Ronaldo-Good

“ကျွန်တော်၇နှစ်သားတုန်းက မိုက်ကယ်ဂျင်ဆင်လိုမျိုး အိမ်ကြီးကြီးနဲ့ နေချင်တယ်လို့ အဖေ့ကို ပူဆာဖူးတယ်။ အဖေက မဖြစ်နိုင်ပါဘူး ငါ့သားရယ်တဲ့၊ အခု မိုက်ကယ်ထက် ပိုကြီးတဲ့အိမ်မျိုးရှိနေပြီ။ အဖေသာ ပြန်လာနိုင်ရင် သိပ်ကောင်းမှာပဲဗျာ” ဆိုတဲ့ ခရစ္စတီယာနိုရော်ဒယ်ဒိုရဲ့စကားတွေကလည်း ပရိသတ်တွေကို ရင်နင့်စေပါတယ်။ ရော်နယ်ဒိုဟာ ၂ဝဝ၈၊ ၂ဝ၁၃၊ ၂ဝ၁၄နဲ့ ၂ဝ၁၆ခုနှစ်တွေမှာ အဓိကပြိုင်ဘက် လီယွန်နယ်မက်ဆီကို ကျော်ဖြတ်ပြီးတော့ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို ရရှိခဲ့တာအားလုံးအသိပဲဖြစ်ပါတယ်။ အခုဖော်ပြပေးမှာကတော့ လူသိနည်းတဲ့ ရော်နယ်ဒိုရဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်။

၁။ ဆေးလိပ်၊အရက်၊ဆေးမင်ကြောင် ကင်းတယ်။

ရော်နယ်ဒိုက တခြားကစားသမားတွေလို တက်တူးမထိုးဘဲနဲ့ တစ်နှစ်အတွင်းမှာ နှစ်ကြိမ် ပုံမှန်သွေးလှူရှင် တစ်ယောက်ဖြစ်ပါတယ်။ ရော်နယ်ဒိုရဲ့ဖခင်ဖြစ်သူ Jose Dinis Aveiro ဟာ အရက်စွဲပြီး အသက်၅၂နှစ် အရွယ်မှာပဲ ကွယ်လွန်ဆုံးပါးခဲ့တဲ့အတွက် ငယ်ဘဝဟာ ခက်ခဲကြမ်းတမ်းခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ ရော်နယ်ဒိုဟာ အရက်ကို စိတ်နာခဲ့ဟန်တူပါတယ်။

၂။ အမေရိကန်သမ္မတကို အစွဲပြုပြီး နာမည်ပေးထားတယ်။

ရော်နယ်ဒိုရဲ့အမည်ရင်းကတော့ Cristiano Ronaldo dos Santos Aveiro ဖြစ်ပေမယ့်လည်း ဖခင်ဖြစ်သူ Jose Dinis Aveiro ဟာ သူအကြိုက်ဆုံးမင်းသား၊ အယောက်၎ဝမြောက် အမေရိကန် သမ္မတ Ronald Reagan ကို အစွဲပြုပြီးတော့ Ronaldo လို့ အမည်ပေးတာဖြစ်ပါတယ်။

၃။ အပြေးမြန်ရုံမက အမြင့်ခုန်ကောင်းတယ်။

ရော်နယ်ဒိုဟာ တစ်နေ့အကြိမ် ၃ဝဝဝ လေ့ကျင့်ပြီး စပိန်နိုင်ငံ မီတာ၁ဝဝ တာတိုအပြေးချန်ပီယံ Angel David Rodriguez ထက်တောင် အပြေးမြန်ပါသေးတယ်။ အမြင့် ၄၄စင်တီမီတာအထိခုန်နိုင်ပြီး ပြေးပြေးလွှားလွှားနဲ့ဆိုရင်တော့ ၇၈စင်တီမီတာတောင် ခုန်နိုင်ပါတယ်။ ရော်နယ်ဒိုရဲ့ အပြေးနှုန်းဟာ အာဖရိကတောလိုက်ကျားသစ်ထက်တောင် မြန်ပါသေးတယ်။

