ငြင်းရခုံရ ထိပ်တိုက်တွေ့ရတော့မယ်ဆိုရင် ဒီလိုပြင်ဆင်ပါ

ဒေါသထွက်နေတာကြောင့် သင့်စကားတွေကို တစ်ဖက်လူနားထဲရောက်ဖို့ ခက်ခဲသလို အများအမြင်မှာလည်း အထင်အမြင်မကောင်းနိုင်ပါဘူး။
၁ – အချိန်
လူတိုင်းနဲ့ ငြင်းခုံတာ မကောင်းပါဘူး။ တစ်ဖက်က ကိုယ့်အပေါ် အထင်မြင်မှားမှုဖြစ်နေတယ်၊ နားလည်မှုလွဲနေတယ်ဆိုရင် ထိပ်တိုက် ပြောဆိုငြင်းခုံတာမျိုး ရှောင်လို့ရပါတယ်။ သူတို့နားလည်မှုလွဲနေကြောင်း ငြင်းခံမနေဘဲ ပြောလို့ရပါတယ်။
၂ – စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်
ထိပ်တိုက်ရင်ဆိုင်ရတော့မယ်ဆိုရင် သင့်ကိုယ်သင် စိတ်ပိုင်းဆိုင်ရာအရ ပြင်ဆင်ဖို့ အချိန်အနည်းငယ် ယူရပါမယ်။ သင့်ခံစားချက်ကို သေချာသုံးသပ်ပါ။ သင်ပြောချင်တာတွေကို ထိထိရောက်ရောက် ရှင်းရှင်းလင်းလင်း ဘယ်လိုပြောမယ်ဆိုတာ စဉ်းစားပါ။

၃ – ပြဿနာ
ပြဿနာ တစ်ခုကို ဖြေရှင်းဖို့ ထိပ်တိုက်ရင်ဆိုင်ငြင်းခုံတဲ့နည်းကို သင့်ဘက်ကရွေးလိုက်တာ ဆိုရင်တော့ ဒီလူနဲ့ ရင်ဆိုင်ဖို့ အကောင်းဆုံးအချိန်ကို ရွေးရမှာ ဖြစ်ပါတယ်။ ဘေးပယောဂတွေ မပါအောင်လို့ နှစ်ယောက်တည်း ရှိတဲ့အချိန်က အကောင်းဆုံး ဖြစ်ပါတယ်။ ဘေးလူတွေရှိနေတဲ့အခါ သူ့ဘက်က မှားနေတယ်ဆိုရင်တောင် သူ့ကိုယ်သူတော့ ကာကွယ်မှာ ဖြစ်ပါတယ်။ တစ်ဖက်နဲ့တစ်ဖက် အလျော့ပေးချင်စိတ် နည်းပါးပါလိမ့်မယ်။

၎ – တည်ငြိမ်ပါ
ဒေါသထွက်တဲ့သူက ရှုံးမှာပါပဲ။ ဒေါသထွက်နေတာကြောင့် သင့်စကားတွေကို တစ်ဖက်လူနားထဲရောက်ဖို့ ခက်ခဲသလို အများအမြင်မှာလည်း အထင်အမြင်မကောင်းနိုင်ပါဘူး။ တည်တည်ငြိမ်ငြိမ်ပြောနိုင်ဖို့အတွက် သင်ဘာပြောချင်တယ်ဆိုတာကို မပြောခင်ကတည်းက တိတိကျကျ သိထားရမှာ ဖြစ်ပါတယ်။

၅ – စော်ကားမှု
ပြောတဲ့အခါ ပုဂ္ဂိုလ်ရေးပိုင်း မထိခိုက်အောင် ပြောပါ။ ပုဂ္ဂိုလ်ရေးပိုင်းတွေကို ထိခိုက်တဲ့အခါ သင်တကယ်ပြောချင်တဲ့အကြောင်းအရာတွေဟာ လေးနက်ခြင်းမရှိတော့ပါဘူး။
၆ – ကိုယ့်အမှား
ကိုယ့်အမှားကြောင့် ထိပ်တိုက်ရင်ဆိုင်မှုဖြစ်လာတာကို သဘောပေါက်မိပြီ ဆိုရင်လည်း ငြင်းခုံမှုကို အမြန်ရပ်နိုင်ဖို့အရေးကြီးပါတယ်။ မှားမှန်းသိပေမဲ့ အတင်းတွန်းပြောတာမျိုး ရှောင်ပါ။ သင့်ပုံရိပ်ကို ထိခိုက်နိုင်တာကြောင့်ဖြစ်ပါတယ်။

၇ – နားထောင်
ကိုယ့်ဘက်က ပြောရုံတင်မကဘဲ သူတို့ပြောတာကိုလည်း နားထောင်ပါ။ သင်ချည်းပဲ တွန်းပြောနေတာက ပြဿနာကို ပြီးပြတ်စေမှာ မဟုတ်ပါဘူး။
၈ – ရပ်ရမယ့်အချိန်
တစ်ဖက်လူက ဒေါသ အလွန်အမင်းထွက်နေပြီဆိုရင် ငြင်းခုံမှုကို ရပ်ပါ။ အခြေအနေဟာ မူလရည်ရွယ်ချက်ကနေ တအား လမ်းလွဲနေပြီဆိုရင်လည်း ငြင်းခုံမှုကို ရပ်ရမှာ ဖြစ်ပါတယ်။ ငြင်းခုံမှုကို ရပ်ဖို့ အကောင်းဆုံးပုံစံကတော့ အဆိုပါနေရာကနေ ထွက်သွားတာမျိုး ဖြစ်ပါတယ်။
Photos & Source: enkivillage

Creidt :Duwun
Link: http://www.duwun.com.mm/lifestyle/-id6105193.html?