၁၅၀၀ ခန့်မှာတော့ အိန္ဒိယနိုင်ငံ မဂဓတိုင်းကို ပါလမင်းများ အုပ်စိုးတဲ့အခါ ဗုဒ္ဓသာသနာဟာ အိန္ဒိယနိုင်ငံမှာနောက်ဆုံးထွန်တောက်ခဲ့ပြန်ပါတယ် ။ ဗုဒ္ဓသက္ကသိုလ်မှာ ပညာဆည်းပူးကြတဲ့ ရဟန်းတော်များကိုလဲ အရှေ့တောင်အာရှ နိုင်ငံများသို့ သာသနာပြုရန် ကြွရောက်ခဲ့ကြပါတယ် ။ တိဗက်နိုင်ငံမှ ဗုဒ္ဓသာသနာကိုလည်း ပါလနိုင်ငံမှ ရဟန်းပညာရှိများပင် ပြုပြင်မွမ်းမံခဲ့ပါတယ် ။
အဲ့ဒီ့နောက် သာသနာတော်ထွန်းလင်းလာခဲ့သော်လည်း သာသနာသက္ကဇ် ၁၅၀၀ကျော်မှာ အစ္စလာမ်အယူဝါဒများ အိန္ဒိယနိုင်ငံကို အုပ်ချုပ်သောအခါ ဗုဒ္ဓသာသနာတော်ဟာ အိန္ဒိယနိုင်ငံမှာ လုံးဝ ပျောက်ဆုံးသွားသည့်တိုင် မှေးမှိန်သွားခဲ့ရပါတော့တယ် ။ အပြည့်အစုံကြည့်ချင်ရင် ဆွယ်စုံကျမ်း အပိုင်း ၈ (ပထမ) စာ -၁၇၁ မှာ အပြည့်အစုံလေ့လာနိုင်ပါတယ် ။
အိန္ဒိယနိုင်ငံမှာထွန်းကားခဲ့တဲ့ မဟာယာနဗုဒ္ဓသာသနာတော်ဟာ အာရှတိုက်အလည်ပိုင်းမှတဆင့် တရုတ်နိုင်ငံသို့ ဧကရာဇ်ဘုရင် မင်းတီးလက်ထက် သာသနာသက္ကရာဇ် ၆၀၄ ခုနှစ်မှာ ရောက်ရှိခဲ့ပါတယ် ။ ဆွယ်စုံကျမ်း အပိုင်း ၈ စာ ၁၇၁ မှ ၁၇၃အထိ လေ့လာနိုင်ပါတယ် ။ ဒါကြောင့် ဗုဒ္ဓသာသနာအမည်ခံ ဗြဟ္မာဏဝါဒဟာ အလွန်ကိုကျယ်ပျံ့ခဲ့ပါကြောင်း အနည်းငယ် ဆက်စပ်၍ ရေးသားလိုက်ရပါတယ်ခင်ဗျာ ။
ဗဟုသုတတိုးပွားကြပါစေ ။
– မှတ်စုကျမ်း