သိကြားမင်းလက်နက်

ရန်​ကုန်​တိုင်း​ ဒေသကြီး သုံးခွ မြို့နယ်​ ၀ါးတစ်​ရွာ ​ကျေးရွာရှိ ​တောင်​သူ ဦးစိုင်း​အောင်​မြတ်​၏ လယ်​ကွက်​ထဲတွင်​ (၂၅.၃.၂၀၁၇) ​ရက်​​နေ့ မနက်​ သုံးနာရီ အချိန်​ခန့်​တွင်​ အချိန်​အခါမဟုတ်​ မိုးများသည်းထန်​စွာရွာသွန်းခဲ့ပြီး မိုးကြိုးများ အကြိမ်​​ပေါင်းများစွာ ပစ်​ချခဲ့​ကြောင်းသိရပါသည်​။ ထို့​နောက်​ အဆိုပါ လယ်​ကွက် ​ထဲသို့ သွား​ရောက်​ကြည့်​ရှုရာ လယ်​ကွက်​တစ်​ခုလုံး မည်းတူး​နေပြီး လယ်​ကွက်​ အလယ်​တည့်​တည့်​တွင် သိကြားမင်း၏ ၀ရဇိန်လက်နက်​များဖြစ်သည့်​​​​​​​ မိုးကြိုးစက်​ကွင်းနှင့်​ မိုးကြိုးသွားများအား ​တွေ့ရှိခဲ့ပါသည်​။
ထို့သတင်း​အတွက်​ Yangaon News သတင်းဌာန အထူးသတင်း​ထောက်​ ကိုရန်​​နောင်​စိုးမှ
ဦး​စိုင်း​​အောင်​မြတ်​အား ယခုလို ​သွား​ရောက်​​တွေ့ဆုံ​မေးမြန်းခဲ့ပါသည်​။
” အဘ မင်္ဂလာပါ…. ကျွန်​​တော်​က​တော့ Yangon News သတင်းဌာနက အထူးသတင်း​ထောက်​ ရန်​​နောင်​စိုး ပဲဖြစ်​ပါတယ်။ ဒီ မိုးကြိုးစက်​ကွင်းနဲ့မိုးကြိုးသွား​တွေကို အဘ ဘယ်​လို​တွေ့ခဲ့သလဲဆိုတာ​​လေး တစ်​ချက်​​လောက်​ ​ပြောပြ​ပေးပါ ခင်​ဗျာ”
“​အေး.. ဒီလိုကွယ့်​… အဲ့ဒီ​နေ့တုန်းက အဘတစ်​​ယောက်​ထဲ လယ်​​စောင့်​တဲမှာ အိပ်​တာ​လေ..မနက်​လင်းအားကြီး အချိန်​​လောက်​မှာ အဘလယ်​တစ်​ကွက်​ထဲ ကွက်​ပြီး မိုး​တွေ သည်းကြီးမည်းကြီး ရွာချတာ။ ပြီး​တော့ မိုးကြိုး​တွေဆိုတာလည်း အချက်​​ပေါင်း မ​ရေတွက်​နိုင်​​အောင်​ ပစ်​ချတာ။ အဘ လည်း အိပ်​လို့မရတာနဲ့ ထပြီး ပုတီးစိပ်​​နေတာ ကွယ့်​။သိပ်​မကြာဘူး နားထဲမှာ အသံသဲ့သဲ့တစ်​ခု အဘ အနားမှာ​ပေါ်လာတယ်​။ အဘလည်း ​သေချာနား​စွင့်​ကြည့်​လိုက်​​တော့…. ”
” လူ​လေး..ထထ … လူ​လေး တိုင်းပြည်​နဲ့လူမျိုးအတွက်​ရယ်​ အမျိုးဘာသာ သာသနာ အတွက်​ ကာကွယ်​​စောင့်​​ရှောက်​ဖို့ အချိန်​ကျပြီ။ လူ​လေးကို စိန္နဒက္ကူတိုင်းပြည်​က အစွမ်းထက်​ ၀ရဇိန်​ လက်​နက်​ သုံးခု​ပေးမည်​။ အဲ့ဒီ လက်​နက်​သုံးခုကို အသုံးချပြီး လူ​လေး တိုင်းပြည်​နဲ့လူမျိုးအတွက်​ ကာကွယ်​ပါ။ ဒီပစ္စည်း​ သုံးခုကို လူ​လေးရဲ့ လယ်​ကွက်​ထဲမှာ မနက်​သွားရှာပါ။ ​ပြီးရင်​ အဲ့တာကို အသုံးချပြီး တိုင်းပြည်​နဲ့လူမျိုးအတွက်​ရယ်​ အမျိုးဘာသာ သာသနာ အတွက်​ရယ်​ကို ကာကွယ်​ပါ.. လူ​လေး.. ” ဆိုတဲ့ အသံကြီးကို ပီပီသသ ကြားလိုက်​ရတယ်​ကွယ့်​…”
“ဟုတ်​ကဲ့ပါ အဘ.. ဒီ ပစ္စည်း​တွေရဲ့ အစွမ်းထက်​ပုံ​တွေနဲ့ အသုံးဝင်​ပုံ​တွေကိုလည်း ​ပြောပြ​ပေးပါလားခင်​ဗျာ.. အဘ သိသ​လောက်​​ပေါ့​နော်​..”