၎။ ခန္ဓာကိုယ်ကျစ်လျစ်တယ်။

ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ စုစုပေါင်းအဆီပမာဏဟာ ကိုယ်အလေးချိန်၏ ၁ဝရာခိုင်နှုန်းသာရှိတဲ့အတွက် အဆီနည်းရုံမက ကျစ်လျစ်သွယ်လျတဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ နောက်ပြီးတော့ ရော်နယ်ဒိုရဲ့ အလွတ်တည်ကန်ဘော (Free- Kick) အမြန်နှုန်းဟာလည်း တစ်နာရီ – ၁၃.၁ကီလိုမီတာနှုန်း ဖြစ်ပါတယ်။

 

၅။ ဝင်ငွေကောင်းလွန်းတယ်။

ရော်နယ်ဒိုရဲ့ ၆ရက်၊၉နာရီ၊၁၇မိနစ်နှင့်၅စက္ကန့် လုပ်အားခဟာ အိုဘားမားရဲ့ ၁နှစ်ဝင်ငွေနှင့် အတူတူဖြစ်ပါတယ်။ ယခုလက်ရှိမှာတော့ ရော်နယ်ဒိုရဲ့ တစ်ပတ်လုပ်ခဟာ ၃၆၅,ဝဝဝ စတာလင်ပေါင် (၆၂၃,၄၉၈,၃၄၂ မြန်မာကျပ်) ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ကမ္ဘာ့ဝင်ငွေအကောင်းဆုံးဘောလုံးသမားလည်း ဖြစ်ပါတယ်။

၆။ ၁၄နှစ်အရွယ်မှာ ကျောင်းထုတ်ခံခဲ့ရပါတယ်။

ရော်နယ်ဒိုဟာ အသက်၁၄နှစ်အရွယ်မှာ ဆရာကို ကုလားထိုင်ဖြင့် ပစ်ခဲ့တဲ့အတွက် ငယ်ငယ်ရွယ်ရွယ်မှာပဲ ကျောင်းထုတ်ခံခဲ့ရပါတယ်။ ကျောင်းထုတ်ခံလိုက်ရတာကလည်း ဘောလုံးအားကစားကို ပိုမိုအာရုံစိုက်ဖို့ တွန်းအားပေးလိုက်တာလား မဆိုတက်ပေ။

၇။ ငယ်ဘဝကတည်းက စိတ်ခံစားလွယ်တယ်။

ရော်နယ်ဒိုဟာ ပြိုင်ဘက်ကစားသမားများကို ဖြတ်ကျော်ပြီး အကောင်းဆုံးဂိုးဖန်းတီးသော်လည်း ကစားဖော်များ ဂိုးမသွင်းနိုင်လျင် ဝမ်းနည်းပြီးမျက်ရည်လွယ်တဲ့အတွက် “Cry-Baby” ဟု ခေါ်ကြပါတယ်။ သူ့ဆီကို ဘောလုံးရောက်ရှိသွားရင်တော့ အပြေးမြန်လွန်းလို့ လုယူရန်မဖြစ်နိုင်တဲ့အတွက် ဘောလုံးပရိသတ်တွေက ရော်နယ်ဒိုကို “Little Bee” လို့ နံမည်ပေးကြပါတယ်။

ကဲ . . ဘောလုံးဝါသနာရှင်တို့ရေ . . ။ ဒါတွေကတော့ ခရစ္စတီယာနို ရော်နယ်ဒိုရဲ့အကြောင်းကို လေ့လာမိသလောက် ဖော်ပြထားတာပဲ ဖြစ်ပါတယ်။ ကဲ . . . စာဖတ်ပရိသတ်ကြီးရေ . . ဘယ်ဘောလုံးသမားကို အကြိုက်ဆုံးလဲ။
www.akhayar.com
Credit: ကျော်စိုးအောင် (အခရာ)