enjoy-your-weekend-image

 

ပရဟိတအဖွဲ့တွေနဲ့ သွားရောက်ပူးပေါင်းတာလည်း ကောင်းပါတယ်။
တစ်ပတ်လုံးလုံး ကျောင်းတက်၊ ရုံးတက်နေရတဲ့အချိန်တွေဟာ နိစ္စဓူဝလည်ပတ်နေကြမို့လို့ ပိတ်ရက်ကိုမျှော်ကြတယ်မဟုတ်လား။ ဒါဆိုရင် ပိတ်ရက်တွေမှာ ဘာတွေလုပ်ကြမလဲ။ ပိတ်ရက်တွေတိုင်းမှာ စိတ်နဲ့ခန္ဓာ အားပြန်ဖြည့်ပေးဖို့ လိုအပ်ပါတယ်။ ဒီတော့ ပျော်စရာကောင်းမယ့်အရာလေးတွေကို လုပ်ကြရအောင်ပါ။
(၁) ရုပ်ရှင်ရုံ
ကိုယ်ကြိုက်တဲ့ဇာတ်ကားကို ရုပ်ထွက်ကောင်းကောင်း၊ အသံကောင်းကောင်းနဲ့ ဇိမ်ကျကျကြည့်လို့ရမယ့်ရုံကိုရွေးပြီး ရုပ်ရှင်ကောင်းကောင်းလေးကြည့်ပါ။ စိတ်နှလုံးအတွက် ရသတစ်ခုခုကို ခံစားခြင်းဖြင့်လည်း စိတ်တွေလန်းဆန်းစေနိုင်ပါလိမ့်မယ်။
(၂) ပရဟိတ
ယနေ့ခေတ်လူငယ်တွေဟာ ပရဟိတစိတ် ထက်သန်ကြပါတယ်။ ကိုယ့်ရဲ့အားလပ်ရက်လေးမှာ ပရဟိတအဖွဲ့တွေနဲ့ သွားရောက်ပူးပေါင်းတာလည်း ကောင်းပါတယ်။ ကုသိုလ်လည်းရတာပေါ့။
(၃) သူငယ်ချင်းဟောင်းတွေနဲ့တွေ့ဆုံပါ
မတွေ့တာကြာတဲ့ ငယ်သူငယ်ချင်းတွေကို ဖေ့စ်ဘွတ်ကနေပဲ ဆက်သွယ်နေတာမျိုး မလုပ်ပါနဲ့။ တကယ်ခင်တယ်ဆိုရင် သူတို့နဲ့အပြင်မှာချိန်းပြီးတွေ့ပါ။ ရှေးဟောင်းနှောင်းဖြစ်တွေပြောရင်း သူ့အကြောင်း ကိုယ့်အကြောင်း ဖလှယ်ကြတာဟာ ခင်မင်မှုကို တိုးပွားစေတာ အမှန်ပါပဲ။
(၄) ပြတိုက်/ ပြခန်းတွေဆီ
ကိုယ်က အေးအေးဆေးဆေးနေရတာ နှစ်သက်သူ၊ စာပေ အနုပညာတွေနဲ့ ဗဟုသုတတွေ လေ့လာခံစားရတာ မွေ့လျော်သူဆိုရင်တော့ ပြတိုက်၊ ပန်းချီပြခန်းတွေဆီကို သွားတာကောင်းပါတယ်။ ကိုယ်မသိသေးတာတွေကို လေ့လာတာ၊ ပန်းချီလက်ရာတွေကို ကြည့်ရှုခံစားရတာကလည်း စိတ်ကိုငြိမ်းချမ်းစေပါတယ်။
(၅) တီထွင်ဖန်တီးမှု
ကိုယ့်ရဲ့စိတ်ကူးတွေကို အကောင်အထည်ဖော်ဖို့အတွက် ပိတ်ရက်တွေက အကောင်းဆုံးပါပဲ။ ကိုယ်ဝါသနာပါတဲ့အရာတွေကို လက်တွေ့အကောင်အထည်ဖော်ကြည့်ပေါ့။ ပန်းချီဆွဲတာ၊ စာရေးတာ၊ ဖက်ရှင်ဒီဇိုင်းဆွဲတာ၊ အိုးလေးတွေကို ကိုယ်တိုင်လုပ်ကြည့်တာမျိုးတွေ လုပ်သင့်ပါတယ်။
(၆) အပန်းဖြေဥယျာဉ်
မိုးပျံရထားစီးပြီး အားပါးတရ အော်ဟစ်လိုက်တာကလည်း ကလေးတစ်ယောက်လို စိတ်ကိုပြန်ပြီးနုပျိုစေပါလိမ့်မယ်။

(၇) စခန်းချခရီးစဉ်
လူတွေ ကားတွေနဲ့ ကင်းဝေးရာ တောစပ်လေးမှာ တစ်ညလောက် စခန်းချပြီး စိတ်ကို အဆုံးမဲ့ဖွင့်ထားပေးလိုက်တာကလည်း အေးအေးလူလူအနားယူနည်းတစ်မျိုးပဲပေါ့။ ပိတ်ရက်တွေကို ကောင်းကောင်းအသုံးချနိုင်ကြပါစေ။
Source : BTips
Credit: Duwun
Link: http://www.duwun.com.mm/lifestyle/-id6009852.html?utm_source=facebook&utm_medium=social&utm_content=art-aa-2017-1-6