ဥရောပအတွင်းရှိနေတဲ့ ဘရာဇီးကစားသမားတွေထဲက အကောင်းဆုံးဘောလုံးသမားကို ရွေးချယ်ချီးမြှင့်တာ ဖြစ်ပါတယ်။
ဥရောပဘောလုံးလောကအတွင်း ကစားနေကြတဲ့ အကောင်းဆုံးဘရာဇီးဘောလံးသမားဆုကို လီဗာပူးတိုက်စစ်ကစားသမား ကော်တင်ဟိုက ရရှိသွားကြောင်းသိရပါတယ်။
ဘာစီလိုနာကြယ်ပွင့်ကစားသမား နေမာကို ကျော်ဖြတ်ကာ ကော်တင်ဟိုက မဲအများဆုံးရရှိပြီး Samba Gold ဆုကို ရရှိသွားတာဖြစ်ပါတယ်။ အဆိုပါဆုကို ဘာစီလိုနာ ကစားသမား နေမာက ပြီးခဲ့တဲ့ နှစ်နှစ်ဆက်တိုက် ရရှိထားပေမယ့် ဒီနှစ်မှာတော့ ကော်တင်ကို မကျော်ဖြတ်နိုင်ခဲ့ပါဘူး။
အားကစားဂျာနယ်လစ်တွေ၊ ဘောလုံးပရိသတ်တွေနဲ့ လက်ရှိဘောလုံးသမားတွေ၊ ဘောလုံးသမားဟောင်းတွေ စုပေါင်းမဲပေးရွေးချယ်တဲ့ အဆိုပါဆုမှာ ကော်တင်ဟိုက မဲပေးမှု ၃၂.၁၃ ရာခိုင်နှုန်းရရှိခဲ့တာဖြစ်ပါတယ်။ နေမာကတော့ ဒုတိယမဲအများဆုံးသာ ရရှိခဲ့ပါတယ်။ ကော်တင်ဟိုနဲ့နေမာမအပြင် ဥရောပဘောလုံးလောကမှာရှိနေတဲ့ အကောင်းဆုံးဘောလုံးသမား ငါးဦးစာရင်းထဲမှာ နောက်ထပ် လီဗာပူး ကစားသမားဖြစ်တဲ့ ဖာမီနိုလည်းပါဝင်လာခဲ့ပါတယ်။
ဘရာဇီးရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ၂၀၁၇ ခုနှစ်အတွင်း ကော်တင်ဟိုက နေမာနဲ့အပြိုင် အဓိကကြယ်ပွင့်ကစားသမား ဖြစ်လာမယ်လို့ ဟောကိန်းထုတ်ထားကြပါတယ်။
Source : Daily mail

Credit:Duwun
Link:http://www.duwun.com.mm/sports/international/-id5978491.html?