ကောင်မလေး

အသည်းနှလုံးနဲ့ ချစ်တတ်သူတို့ သဘာဝအရ အချစ်ကို ရှာဖွေကြပါတယ်။ အချစ်ဟာ လူနေမှုဘ၀မှာ
အရေးပါလှပြီး တစ်ခါတလေ ဘ၀တစ်ခုလုံးနဲ့ဆိုင်တဲ့အထိ အဓိပ္ပါယ်ကြီးမားတတ်ပါတယ်။ ဒါပေမယ့်
အသက်(၂၀)အရွယ်ဆိုတာ ငယ်သေးလှပြီး အချစ်ကို စိတ်အလိုလိုက်ပြီး ဦးစားပေးတတ်ပါတယ်။
အသက်(၂၀)အရွယ်မှာ အချစ်ကို ဦးစားစားမပေးသင့်တဲ့ အကြောင်းပြချက် (၁၀)ချက်ကို ဖော်ပြပေး
လိုက်ပါတယ်။

1. အချစ်မှာ သည်းခံမှုလိုအပ်တယ်။

အချစ်မှာ သည်းခံမှုဟာ အရေးပါတဲ့ လိုအပ်ချက် ဖြစ်ပါတယ်။ အသက်(၂၀)ဆိုတဲ့အရွယ်ဟာလည်း
ငယ်လွန်းလှသေးပြီး အချစ်ကို အတ္တနဲ့ရှာဖွေမိတတ်ပါတယ်။ ဒီတော့ သည်းခံရမယ့်နေရာ သည်းမ
ခံမိလို့ ငယ်ငယ်ရွယ်ရွယ်နဲ့ ခံစားရနိုင်ပါတယ်။ သည်းခံမှုဟာ ရင့်ကျက်တဲ့ အသက်အရွယ်မှသာ
ပိုပြီး နားလည်ပေးနိုင်တာမျိုး ဖြစ်ပါတယ်။

2. အချစ်မှာ စွန့်လွှတ်မှုလိုအပ်တယ်။

စွန့်လွှတ်အနစ်အနာခံမှုဟာ အချစ်တစ်ခု တည်မြဲစေတဲ့ ရေသောက်မြစ်ပါဘဲ။ ဒါပေမယ့် မရင့်ကျက်
သေးတဲ့အရွယ်မှာတော့ ချစ်သူအပေါ်မှာ ဘယ်လိုပုံစံနဲ့ စွန့်လွှတ်ရမယ်ဆိုတာ သိပ်ပြီး ခွဲခြားမသိနိုင်
သေးပါဘူး။

3. အချစ်က တစ်ခါတရံမှသာ သင့်ကိုရှာဖွေမယ်။

ဒီလိုအရွယ်မျိုးမှာ လေတိုက်တိုင်း ရင်ခုန်ကြသေးတဲ့အရွယ် ဖြစ်ပါတယ်။ ကိုယ့်အတ္တနဲ့ အချစ်ကို မောင်
ပိုင်စီးထားချင်တဲ့ အရွယ်ကို ပြပါဆိုရင်လည်း ဒီအရွယ်ပါဘဲ။ ဒါပေမယ့် အချစ်ဟာ တစ်ခါတလေ သင့်ဆီ
ကို ရောက်လာချင်မှ ရောက်လာမယ်။ ဒီတော့ နှုနယ်တဲ့ အသဲနှလုံးက အဆမတန် ခံစားရပြီပေါ့။

READ
ချစ်သူစုံတွဲတွေကြားမှာ အချစ်ကို ပိုတိုးခံစားရစေမယ့် အသေးအဖွဲလေးများ
4. အချစ်ကို ဥစ္စာဓနနဲ့ ကွဲပြားခြင်းမရှိသေးဘူး။

အချစ်သည် သူ့ချည်းသက်သက်သာရပ်တည်ပြီး မည့်သည့်အရာနဲ့မျှ ရောစပ်မှုမရှိပါ။ ဒါကို ခွဲခြားသိနိုင်ဖို့
ဒီလိုအရွယ်လေးတွေမှာ လုံလောက်တဲ့ စဉ်းစားဉာဏ် မရှိနိုင်သေးပါဘူး။ ဒါကြောင့်မို့ အချစ်ကို ဦးစားပေး
လိုက်ခြင်းလို့ ထင်ရပေမယ့် တစ်ခါတရံ ငွေကြေးရဲ့ မက်လုံးနဲ့ ရွေးချယ်မိတာမျိုး ရှိတတ်ပါတယ်။

