ပြီးခဲ့သည့် နှစ်တစ်နှစ် တည်းတွင် ဖြစ်ပွား ခဲ့သည့် အဖြစ်အပျက် များကို ကြည့်ရှု သုံးသပ်ခြင်း အားဖြင့် အင်တာနက် ၏ အနာဂတ် သည် ပျက်စီးရာ ပျက်စီးကြောင်း တို့ဖြင့် ပြည့်နှက် နေကြောင်း World Wide Web (WWW.) စနစ်ကို တီထွင်သူ Tim Berners Lee က WWW. ၏ (၂၈)နှစ်ပြည့် နှစ်ပတ် လည်နေ့ အခမ်းအနား တွင် သတိပေး ပြောကြား လိုက်သည်။

”ပြီးခဲ့တဲ့ တစ်နှစ်မှာ ကျွန်တော် ဟာ စိုးရိမ်ဖွယ် ခေတ်ရေစီး ကြောင်း သုံးခုကို တွေ့ခဲ့ရ ပါတယ်။ အဲဒီ သုံးခု ကတော့ လူတစ်ယောက် ချင်းစီ၏ ပုဂ္ဂိုလ်ရေး အချက် အလက်တွေ၊ မလုံခြုံ တော့တာ၊ သတင်း အတု ထုတ် လွှင့်တာ၊ နိုင်ငံရေး မဲဆွယ် ကြော်ငြာတွေ ကို ကြီးကြပ် တည်းဖြတ် မှု ကင်းမဲ့တာ တွေဖြစ်ပြီး ဒီမိုကရေစီ ကိုခြိမ်းခြောက် နေတဲ့ အန္တရာယ်ဆိုး ကြီးတွေလို့ မြင်ပါတယ်။ ဒါတွေကို စနစ် တကျ မထိန်းချုပ် နိုင်ဘူး ဆိုရင် တစ်ကမ္ဘာလုံးက ကွန်ပျူတာတွေ ကိုတိုက်ရိုက် ချိတ်ဆက်ေ ပးတဲ့ WWW. ဆိုတဲ့ စနစ်ကြီး တစ်ခုလုံးရဲ့ အနာဂတ် ဟာလဲ ပျက်စီးမှု လမ်းစပေါ်ကို ရောက်ရှိနေပြီလို့ ဆိုနိုင်ပါ တယ်”ဟု TIm က ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Tim က Wikileak ကြောင့် ထိပ်တန်း လျှို့ဝှက် သတင်းများ ပေါက်ကြားပုံ၊ လွတ်လပ်စွာ ပြောဆို ခွင့်ကို အလွဲသုံးစား ပြုလုပ်ကာ အတိမ်း အစောင်း မခံသော ဘာသာ ရေးကိစ္စ၊ ကျန်းမာရေး ကိစ္စ၊ လိင်မှုကိစ္စ အစရှိသည် တို့ကို ထောက်ပြ ဝေဖန် ခဲ့ကြောင်း သိရသည်။

Credit : PyiChitThar