ဟေလီဘောဝင်းနဲ့ မက်ဒီဆင်ဘီယာတို့ ဖြစ်ပါတယ်။

ဂျက်စတင်ဘီဘာရဲ့ ရည်းစားဟောင်းနှစ်ဦးဖြစ်တဲ့ ဟေလီဘောဝင်းနဲ့ မက်ဒီဆင်ဘီယာတို့ဟာ တစ်ယောက်လက်ကို တစ်ယောက်ဆွဲပြီး နယူးယော့ခ်မှာ ညဘက်အတူ လျှောက်လည်နေကြတာကို မြင်တွေ့လိုက်ရပါတယ်။

နှစ်ဦးစလုံးဟာ တစ်ယောက်တစ်မျိုးစီ အလှသွေးကြွယ်နေကြပြီး အသက် ၂၀ အရွယ် ဟေလီဘောဝင်းက သူမရဲ့သွယ်လျတဲ့ ပေါင်တံအလှကို အနက်ရောင် မွှေးပွ ဝတ်စုံတိုလေးဝတ်လို့ ဖော်ပြထာားပြီး အသက် ၁၇ နှစ်အရွယ် မက်ဒီဆင်ကတော့ Crop Top အဖြူလေးကို ပေါင်အထိခွဲထားတဲ့ စကတ်ရှည်လေးဝတ်လို့ ယဉ်စစနဲ့ လှနေပါတယ်။
ဟေလီဘောဝင်းဟာ ဂျက်စတင်ဘီဘာရဲ့ ငယ်သူငယ်ချင်းဖြစ်ပြီး ၂၀၁၆ ခုနှစ်က တွဲခဲ့ဖူးကြပါတယ်။ ရိုမန်တစ်ဆန်ဆန်တွေ သိပ်စိတ်မဝင်စားလှတဲ့ ဟေလီဟာ ဂျေဘီနဲ့ လမ်းခွဲလိုက်ကြပေမဲ့ သူငယ်ချင်းတွေအဖြစ် ဆက်လက်ရှိနေသေးတယ်လို့ ဆိုပါတယ်။

အဆိုတော် မက်ဒီဆင်ကိုတော့ ဂျေဘီက မြေတောင်မြှောက်ပေးခဲ့တာပါ။ ဂျေဘီက သူမသီချင်းသီဆိုထားတဲ့ ဗီဒီယိုလင့်ခ်ကို တွစ်တာကနေ မျှဝေခဲ့ပြီးတဲ့နောက် သူမ နာမည်ရလာခဲ့တာ ဖြစ်ပါတယ်။
“ဂျက်စတင်က အရမ်းအလုပ်များတော့ အမြဲတမ်း သူ့ရဲ့အာရုံစိုက်မှုအပြည့် ရရှိဖို့က ခက်ခဲတယ်” လို့ မနှစ်က သူမ ပြောခဲ့ဖူးပါတယ်။

Source & Photos : Daily Mail

Credit: Duwun