ခြေထောက်
ညအိပ်ခါနီး ခြေထောက်ပူနေတတ်ပါက ဘယ်လိုလုပ်မလဲ။ လုပ်ဆောင်ရမယ့် အချက်တချို့ရှိပါတယ်။ ဒီခြေထောက်ပူလောင်နေတဲ့ ခံစားချက်က သွေးလည်ပတ်မှုကြောင့် ဖြစ်ပါတယ်။ အာရုံကြောကုထုံးက ကြီးမားတဲ့ အခန်းကဏ္ဍတစ်ခုမှာ ပါဝင်နိုင်ပေမယ့် ဒီရောဂါအခြေအနေနဲ့ အများဆုံး ဆက်စပ်တာက သွေးလည်ပတ်မှု မကောင်းခြင်းဖြစ်ပါတယ်။

သွေးလည်ပတ်စီးဆင်းမှု ပိုမိုတိုးတက်ကောင်းမွန်စေနိုင်တဲ့ ကုထုံးတချို့ ရှိပါတယ်။ နနွင်းမှုန့် ထမင်းစားဇွန်း (၂) ဇွန်းကို ရေနဲ့ရောစပ်၊ အရည်ပျစ်ပျစ်လေးဖြစ်အောင်လုပ်ပြီး တစ်နေ့ (၂) ကြိမ် လိမ်းပေးဖို့ လိုအပ်ပါတယ်။ တစ်ခုတည်းသော အဆင်မပြေဖြစ်တာက နနွင်းမှုန့်က အသားရေဝါစေနိုင်တာပါပဲ။

ဒီဝေဒနာခံစားပါက သိထားရမယ့်အချက်တွေက

· ခြေအိတ်မပါဘဲ ရှူးဖိနပ် မစီးပါနဲ့။

· ခြေထောက်ကို ဖြစ်နိုင်သမျှ အနားပေးပါ။

· အရက်သေစာ ရှောင်ကြဉ်ပါ။

· အဆီအက်ဆစ်တွေ ပါဝင်တဲ့အစားအစားတွေ ပိုစားပေးပါ။

Ref: FLA

Credit: Trend Myanmar
Link: http://www.trend.com.mm/2017/01/14/lifestyle-11365