ဗွီဒီယိုဒေါင်းလုတ်မြန်မာနိုင်ငံမှာ အင်တာနက် ကောင်းကောင်းအသုံးပြုလို့ရတာ နှစ်အနည်းငယ်ပဲရှိပါသေးတယ်။ ကောင်းကောင်းအသုံးပြု လို့ရတယ်ဆိုပေမယ့် ဖွံ့ဖြိုးပြီး နိုင်ငံတွေလောက်တော့ အင်တာနက်အမြန်နှုန်းက မြန်ဆန်မှုမရှိသေးပါဘူး။ ဘာပဲပြောပြောအရင်ကထက်တော့ မြန်လာတာတော့ အမှန်ပါ။ အရင်တုန်းက အင်တာနက်ပေါ်က သီချင်း၊ရုပ်ရှင်တို့ကို ဒေါင်းလုပ်ပြုဖို့ ဆိုတာ မတွေးရဲလောက်အောင်ပါပဲ။ တစ်ခုခုဖွင့်ရင်တောင် အဝိုင်းလေးလည်နေတာကို ထိုင်ကြည့်နေခဲ့ရပါတယ်။ အခုတော့ Ooredoo အပါအဝင် ဆက်သွယ်ရေးလုပ်ငန်းများက အင်တာနက်ကို စိတ်ကြိုက်သုံးနိုင်အောင် Packageတွေ အမျိုးမျိုးနဲ့ ဈေးလျော့ပေးနေကြပါပြီ။

ဘယ်အချိန်မှာ အင်တာနက်အသုံးပြုလို့ အကောင်းဆုံးလဲ
အင်တာနက်အသုံးပြုလို့ အကောင်းဆုံးအချိန်ကတော့ ၉နာရီနောက်ပိုင်းဖြစ်ပါတယ်။ နောက်ကျလေလေ ပိုပြီးလိုင်းငြိမ် လာလေလေပဲဖြစ်ပါတယ်။ နေ့ဘက်မှာ လူအများသုံးနေတာမို့ ညဘက်လောက် ကောင်းလေ့မရှိပါဘူး။ နေ့ဘက်မှာ ဆို တစ်ခါတစ်လေ ဒေါင်းလုပ်ပြုလုပ်ရတာ သိပ်ပြီးအဆင်ပြေလေ့မရှိပါဘူး။ အထူးသဖြင့် ဖိုင်ဆိုဒ်ကြီးတဲ့ ရုပ်ရှင်လို အရာမျိုးဆိုရင် ပိုမိုကြာမြင့်တတ်ပါတယ်။ ညဘက်မှာတော့ လိုင်းကပိုငြိမ်လာပြီး အင်တာနက်အမြန်နှုန်းလည်းပိုမို မြန်ဆန်လာလေ့ရှိပါတယ်။

