၁. ချစ်တင်းနှောဖို့အတွက်လား

သူ့ကိုစိတ်ဝင်စားတာက ကိုယ်လက်နှီးနှောဖို့အတွက်ပဲလား။ အချိန်တစ်ခုကုန်လွန်ပြီးနောက်ပိုင်းမှာ ငြီးငွေ့ပြီး အသစ်ရှာမှာသေချာသလောက်ပါပဲ ။ ဒီလိုအကြောင်းပြချက်နဲ့တစ်ဖတ်သားကိုလှည့်စားတာဟာ လုံးဝမသင့်တော်တဲ့အပြုအမူပါ။

၂. သူမသိစေချင်တဲ့အကြောင်းအရာတွေရှိလား
လျှို့ဝှက်ချက်တွေရှိတဲ့အခါမှာ ယုံကြည်မှုတွေလဲရှိတော့မှာမဟုတ်ပါဘူး။ ယုံကြည်မှုကိုရယူဖို့ အမှန်တရားတွေကိုဖုံးကွယ်ထားရတာလဲမဖြစ်သင့်ပါဘူး။

၃. အချိန်အကြာကြီးတွဲလာတဲ့ လက်ရှိချစ်သူရှိနေလား
ရှိတယ်ဆိုရင်တော့ လက်ရှိချစ်သူအပေါ်မှာသစ္စာရှိနေသင့်ပါတယ်။ အခုမှတွေ့တဲ့သူကိုရွေးမိရင်တော့ တစ်ယောက်အကြောင်းတစ်ယောက်မသိတဲ့အတွက် အချိန်တိုတွင်းမှာလမ်းခွဲရနိုင်ပါတယ်။

၎. ဂရုစိုက်ခံခြင်းစိတ်နဲ့ မနာလိုဝန်တိုစိတ်များလွန်းနေလား
သူများအတွဲတွေကိုကြည့်ပြီး ကိုယ်ပါဂရုစိုက်ခံခြင်းစိတ်၊ တစ်စုံတစ်ယောက်ကိုမနာလိုလို့ အပြိုင်အဆိုင်စိတ် ဒီလိုစိတ်မျိုးကိုအခြေခံပြီး တွေ့ရာလူကိုလက်မတွဲသင့်ပါဘူး။

၅. သူဟာကိုယ့်မျက်လုံးထဲမှာ အထင်ကြီးစရာကောင်းလောက်အောင် ပြီးပြည့်စုံနေလား
ဒီအချက်ကြောင့် သူကိုချစ်မိတယ်လို့ထင်သွားရင် သူ့ရဲ့ဆိုးဆိုးရွားရွားအားနည်းချက်တွေကို လက်ခံမှာမဟုတ်ပါဘူး။ ပြီးပြည့်စုံတယ်လို့မြင်တာကလဲ ကိုယ့်ရဲ့တစ်ဖတ်သတ်မျှော်လင့်ချက်ကြောင့် သာမြင်နေရခြင်းဖြစ်ပါတယ်။ ချစ်သူအစစ်အမှန်တွေကြားမှာတော့ အထင်ကြီးမှုအစားအပြန်အလှန်လေးစားမှု ကနေရာယူပါလိမ့်မယ်။

ဒီမေးခွန်းတွေကိုရိုးရိုးသားသားဖြေဆိုပြီးတဲ့နောက်မှာ အဖြေတွေအကုန်လုံးက Yes ဖြစ်နေခဲ့ပြီဆိုရင်တော့ သင် သူ့ကိုချစ်တာမဟုတ်သေးပါဘူး။ ဒါဟာစိတ်ကစားပြီး စွဲလမ်းမှုသက်သက်သာဖြစ်ပါတယ်။

နှင်းပွင့်
#HninPwint #ProspectMyanmar #Relationship