” မိုးကြိုးစက်​ကွင်းက အရမ်းအစွမ်းထက်​တယ်​ကွဲ့.. မိုးကြိုးစက်​ကွင်း ရှိတဲ့ရွာမှာ မီးထွန်းလို့လုံးဝ မရဘူး။ မီးမ​တောက်​ဘူး​ပေါ့ကွယ်​။ ​နောက်​ပြီး သဘာဝ​ဘေး အန္တရာယ်​ဆိုး​တွေ မကျ​ရောက်​ဘူး။ မည်​သည့်​ လက်​နက်​မှ ရွာ​ပေါ်ကို မကျ​ရောက်​ဘူး။
တောရိုင်း တိရစ္ဆာန်​​တွေ ရွာနားမကပ်​ရဲဘူး။ ရွာထဲမှာ အ​မှောင့်​ပ​ရောဂ အကုန်​​ပျောက်​တယ်​။အထူးခြားဆုံးက​တော့ မီးကွင်းတယ်​။ ဒါလက်​​တွေ့..။
မိုးကြိုးသွားက​တော့ ​ဆောင်​ထားတဲ့လူ ကျည်​ကွင်းတယ်​။ မီးကွင်းတယ်​။ တုတ်​၊ ဓါး လက်​နက်​ အကုန်​ပြီးတယ်​။ ​သေနတ်​နဲ့ ပစ်​ရင်​ ကျည်​မထွက်​ဘူး။ ​သေနတ်​မီး မကူးဘူး။
မိုးကြိုးသွား​ဆောင်​ထားတဲ့လူကို ဓါးနဲ့ခုတ်​ရင်​ ဓါးပဲ အသွားလိပ်​သွားမယ်​ အခုတ်​ခံရတဲ့လူက ပွန်းပဲ့ရာ​တောင်​ မဖြစ်​ဘူး။
ကြေးမိုးကြိုးသွားဆို​ ​ဆောင်​ထားတဲ့လူက ကံငါးပါးလုံပြီး သီလ သမာဓိ သစ္စာ ရှိရင်​ ကိုယ်​ပါ ​ဖြောက်​လို့ ရတယ်​။ ​​​မြေရှိုးပြီး မိုးပျံနိုင်​တယ်​ ကွဲ့…”
” တကယ်​ အစွမ်းထက်​တာပဲ အဘရယ်​…ဒါနဲ့ ဒီ ပစ္စည်း​တွေရဲ့ အစွမ်းကို အဘ စမ်းသပ်​ကြည့်​ပြီးပြီလား ခင်​ဗျာ..”
” ​သေနတ်​နဲ့​တော့ မစမ်းသပ်​ကြည့်​ရ​သေးဘူး ငါ့တူရဲ့..ဒါ​ပေမဲ့ အဘတို့ ဒီပစ္စည်း​တွေကို ရွာထဲက မီးစက်​​ပေါ်တင်​ကြည့်​တာ မီးစက်​ကြီး​ ချက်​ချင်းရပ်​သွားတယ်​။ ​ထော်​လာဂျီ အင်​ဂျင်​​ပေါ်တင်​ကြည့်​တာ လည်း အတူတူပဲ။ ​နောက်​​တော့ မီးပုံကြီး တစ်​ခုလုပ်​ပြီး ဒီပစ္စည်း​​တွေကို ပစ်​ထည့်​ကြည့်​တာ ချက်​ချင်း မီး​တောက်​ကြီး ဟုတ်​ကနဲပဲ ငြိမ်းသွားတယ်​။ ဂွမ်းစတစ်​စ အဲ့အ​ပေါ်တင်​ပြီး မီးရှို့ကြည့်​ မီးလုံးဝ မ​တောက်​ဘူး။ မိုးကြိုးသွား ကိုင်​ထားတဲ့ လူကို ဓါးနဲ့ ၀င်​ခုတ်​တာ ဓါးပဲ အသွားလိပ်​သွားတယ်​ လူက ဘာမှမဖြစ်​ဘူး။ ထူးဆန်းလွန်းလို့ အဘ တို့​တောင်​ အံ့သြ​နေတာ.. ​နောက်​ထပ်​ စမ်းသပ်​ချက်​​တွေက​တော့ ​သေနတ်​နဲ့ပဲ ကျန်​​တော့တယ်​.. ​လော​လောဆယ်​​တော့ အဘ တို့ စမ်းသပ်​ထားတာ ဒီ​လောက်​ပါပဲ…”
” အဘ ဒါ​တွေက ​ရောင်းလို့ရတယ်​ ​ပြောကြတယ်​..
