Instagram Stories Live Video
Instagram Stories Live Video ကို ၂၀၁၆ နိုဝင်ဘာလမှာ စတင်ထုတ်လုပ်ခဲ့ပြီး အစပိုင်းမှာ US မှာ နေထိုင်သူတွေပဲ သုံးနိုင်ပါသေးတယ်။ အခုအခါမှာ Instagram ဟာ တကမ္ဘာလုံးမှာ သူတို့ရဲ့ Stories Live Video ကို သုံးနိုင်အောင် မိတ်ဆက်တော့မှာပါ။ ဒီ Live Video အလုပ်လုပ်တဲ့ ပုံစံကတော့ Facebook Live နဲ့တူပြီး အသုံးပြုတဲ့သူတွေ အနေနဲ့ Real-Time မှာ တိုက်ရိုက် Live လွှင့်နိုင်ပါတယ်။

Instagram Stories Live Video ကို Version 10.0 နဲ့ တကမ္ဘာလုံးကို ဖြန့်ချီမှာပါ။ Instagram Stories ရဲ့ နေရာမှာ Live Video Button ရှိပါတယ်။ ပြီးရင်တော့ Home Page က နေ ညာဘက်ကို swipe ဆွဲလိုက်ပါ။ ပြီးရင်တော့ အပေါ်ဆုံးဘယ်ဘက်ထောင့်မှာရှိတဲ့ ကင်မရာကိုနှိပ်လိုက်ပါ။ ကင်မရာကိုဖွင့်တာနဲ့ အောက်ခြေမှာ Normal, Boomerang နဲ့ Hands-Free mode ကိုတွေ့ရမှာပါ။

Start Live Video ဆိုတဲ့ စာကို နှိပ်လိုက်တာနဲ့ Apps ဟာ Connection ကို စတင်ရှာဖွေမှာဖြစ်ပါတယ်။ Connection ရတာနဲ့ Countdown စလုပ်ပြီး Live လွှင့်ရန် အတွက် အဆင်သင့်ဖြစ်ကြောင်းသတိပေးမှာပါ။ Live စတင်တာနဲ့ Follower တွေမှာ noti တက်လာပြီး Live Video ကို လာကြည့်နိုင်ပါတယ်။ Video ကြည့်တဲ့ လူအရေအတွက် ကို တော့ Screen မှာ မြင်ရမှာ ဖြစ်ပါတယ်။

Facebook နဲ့ မတူတာကတော့ ဒီ Live Video ဟာ Instagram မှာ သိမ်းထားလို့မရပါဘူး။ Live လွှင့်ပြီး အချိန်ခဏ အကြာမှာ ပျောက်သွားမှာ ဖြစ်ပါတယ်။ တခြားသူတွေ ရဲ့ Live Video ကို ကြည့်ချင်တယ်ဆိုရင်တော့ Screen မှာရှိတဲ့ Search Button ကို နှိပ်လိုက်တာနဲ့ တခြားသူတွေရဲ့ Live Video တွေကို မြင်ရမှာဖြစ်ပါတယ်။ နာမည်ကြီး ရုပ်ရှင်သရုပ်ဆောင် အဆိုတော်တွေရဲ့ Live Video ကို တော့ အပေါ်ဘက် ထိပ်နားမှာ ဖော်ပြထားတာဖြစ်ပါတယ်။ Instagram မှာ Live Stories feature ကို ရှာမတွေ့ရင် အသစ်ထွက်တဲ့ Instagram Version ကို Update လုပ်ပြီးအသုံးပြုနိုင်ပါတယ်။

Ref : gatgets
Credit: Akhayar