ဂျက်စတင်ဘီဘာ

အသက် ၂၂ နှစ်အရွယ် ဂျက်စတင်ဘီဘာဟာ ဖျော်ရည်တစ်ခွက်သောက်ရင်း သူ့ကားဆီကို လှမ်းလျှော်ကလာစဉ်မှာ စတိုင်ကျနေတယ်လို့ ထင်ရပေမဲ့ အားလုံးက သူ့ရဲ့ ဒေါ်လာ ၇၀၀ တန် ဘောင်းဘီမှာ ထင်ထင်ရှားရှားပေါ်နေတဲ့ အကွက်တစ်ကွက်ကို သတိမပြုဘဲ မနေနိုင်ကြပါဘူး။

ဘီဘာ့ကြည့်ရတာတော့ သူ့ရဲ့ Range Rover ကားဆီကို ရေကြီးသုတ်ပြာ သွားနေတဲ့ပုံတောင် မပေါက်ဘဲ အေးအေးဆေးဆေးရှိလှပါတယ်။ဂျေဘီဟာ ဘောင်းဘီထဲ ရှူးပေါက်ချပေမဲ့ အဲဒါကို လုံးဝဂရုမစိုက်တဲ့အတွက် လေးစားကြောင်း တွစ်တာက ပရိသတ်အများစုက ပြောဆိုနေကြပါတယ်။

ဒါပေမဲ့ ဂျေဘီ အဲဒီလို လုပ်တာ ဟုတ်ချင်မှ ဟုတ်မှာပါ။ သူသောက်နေတဲ့ အချိုရည် မှောက်သွားတာလည်း ဖြစ်နိုင်ပါတယ်။
ဂျေဘီ နွားနို့သောက်ခဲ့တဲ့ ဖန်ခွက်တစ်ခွက်ကို မဆေးဘဲ eBay မှာ ရောင်းချခဲ့တာ ပေါင် ၆၆,၀၀၀ (မြန်မာငွေ သိန်းတစ်ထောင်ကျော်) နဲ့ ရောင်းချခဲ့ရဖူးလေတော့ ဒီဘောင်းဘီကို မလျှော်ဘဲရောင်းမယ်ဆိုရင် ဘယ်လောက်တောင်ပေးပြီး ဝယ်ကြမလဲ မသိပါဘူး။
မြန်မာငွေကျပ် သိန်းတစ်ထောင်ကျော် ပေးဝယ်မယ့်သူရှိနေတဲ့ ဂျက်စတင်ဘီဘာရဲ့နွားနို့ခွက်

ဘောင်းဘီကွက်နေရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး မေးမြန်းဖို့ ဂျေဘီရဲ့ ကိုယ်စားလှယ်တွေကို Metro က ဆက်သွယ်ထားတယ်လို့ သိရပါတယ်။
Source & Photos : Metro

Credit: Duwun