ခြေထောက်
ခြေထောက် ချိတ်ပြီးထိုင်ရတာ ပိုအညောင်းပြေပြီးသက်တောင့်သက်သာရှိနိုင်တယ် ဆိုပေမယ့် ကျန်းမာရေးအတွက် ကောင်းရဲ့လား။ လူအတော်များများက ထိုင်လိုက်ပြီဆိုတာနဲ့ သည်ပုံစံနဲ့ အလိုလို ထိုင်မိလျက် သားဖြစ်တတ်ကြပါတယ်။ သည်အနေအထားက စမတ်ကျ၊ အဆင်ပြေနိုင်တယ်ဆိုပေမယ့် ခန္ဓာကိုယ်နဲ့ ကျန်းမာရေးအတွက်က ဆိုးရွားတဲ့ နောက်ဆက်တွဲပြဿနာတွေ ရှိလာစေနိုင်ပါတယ်။
၁။ ဒူးဆစ်အောက် ခြေထောက် အာရုံကြောအားနည်းထုံထိုင်းခြင်း
ပုံစံအနေအထားတစ်မျိုးတည်းမှာပဲ နာရီနဲ့ချီပြီးကြာအောင် ထိုင်ခဲ့ရင် ဒူးဆစ်အောက်က ခြေထောက်အာရုံကြောမှာ အားနည်းထုံထိုင်းပြီး လှုပ်ရှားမရဖြစ်လာစေနိုင်ပါတယ်။ အခုလိုခြေထောက်နှစ်ဖက် ချိတ်ပြီးထိုင်တာက သည်ဝေဒနာဖြစ်လာစေနိုင်ခြေအများဆုံး အချက်ဖြစ်ပါတယ်။
၂။ သွေးဖိအားမြင့်တက်စေနိုင်ခြင်း
ခြေထောက်ချိတ်ပြီးကြာကြာထိုင်မိတဲ့အခါ ခန္ဓာကိုယ်ရဲ့သွေးဖိအားကလည်း မြင့်တက်လာပါတယ်။ သွေးတိုးရောဂါ မရှိဘူးဆိုရင်တောင်မှ သည်အနေအထားမျိုးကိုရှောင်ရှားခြင်းအားဖြင့် ပိုကျန်းမာတဲ့ဘဝကို ရရှိနိုင်မှာဖြစ်ပြီး သွေးလည်ပတ်မှုနဲ့ဆိုင်တဲ့ရောဂါတွေ ကာကွယ်ပြီးသားဖြစ်စေနိုင်ပါတယ်။
၃။ တင်ပါးဆုံရိုး ဟန်ချက်မညီဖြစ်စေနိုင်ခြင်း
သည်လိုကြာကြာထိုင်တဲ့အခါ ပေါင်အတွင်းကြွက်သားတွေ တိုသွားစေပြီး အပြင်ကြွက်သားတွေရှည်လာစေနိုင်တာ ကြောင့် နောက်ဆုံးမှာ အရိုးအဆစ်တွေမှာ အနေအထားပျက်ယွင်းစေနိုင်ပါတယ်။
၎။ သွေးပြန်ကြောထုံးခြင်းနဲ့ ပင့်ကူသွေးပြန်ကြောလက္ခဏာဖြစ်စေနိုင်ခြင်း
သွေးပြန်ကြောထုံးခြင်းကို ဖြစ်စေနိုင်တဲ့ အဓိကပံ့ပိုးမှုအချက်က မျိုးဗီဇပါပဲ။ ဒါပေမယ့် မကြာခဏခြေထောက်ချိတ် ထိုင်တတ်တာကြောင့်လည်း သွေးပြန်ကြောတွေကို ဖိမိရာက ရောင်ရမ်းစေနိုင်ပါတယ်။ ဒါ့ကြောင့် ခြေထောက်မှာ သွေးယိုစေနိုင်ပြီး သွေးပြန်ကြောတွေရောင်ရမ်းစေနိုင်ပါတယ်။
၅။ ခါးကိုင်း၊ လက်ပြင်ကုန်းတဲ့ ကိုယ်နေဟန်ထား ရှိလာစေနိုင်
တစ်နေ့ကို သုံးနာရီကျော်အောင် ခြေထောက်ချိတ်ထားတဲ့ပုံစံနဲ့ထိုင်မိရင် နောက်ဆုံးမှာ အဲသည့်လူဟာ ခါးကိုင်းတဲ့ အနေအထားရှိလာနိုင်ပြီး ခါးအောက်ပိုင်းနဲ့ဇက်နာတာ၊ တင်ပါးဆုံမှာစူးအောင့်နာကျင်တာတွေ ဖြစ်လာနိုင် ပါတယ်။

Ref: CureJoy, Mar 13, 2017
YSD
Credit: Kumudra