longlegged-girl-1

တရုတ်နိုင်ငံက ၁၃ နှစ်အရွယ် ကောင်မလေးတစ်ဦးဟာ သူမရဲ့ ရှည်လျားတဲ့ ခြေထောက်ကြောင့် နာမည်ကြီးလျက်ရှိပါတယ်။ စီရှူလို့ အမည်ရတဲ့ အဆိုပါကောင်မလေးဟာ ဂွမ်ဒေါင်ပြည်နယ်ကဖြစ်ပြီး သူ့ရဲ့ခြေထောက်ဟာ ၁.၁၅ မီတာ ရှည်တာဖြစ်ပါတယ်။  ဂျာမန်မော်ဒယ် နာဂျာအာရာမန်ထက်ရဲ့ ခြေထောက်တွေက ၃ စင်တီမီတာ ပိုရှည်ပါတယ်။
ကမ္ဘာ့ခြေထောက်အရှည်ဆုံးအဖြစ် ၁၉၉၀ ခုနှစ်တွေက ဂင်းနစ်စံချိန်တင်ခဲ့တဲ့ ဂျာမန်မော်ဒယ် နာဂျာအာရာမန်ထက် သူ့ရဲ့ခြေထောက်တွေက ၃ စင်တီမီတာ ပိုရှည်ပါတယ်။

သူ့ရဲ့ရည်မှန်းချက်က ရုင်ရှင်ကျောင်းတက်ဖို့ဖြစ်ပြီး မင်းသမီးဖြစ်ချင်တာလို့ သိရပါတယ်။ အသက် ၄ နှစ်အရွယ်မှာတင် ဘဲလေးအကကို သင်ယူခဲ့သူတစ်ဦးဖြစ်ပြီး ဒီလိုမျိုး ခြေထောက်ရှည်တာဟာ မျိုးရိုးနဲ့လည်းဆိုင်တယ်လို့ သူ့ရဲ့မိခင်က ပြောကြားခဲ့ပါတယ်။ သူ့ရဲ့ ဖခင်ဟာ သူ့လို ခြေတံရှည်သူတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။
Photos & Source: Weibo

Credit: Duwun