cobra3

ဒီကျင့်စဉ်ကို မြွေဟောက်ကျင့်စဉ်လို့ခေါ်ပြီး ခါးနာသက်သာစေတဲ့အပြင် မေးစေ့အောက်နဲ့ ဝမ်းဗိုက်မှာ ရှိတဲ့ အဆီတွေပါ ကျစေမှာ ဖြစ်ပါတယ်။

နေ့စဉ်လှုပ်ရှားသွားလာမှုတဲ့အခါ အနေအထိုင်စနစ်မကျတာဖြစ်ပဲဖြစ်ဖြစ်၊ ထိုင်တာထတာ စနစ်မကျတာပဲဖြစ်ဖြစ် ကြာလာရင် ခါးနာတဲ့ ဝေဒနာကို ခံစားကြုံတွေ့ကြရမှာပါ။ ဒီလို ခံစားလာရပြီ ဆိုရင်တော့ အိပ်ယာထ ယောဂ (၅) ကွက် ထဲမှာလည်း ပါဝင်တဲ့ ယောဂကျင့်စဉ် တစ်ကွက်တည်းကို အချိန်ရတိုင်း ပြုလုပ်ကြည့်လိုက်ပါ။

ပထမဆုံး ကြမ်းပြင်ပေါ်မှာ မှောက်လျက် အိပ်လိုက်ပါ။ လက်နှစ်ဖက်ကို ရင်ဘတ်ဘေးတစ်ဖက်တစ်ချက်မှာ မှောက်ထားပါ။ လက်ချောင်းလေးများကို ခြဲထားပြီး ကြမ်းပြင်ပေါ်မှာ မြဲမြဲထောက်ထားပါ။ အသက်ကို ရှူသွင်း၍ လက်နှစ်ဖက်ကို အားစိုက်ကာ ရင်ဘတ်ကို မ လိုက်ပါ။

တဖြည်းဖြည်းနှင့် ခန္ဓာကိုယ် အပေါ်ပိုင်းကို မ ၍ ခါးကို ထောင်လိုက်ပါ။ မျက်နှာကို အဆုံးထိ မော့လိုက်ပါ။ အသက်ကို ရှူထုတ်ပါ။ ထိုပုံစံအတိုင်းနေပြီး အသက်ကို ပုံမှန် ရှူပါ။ ဝင်လေ ထွက်လေ တစ်ကြိမ်ကို (၁) ဟု မှတ်၍ (၁) မှ (၁၀) အထိ မှတ်ပါ။ မူလ မှောက်လျက် အနေအထားအတိုင်း ပြန်ပြီး မှောက်နေပါ။

သတိထားရမယ့်အရာက ခါးကို ထောင်လိုက်တဲ့အခါမှာ မျက်နှာကို အဆုံးအထိ မော့ထားရပါမယ်။ တံတောင်ဆစ်ကို ကွေးမသွားအောင် သေချာဆန့်ထားပါ။ ဒူးခေါင်း နှစ်ဖက်ကို ကပ်ထားပေးပါ။

အကျိုးကျေးဇူးတွေကတော့ ခါးရိုး တစ်လျှောက်ကို တောင့်တင်းခြင်း၊ ခါးကြောညှပ်ခြင်းမှ ကာကွယ်ပေးသည်။ အညောင်းထိုင်ရသူများအတွက် ခါးနာအလွန်သက်သာစေသည်။ ဝမ်းဗိုက်မှ အဆီကို လျော့ချပေးပြီး မျက်နှာကို မော့ထားရ၍ မေးအောက်မှ အဆီကို ကျစေပါတယ်။ တစ်ကိုယ်လုံးမှ အဆီတွေကို လောင်ကျွမ်းသွားစေပြီး အဆစ်များအားကောင်းစေသည်။
Source :DoYouYoga

Credit: Duwun