5. အသက်(၂၀)ဆိုတာ ကိုယ့်ဘာဖြစ်တယ်ဆိုတာ အရင်သိထားရမယ့်အချိန်

အသက်(၂၀) အရွယ်ဟာ အချစ်ကို ရှာဖွေဖို့ ငယ်လွန်းတယ်လို့ မဆိုလိုပါ။ ဒါပေမယ့် အချစ်ကို
ဦးစားပေး ဖို့ထက် ကိုယ့်ဘ၀တတ်လမ်းက ဘာဆိုတာကို ရွေးချယ်စဉ်းစားထားဖို့ လိုပါတယ်။
ဋ္ဌဒါမှလည်း လူကြီးတစ်ယောက်ရဲ့ဘ၀ကို စတင်တဲ့အခါ အစစ အဆင်သင့်ဖြစ်နေနိုင်မှာပါ။

6. အသက်(၂၀) အရွယ်ဟာ စူးစမ်းရှာဖွေရမယ့်အရွယ်

ကျောင်းသားကျောင်းသူ ဘ၀သာသာအရွယ်သာ ရှိနေဦးမယ့် ဒီအရွယ်မျိုးမှာ ဘ၀အတွက် လုပ်ဆောင်
စရာတွေ အများကြီးဖြစ်ပါတယ်။ နောက်ပြီး တစ်ချို့ကိစ္စရပ်တွေဟာ အသက်(30) ကျော်သွားတဲ့အခါ
လုပ်ဖို့ကိုင်ဖို့ အခြေအနေမပေးတော့ဘဲ အကြောင်းအမျိုးမျိုးနဲ့လွဲချော်တတ်ပါတယ်။ ဒါကြောင့်မို့
ဒီအရွယ်မှာ အရေးအကြီးဆုံးက ပညာ/စာရိတ္တ/ကြိုးစားလိုစိတ်/စူးစမ်းရှာဖွေမှု အမျိုးမျိုးတွေ ပြုလုပ်
ရမည့် အချိန်ဖြစ်ပါတယ်။
7. ပျော်ပျော်နေရမယ့်အချိန်ဖြစ်တယ်

အသက်(၂၀)အရွယ်ဟာ ဘ၀ကို အပူအပင်ကင်းစွာ ပျော်ပျော်နေရမယ့်အချိန်ဖြစ်ပါတယ်။ တစ်ခုရှိတာ
က ဘ၀မှာ အချစ်ကို ရှာဖွေရုံသက်သက်နဲ့ ပျော်ရွှင်မှုက မတွေ့နိုင်ပါဘူး။ ဒါကြောင့်မို့ သီချင်း/အနုပညာ
/ဖန်တီးမှု/ခရီးသွားခြင်း/ စာဖတ်ခြင်း စတာတွေများများလုပ်ရမယ့်အရွယ်ဖြစ်ပါတယ်။

8. အသက်(၂၀)မှာ ပျော်ရွှင်ခဲ့ရင် လူကြီးဖြစ်လာတဲ့အခါ အလားအလာကောင်းတယ်

အသက်(၂၀)အရွယ်လောက်မှာ လူဟာ ဘက်စုံကနေ အစအစအရာရာ သာလွန်စွာနဲ့ လူကြီးဘ၀ကို
တက်လှမ်းလာနိုင်ပြီဆိုရင် အောင်မြင်ကျော်ကြားတဲ့ လူတစ်ယောက်ဖြစ်ဖို့ အလားအလာကောင်းနေ
ပါပြီ။ အချစ်ကြောင့် ငယ်ငယ်ရွယ်ရွယ် လမ်းမှားရောက်သွားတဲ့ ခလုတ်ကန်သင်းကို ကျော်ဖြတ်နိုင်
ရပါမယ်။

9. ဘ၀ဟာတာတိုပြေးပွဲ မဟုတ်၊ ဘ၀ဟာ မာရသွန်ဖြစ်တယ်

များသောအားဖြင့် ဒီလိုအရွယ်မှာ ရေတိုအခြေအနေနဲ့ လက်တလောစိတ်ခံစားမှုကိုသာ ဦးစားပေး
တတ်တဲ့ အရွယ်ပါ။ ဒီအတ္တတွေရဲ့ တန်ပြန်သက်ရောက်မှုအဖြစ် လူကြီးဘ၀ကို တက်လှမ်းတဲ့အခါ
အခြားထက်မြတ်တဲ့ လူတွေလောက် သက်လုံမကောင်းနိုင်တော့ပါဘူး။

နတ်စည်တော် (ShweMOM)

Credit: Shwemom