အာင်မင်္ဂလာကားဝင်းက ဆွေညီနောင် စတိုးမှာ အလုပ်လုပ်ကိုင်တဲ့ ဆိုင်အကူ ကလေး နှစ်ယောက် နှိပ်စက်မှုကို ဧပြီလ ၄ရက်နေ့မှာ စတင်ပြီး တရားစွဲတင်မယ်လို့ သိရပါတယ်။
အောင်မင်္ဂလာကားဝင်းက ဆွေညီနောင် စတိုးမှာ အလုပ်လုပ်ကိုင်တဲ့ ဆိုင်အကူ ကလေး နှစ်ယောက် နှိပ်စက်မှုကို ဧပြီလ ၄ရက်နေ့မှာ စတင်ပြီး တရားစွဲတင်မယ်လို့ သိရပါတယ်။
“အခြား လူမှုရေးအဖွဲ့အစည်းတွေလည်း တရားစွဲဆိုမှာပါ”လို့ တရားလိုအဖြစ် ဆောင်ရွက်တဲ့ ဒုရဲအုပ် ဟန်ကိုဦးက ပြောပါတယ်။
လက်ရှိအချိန်မှာ ကလေးငယ် နှစ်ယောက်ကို အင်းစိန်မြို့နယ် ရဲ့ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန မှာ စောင့်ရှောက်ထားတယ်လို့ သိရပါတယ်။ ကလေးငယ်နှစ်ဦးကို ညည်းပန်းနှိပ်စက်သူ မဖြူဖြူထွန်း(ခေါ်)မငယ်ကို ရာဇသတ်ကြီးပုဒ်မ- ၃၂၅၊ ၃၂၆ နဲ့ မင်္ဂလာဒုံမြို့နယ် တရားရုံးမှာ စတင် တရားစွဲတင်မယ်လို့ သိရပါတယ်။ မတ်လ ၂၈ရက်နေ့မှာ အဆိုပါအမှုကို လိုက်ပါကူညီခဲ့ကြတဲ့ သူတွေကို အနာဂတ်အလင်း ဗုဒ္ဓဘာသာအသင်းကနေ ဂုဏ်ပြုလက်ဆောင်ချီးမြှင့်မယ်လို့ သိရပါတယ်။
” အမှန်တော့ သူတို့တာဝန် သူတို့ ထမ်းဆောင်ပေမယ့်လည်း နောက်ပိုင်းမှာ ဒီလိုမျိုး ထဲထဲဝင်ဝင် တာဝန်ထမ်းဆောင်စေလိုတဲ့ ရည်ရွယ်ချယ်နဲ့ ဒီလိုမျိုး စီစဉ်ဖြစ်သွားတာပါ “လို့ အနာဂတ်အလင်းဗုဒ္ဓဘာသာလူငယ်အသင်းရဲ့ ဒုဥက္ကဌ ကိုတင်မောင်ထူး က ပြောပါတယ်။
ဆိုင်အကူ မိန်းကလေးနှစ်ယောက်မှာ ၁၀နှစ်အရွယ် မမေသဇင်နဲ့ ၁၂နှစ်အရွယ် မထက်ထက်ဇော်တို့ ဖြစ်ပြီး ဆွေညီနောင်စတိုးဆိုင်မှာ အလုပ်လုပ်ကိုင်ကြတာဖြစ်ပါတယ်။ မတ်လ ၁၂ရက်နေ့က အဲ့ဒီဆိုင်မှာ ဆိုင်အကူ ကလေးတွေကို နှိပ်စက်နေတယ်လို့ ရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့ပါတယ်။ အဲ့ဒါကြောင့် သွားရောက် ရှာဖွေ စစ်ဆေးခဲ့ရာ ကလေးနှစ်ယောက်လုံးဟာ ခန္ဓာကိုယ်အနှံ့ ဒဏ်ရာများစွာနဲ့ တွေ့ရှိခဲ့ပြီး ဆိုင်ပိုင်ရှင် မဖြူဖြူထွန်း(ခ)မငယ်ကို ဖမ်းဆီးခဲ့ပါတယ်။

Author – အောင်လေး
Credit: Kumudra