ဒါနဲ့ ပက်​သက်​ပြီး​တော့​ကော အဘ အ​နေနဲ့ ဘာများ​ပြောချင်​ပါသလည်း ခင်​ဗျာ..”
” ဟုတ်​ပါတယ်​.. အခု​လော​လောဆယ်​​တောင်​ တရုတ်ပြည်​ဖက်​က ပွဲစားအချို့က စစ်​​ဆေးပြီး သ​ဘောကျလို့ သိန်း​ထောင်​ချီ​ပေးမည်​ဆိုပြီး ​ဈေး​ခေါ်​နေပါတယ်​။ အဘ က​​တော့ ​ရောင်းဖို့ မစဉ်းစားထားပါဘူး.. ဒီ ပစ္စည်း​တွေကို တိုင်းပြည်​နဲ့ အမျိုးဘာသာ သာသနာ ကို​စောင့်​​ရှောက်​​နေတဲ့ လူငယ်​​လေး​တွေကို ​ပေးအပ်​ပြီး နိုင်​ငံနဲ့ ဘာသာ သာသနာ အတွက်​ တာဝန်​​ထမ်း​ဆောင်​ခိုင်းမှာ ဖြစ်​ပါတယ်​….”
” ဟုတ်​ကဲ့ပါ အဘ … အဘရဲ့ ခုလို မွန်​မြတ်​တဲ့ စိတ်​ဓာတ်​ကို ကြားသိခွင့်​ရတာ ၀မ်းသာမိပါတယ်​.. ခုလို​ဖြေကြား​ပေးမှုအတွက်​လည်း Yangon News မှ ​ကျေးဇူးတင်​ပါတယ်​ ”
” ​အေး..​အေး.. ​ရပါတယ်​ ငါ့တူရယ်​.. အဘ ကလည်း ​ကျေးဇူးပါပဲ”
ဆက်​လက်​၍ အထူးသတင်းထောက်​ ကိုရန်​​နောင်​စိုးမှ မိုးကြိုးစက်​ကွင်းနှင့်​ မိုးကြိုးသွားများအား လက်​​တွေ့စမ်းသပ်​သည့်​အ​နေဖြင့်​ အသင့်​ပါလာ​သော ဂျာမနီလုပ်​ 9mm (​ဂျေဒီ) ပစ္စတို​သေနတ်​ဖြင့်​ ချိန်​ရွယ်​ကြည့်​ရာ ထူးဆန်းစွာပင်​ လက်​ထဲမှ ​သေနတ်​မှာ ကျည်​လုံးမထွက်​ဘဲ ​​သေနတ်​​မောင်းမှာလည်း လုံးဝဆွဲမရ​ကြောင်း သိရှိရပါသည်​။
လက်​ရှိတွင်​ အဆိုပါ မိုးကြိုးစက်​ကွင်းနှင့်​ မိုးကြိုးသွားများအား ​ရန်​ကုန်​တိုင်း​ဒေသကြီး သုံးခွမြို့နယ်​ ၀ါးတစ်​ရာ​ကျေးရွာရှိ ​တောင်​သူ ဦးစိုင်း​အောင်​မြတ်​၏ ​နေအိမ်​တွင်​ ပြသထားပြီး လာ​ရောက်​ကြည့်​ရှုသူများဖြင့်​ အထူးစည်​ကားလျက်​ရှိ​ကြောင်း အထူးသတင်း​ထောက်​ ကိုရန်​​နောင်​စိုးက Yangon News ရုံးချုပ်​သို့ သတင်း​ပေးပို့ထားပါသည်​။
သတင်းအတွက်​ ဓါတ်​ပုံများ ကူညီပံ့​ပိုး​ပေးပါ​သော အဘ စိုင်း​အောင်​မြတ်​၊ အထူးသတင်း​ထောက်​ ကိုရန်​​နောင်​စိုးတို့အား အထူး​ကျေးဇူးတင်​ရှိပါသည်​။

ပုံ (၁) သိကြားမင်း ၀ရဇိန်​လက်​နက်​ မိုးကြိုးစက်​ကွင်း
ပုံ (၂) အစွမ်းထက်​ ​ကြေးမိုးကြိုးသွား
ပုံ (၃) ​ကျောက်​မိုးကြိုးသွား
ပုံ (၄) ​တောင်​သူ အဘ စိုင်း​အောင်​မြတ်
ပုံ (၅) လက်​​တွေ့စမ်းသပ်​ခဲ့သူ
အထူးသတင်း​​ထောက်​ ကိုရန်​​နောင်​စိုး

Credit : Yangon News