hater-dating-app-

အောင်သွယ်တော်လုပ်ပေးတဲ့ dating services အများစုဟာ အကြိုက်ချင်း တူတဲ့လူနှစ်ယောက်ကိုသာ အောင်သွယ်လုပ်ပေးတာများပါတယ်။ဒါပေမယ့် Hater လို့ခေါ်တဲ့ဒီ App ကတော့ အဲ့ဒီစိတ်ကူးကို လုံးဝပြောင်းပြန်လှန်ပစ် လိုက်ပြီး မကြိုက်တာခြင်း၊မုန်းတာခြင်း တူတဲ့သူကို ရှာပေးတာဖြစ်တာကြောင့် သူ့ရဲ့အချစ်ရှာပုံတော်ကတော့ တမူထူးခြားပါတယ်။https _blueprint-api-production.s3.amazonaws.com_uploads_card_image_370172_1c97a9dd-1a97-42e0-99ca-9ee0d8fcff25
ဖန်တီးခဲ့သူကတော့ Brendan Alper ဆိုသူဖြစ်ပါတယ်။သူဟာ Goldman Sachs ကနေအလုပ်ထွက်လာခဲ့သူပါ။အစပိုင်းမှာတော့ ဒီApp ကိုဟာသ တစ်ခုအနေနဲ့ဖန်တီးခဲ့တာပါ။ဒါပေမယ့်နောက်ပိုင်းမှာတော့ တကယ့် dating app တစ်ခုအဖြစ်ဖန်တီးဖို့ စိတ်ပါသွားခဲ့ပါတယ်။တစ်ချို့သော သိပ္ပံဆိုင် ရာ လေ့ လာတွေ့ရှိချက်တွေကို သူ့ရဲ့ဝမ်းတွင်းသိနဲ့အတည်ပြုပြီး တကယ်အသက်သွင်းဖို့ စိတ်ကူးရခဲ့တာပါ။(၂၀၁၆)ဒီဇင်ဘာလမှာတော့ Hater App ကို စတင်စမ်း သပ်အသုံးပြုခဲ့ပါတယ်။ iOS နဲ့ Android နှစ်မျိုးလုံးမှာ ဖေဖော်ဝါရီ(၈)ရက်က စပြီး အသုံးပြုလို့ရနိုင်ပါပြီ။ဒါကြောင့် ကိုယ်မုန်းတဲ့အရာတွေကို ကိုယ့်ရဲ့အချစ်စစ် ကို ရှာပေးမယ့် မြှားနတ်မောင်အဖြစ် အသုံးချလိုက်ပါ။hater-dating-app2
ဘာကိုမုန်းသလဲဆိုတာဟာ အရေးကြီးဆုံးဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် သူဘာကို မကြိုက်လဲဆိုတာကို သိထားမှ စကားပြောလို့ ပိုအဆင်ပြေမယ်ဆိုတဲ့ အတွေးနဲ့ဖန်တီးခဲ့တာပါ။ဒီApp ဟာ inder (or) Bumble တို့နဲ့ functions ကတော့ အတူတူပါပဲ။ထူးခြားတာကတော့ အကြိုက်တွေကို ဖလှယ်ရမှာမဟု တ်ပဲ မကြိုက်တာတွေကို ဖလှယ်ရမှာဖြစ်ပါတယ်။မကြိုက်ဘူး..ဆိုတာကနေ ကြိုက်တယ်ဆိုတဲ့ အဆင့်ဆိုပြီး အဆင့်ကို သတ်မှတ်ထားပေးပါတယ်။Hater app က ဒီအချက်တွေကိုယူထားပြီး သင်နဲ့မကြိုက်တာခြင်းတူတဲ့သူ၊နေရာ Location ခြင်းတူတဲ့သူကို ရှာပေးမှာဖြစ်ပါတယ်။စမ်းသပ်အသုံးပြုစဉ်ကာ လကလည်း အသုံးပြုသူတွေထံကနေ feedback ကောင်းကောင်းတွေရ ထားတယ်လို့ သိရပါတယ်။အမုန်းက တစ်ခါတစ်လေ လူတွေကို ပိုနီးစပ်ကောင်း နီးစပ်သွားစေနိုင်ပါတယ်။hater-app
Ref;odditycentral

Credit: Shwemom