ဘယ်လိုင်းသုံးပြီး ဒေါင်းလုပ်ဆွဲရမလဲ

ဘယ်သူမဆို ဈေးသက်သာပြီး ကောင်းတာကိုပဲသဘောကျကြမှာ အသေအချာပါ။ မြန်မာနိုင်ငံမှာတော့ အင်တာနက် ကို ဖုန်းကဒ်တွေက တစ်ဆင့် အသုံးပြုတာပိုခေတ်စားပါတယ်။ Broadband လိုင်းတွေရှိပေမယ့် ဈေးကြီးလွန်းနေတာကြောင့် တပ်ဆင်နိုင်သူက နည်းပါးပါသေးတယ်။ ဒီတော့ ဖုန်းကဒ်က တစ်ဆင့်သုံးတာကိုပဲ ရွေးချယ်ကြရမှာပါ။ လတ်တလောမှာတော့ အသုံးပြုသူတွေကြားထဲရေပန်းစားနေတဲ့ Ooredooက ညဘက်အသုံးပြုသူတွေအတွက် ဈေးလျော့ပေထားတဲ့ Night Packs ဆိုတဲ့ ပရိုမိုးရှင်း တစ်ခုရှိနေပါတယ်။ 1MB ကို ၁ကျပ် အောက်နည်းတဲ့ ဈေးနှုန်းနဲ့မို့ဒေါင်းလုပ်ဆွဲချင်သူတွေအတွက်တော့ မျက်စိကျစရာပါ။ ဒေါင်းလုပ်ဆွဲချင်တဲ့သူတွေအတွက် နောက်ထပ် ပရိုမိုးရှင်းတစ်ခုက 130GB ကို ၉၉,၉၉၉ကျပ်နဲ့ဈေးလျော့ပေးနေတာပဲဖြစ်ပါတယ်။ *140# နှိပ်ပြီး ၀ယ်ယူလို့ရပါတယ်။နောက်ပြီးတော့လဲ ပေါင်းကူးဒေတာ Pack အစီအစဉ်ကြောင့် သုံးလို့မကျန်သေးတဲ့ ဒေတာတွေကို နောက်လမှာဆက်သုံးလို့ရပါသေးတယ်။ မိမိက ဒေါင်းလုပ်ပြုလုပ်ရတာ နှစ်သက်တဲ့ သူတစ်ယောက်ဆိုရင်တော့ မြန်မာနိုင်ငံက နာမည်ကြီး Operatorတွေရဲ့ ပရိုမိုးရှင်း အစီအစဉ်တွေကို အမြဲနားစွင့်နေသင့်ပါတယ်။ ဒါမှသာ ဈေးသက်သာစွာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဥပမာ Ooredoo ဆိုရင် သူတို့ရဲ့ ပရိုမိုးရှင်း အစီအစဉ်တွေကို ဒီနေရာမှာ ဖော်ပြပေးထားပါတယ်။

ဘယ်နေရာတွေမှာ ဒေါင်းလုပ်ဆွဲရမလဲ?

လူအများစု ဒေါင်းလုပ်ဆွဲကြတာကတော့ Apps၊ သီချင်း၊ ရုပ်ရှင်၊ စာအုပ် စတာတွေဖြစ်ပါတယ်။ Apps အတွက်
ဆိုရင်တော့ Google Playstore, 1Mobile Market စတဲ့နေရာတွေမှာ အလွယ်တကူ ဆွဲနိုင်ပါတယ်။ သီချင်း
နှင့် MTV တွေအတွက်ကတော့ My Music ဆိုတဲ့ App လေးက အရမ်းအသုံးဝင်ပါတယ်။ MP3 ပဲဒေါင်းလုပ်
ဆွဲနိုင်သလို MTV တွေလည်း ဒေါင်းလုပ်ပြုလုပ်နိုင်ပါတယ်။ နိုင်ငံတကာသီချင်းတွေထက် မြန်မာသီချင်းတွေကိုပဲ
ကြိုက်နှစ်သက်တယ်ဆိုရင်တော့ mJamsဆိုတဲ့ Appလေးကို ဒေါင်းလုပ်ဆွဲထားပြီး ရှာဖွေနားထောင်နိုင်ပါတယ်။
ရုပ်သံဇာတ်လမ်းတွဲတွေဆိုရင်တော့ http://www.todaytvseries.com တို့လို ဝက်ဘ်တွေမှာ ဒေါင်းလုပ်
ဆွဲနိုင်သလို ရုပ်ရှင်များကိုတော့ http://300mbmovies4u.net အပြင် အခြားဝက်ဘ်ဆိုဒ်များစွာမှာလည်း
ဒေါင်းလုပ်ပြုလုပ်နိုင်ပါတယ်။ Ebookများကိုတော့ http://manybooks.net မှာလည်း ဒေါင်းလုပ်ပြုလုပ်
လို့ရပါတယ်။ ကဲ အလန်းဆုံး Promotion Package ကို အသုံးပြုပြီး စိတ်ကြိုက်သာ ဒေါင်းလုပ်ဆွဲပေတော့
Shwemom စာဖတ်ပရိသတ်ကြီးရေ။

Credit: Shwemom