Anti Snore Wearable

ဟောက်တတ်တဲ့သူ ၇၀ ရာခိုင်နှုန်းဟာ ပက်လက်လှန်ပြီး အိပ်နေစဉ်အတွင်း ဟောက်လေ့ရှိတယ်လို့ သုတေသန တစ်ရပ်မှာ ဖော်ပြထားပါတယ်။ နယ်သာလန်ကအဖွဲ့တစ်ဖွဲ့ဟာ ဟောက်သံထွက်လာတာနဲ့ အိပ်တဲ့ပုံစံကို ဘေးတစောင်းပြောင်းဖို့ သတိပေးမယ့် wearable တစ်မျိုးကို ဖန်တီးခဲ့ပါတယ်။ ဘေးကိုစောင်းလိုက်တာနဲ့ အသက်ရှူလမ်းကြောင်းပွင့်သွားပြီး ဟောက်တာလည်း ရပ်သွားမှာပါ။ ဒီ Anti-Snore Wearable ကို “Do I Snore” စမတ်ဖုန်း app နဲ့ ထိန်းချုပ်နိုင်ပါတယ်။ စမတ်ဖုန်း app က ဟောက်တဲ့အသံကို သိရှိနိုင်ပြီး ဟောက်သံထွက်လာတာနဲ့ signal ပေးပို့မှာ ဖြစ်ပါတယ်။ ဟောက်တဲ့သူရဲ့ အိပ်တဲ့ပုံစံကို ပြောင်းလဲဖို့အတွက် vibrate ကို ချိန်ညှိထားနိုင်ပါတယ်။ တန်ဖိုးက ၇၃.၃၇ ဒေါ်လာပါ။

Ref: TheGadgetFlow
Credit: Internet Journal
http://internetjournal.media/news/9886