madres_ejercen_mas_violencia_psicologica

“သားသေချာနားထောင်နော် သားအမေကိုတော့ပြန်မပြောနဲ့နော်” အဲဒီစကားကစပြီး အဖေက ကျွန်တော့်ကို စပြောပါတော့တယ် “သားရဲ့ အမေကလေ ဖေကိုမချစ်ပဲ ယူခဲ့ရတော့ ဖေ့ကို ဂရုမစိုက်ဘူး မချစ်ဘူး ဒါကြောင့်ဖေက အမြဲတမ်း သားအမေကို အိမ်ထဲမှာပိတ်ထားတာလေ” ကျွန်တော့်ရဲ့ အဖေ အရက်သောက်ပြီးတိုင်းပြောနေကျစကားတွေပေါ့ ဖေနဲ့မေရန်မဖြစ်ချင်တဲ့အခါပေါ့ ကျွန်တော် နားထောင်ပြီးရင် ကျွန်တော့်ရင်ထဲမှာပဲ သိမ်းထားရတယ် …….

“သားသေချာနားထောင်နော် သားအဖေကိုတော့ပြန်မပြောနဲ့နော်” အမေက ပြောပြရော “သားသိလား သားရဲ့ အဖေက အမေကို ချစ်လို့ ခိုးပြေးတယ်လဲပြောသေးတယ် မေကို အိမ်ထဲမှာပိတ်ထားတယ် မူးလာရင်လဲရိုက်တယ် အမြဲလဲ သ၀န်တိုတယ် မေမပျော်ဘူး ဒီအိမ်ထဲက ထွက်ပြေးချင်တယ် ” မေကို အဖေက ရိုက်တိုင်း အမေငိုပြီးပြောတဲ့စကားလေ ကျွန်တော်ဖေကိုလဲ ပြန်မပြောရဲ့ဘူး ……

ကျွန်တော်အမြဲတမ်း ဖေ နဲ့ မေရဲ့ စိတ်ထဲ အလိုမကျတာတွေ ရင်ဖွင့်တာတွေကို နားထောင်ပေးရတယ် ကျွန်တော်နားမလည်တာတွေကိုကော ဘယ်သူက ရှင်းပြပေးမှာလဲဟင် ကျွန်တော်တကယ်နားမလည်တာပါ “ဖေက မေကို ချစ်တယ်ဆိုပြီး ဘာလို့ အမြဲ ရန်ဖြစ် ရိုက်နှက်နေတာလဲ” ပြီးတော့ ” မေကကော ဘာလို့ ကျွန်တော့ကို ထားပြီးထွက်ပြေးမယ်လို့ ချည်းပြောနေတာလဲ” ကျွန်တော်အရမ်းသိချင်တာပဲ …..

ပြီးတော့ ဖေနဲ့ မေက ဘာလို့ ကျွန်တော့်ကို မချစ်တာလဲဟင် ကျွန်တော်မချစ်ဘူးလို့ ခံစားရတယ် သူတို့ လိုမှ သားရေလို့ ခေါ်ပြီးရင်ဖွင့်တယ် မလိုတဲ့အချိန်ဆို ကျွန်တော်ကို နေကောင်းရဲ့လား စားပြီးပြီလား ဆိုတာတောင် မသိကျဘူး ကျွန်တော်ပြောချင်တာတွေကိုကော ကျွန်တော် ဘယ်သူ့ကို ပြောရမလဲ အခုကျွန်တော့်ဘ၀က ဘာနဲ့တူနေလဲဆိုတော့ နားတော့ထောင်လို့ရတယ် ပြောခွင့်မရှိတဲ့လူလိုဖြစ်နေတော့ “ကျွန်တော့်ရင်ထဲက ဒဏ်ရာတွေ ခံစားချက်တွေကို ဘယ်သူ့ကို သွားပြောရမှာလဲဟင် ကျွန်တော် မျက်လုံးထဲက မထွက်တဲ့ မြင်ကွင်းတွေကိုကော ဘယ်လို ဖျောက်ဖျက်ပြစ်ရမလဲ” ………

အခုကျွန်တော့်ကို ပတ်ဝန်ကျင်ကပြောကျတယ် ပြန်မပြောနားမထောင်လေးတဲ့ ကျွန်တော်နေတတ်သလိုနေတာကို ဘာလို့ ပြောနေကျတာလဲဟင် ကျွန်တော်အိမ်ထဲမှာအဲလိုပဲ နေခဲ့ရတာလေ အပြင်ထွက်တော့ ပတ်ဝန်ကျင်နဲ့ ဘယ်လိုဆက်ဆံရမလဲ နားမလည်တာပါ အိမ်မှာတုန်းကို နားပဲ ထောင်ရပြီးပြန်မပြောရဘူးလို သိထားတော့ပြောကို မပြောတတ်တော့တာဆိုတာကို ဘယ်လိုပြောပြရင်ကောင်းမလဲ ကျွန်တော်ကိုနားလဲပြောမယ့် ကျွန်တော့်ပြောချင်တာတွေကို ပြောနိုင်ဖို့ ကျွန်တော်အတွက် စစ်မှန်တဲ့လူတစ်ယောက်တကယ်လိုချင်တာပါ ………

ခလေးရဲ့စိတ်ကို ခံစားနားလည်နိုင်ပါစေ
နှင်းဆီဖြူ
( Myanmar latest news)