Image may contain: 1 person

မနှစ် နိုဝင်ဘာ အမေရိကန် ပွေဲ ရွေးကောက်ပွဲ မှာ ရုရှား ရဲ့ နှောင့်ယှက်မှုတွေ ရှိခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေကို တရားဝင် စုံစမ်းဖို့ ကွန်ဂရက် လွှတ်တော် ကော်မတီက သဘောတူလိုက်ပါပြီ။
လွှတ်တော်ရဲ့ ထောက်လှမ်းရေး ဆိုင်ရာ စုံစမ်းရေး အဖွဲ့က ဒေါ်နယ် ထရမ့် ရဲ့ မဲဆွယ်စည်းရုံးရေး အဖွဲ့နဲ့ မော်စကို တို့အကြား အဆက်အသွယ်တွေကို စေ့စေ့စပ်စပ် စစ်ဆေးမယ်လို့ ကော်မတီ အဖွဲ့ဝင်တွေက အတည်ပြု ပြောဆိုပါတယ်။
အခု အချိန်အထိ လွှတ်တော်က ရီပတ်ဘလစ်ကန် ဆီးနိတ် အမတ်တွေက ဒီမိုကရက်တစ်ပါတီရဲ့ ဒီကိစ္စ စုံစမ်းစစ်ဆေးဖို့ တောင်းဆိုချက်ကို သဘောတူဖို့ရာ ဝန်လေးနေပါတယ်။
အိမ်ဖြူတော် သမ္မတရုံးဘက်ကတော့ ရွေးကောက်ပွဲကာလတုန်းက စည်းမျဉ်းစည်းကမ်းနဲ့ မညီတာတွေ ဘာတခုမှ မလုပ်ခဲ့ဖူးဘူးလို့ ငြင်းဆိုထားပါတယ်။
ပြည်ထောင်စု စုံစမ်းစစ်ဆေးရေး အဖွဲ့ အက်ဖ်ဘီအိုင်နဲ့ ဆီးနိတ် လွှတ်တော် ထောက်လှမ်းရေး ကော်မတီတို့ဟာ ရွေးကောက်ပွဲမှာ ရုရှက ဝင်ရောက် စွက်ဖက်ခဲ့တယ်ဆိုတဲ့ ပြောဆိုချက်တွေကိုလည်း စုံစမ်းမှာပါ။ ရုရှကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆန်ခဲ့ပါတယ်။
အမေရိကန် ထောက်လှမ်းရေး အဖွဲ့တွေရဲ့ စုံစမ်းစစ်ဆေးတွေ့ရှိချက်တွေ အရ ဒီမိုကရက်တစ်ပါတီရုံးနဲ့ ထိပ်တန်း ခေါင်းဆောင်ပိုင်းရဲ့ အင်တာနက် အီးမေးလ်တွေကို ရုရှဘက်က အွန်လိုင်းကနေ တရားမဝင် ထိုးဖောက်ခဲ့တယ်၊ ဒါဟာ ရွေးကောက်ပွဲမှာ ထရမ့် အနိုင်ရအောင် အကူအညီပေးခဲ့ခြင်း ဖြစ်တယ်လို့ ကောက်ချက်ဆွဲ ခဲ့ပါတယ်။

Credit : BBC Burmese

https://www.facebook.com/bbcburmese/